• Follow Us on

Home ဆိုလာဘတၳရီ အားသြင္းရာမွေပါက္ကြဲ၍ မီးေလာင္ကြၽမ္းမႈျဖစ္ပြား

ဆိုလာဘတၳရီ အားသြင္းရာမွေပါက္ကြဲ၍ မီးေလာင္ကြၽမ္းမႈျဖစ္ပြား

Share this post

ေရႊကူ၊ ဇန္နဝါရီ ၁၆

ေရႊကုၿမိဳ႕နယ္အတြင္းရွိ တစ္သွ်ဴးငွက္ေပ်ာစိုက္ခင္းတစ္ခုတြင္ ပစၥည္းသိုေလွာင္ ဂိုေဒါင္၌ အသုံးျပဳသည့္ ဆိုလာ ဘတၳရီကို အားသြင္းထားရာမွ ေပါက္ကြဲၿပီး မီးေလာင္ကြၽမ္းခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ကခ်င္ျပည္နယ္ ေရႊကူၿမိဳ႕နယ္၊ ေနာင္လက္ႀကီး ေက်းရြာ အုပ္စု၊ ဝင္ဝေက်းရြာရွိ ဂရင္းရဲတြဋ္ တစ္သွ်ဴးငွက္ေပ်ာစိုက္ခင္း အမွတ္ (၁၇)တြင္ ယေန႔ ဇန္နဝါရီ (၁၆)ရက္ နံနက္ ၁၁ နာရီခြဲအခ်ိန္ခန္႔က ပစၥည္းသိုေလွာင္ ဂိုေဒါင္တြင္ အသုံးျပဳသည့္ ဆိုလာဘတၳရီကို အားသြင္းထားရာမွ ေပါက္ကြဲၿပီး မီးေလာင္ကြၽမ္းခဲ့ရာ ေရႊကူၿမိဳ႕မရဲစခန္းမွ ေခတၱစခန္းမွဴး ရဲအုပ္ ရဲထြဋ္မင္း ဦးစီးတပ္ဖြဲ႕ဝင္မ်ား၊ ေရႊကူၿမိဳ႕နယ္ မီးသတ္ဦးစီးမွဴး ဦးမ်ိဳးေဇာ္သန္း ဦးစီး သေႏၶႏွင့္အရံမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ျပည္သူမ်ားမွမီးသတ္ယာဉ္ (၂)စီး၊ ေရသယ္ယာဉ္ (၁)စီးတို႔ျဖင့္ဝိုင္းဝန္းၿငိမ္းသတ္ရာ(၁၂)နာရီအခ်ိန္ခန္႔ တြင္ မီးၫႊန္႔က်ိဳးသြားခဲ့သည္။

ျဖစ္စဉ္ေၾကာင့္ လူ၊ တိရစၧာန္ ထိခိုက္ဒဏ္ရာေသဆုံးမႈမရွိေသာ္လည္း အလ်ား(၅၀)ေပ၊ အနံ (၂၀)ေပခန္႔ရွိ သြပ္မိုး၊ ထရံကာ၊ ေျမစိုက္(၁)ထပ္ ပစၥည္းသိုေလွာင္ ဂိုေဒါင္မွာ မီးေလာင္ဆုံးရႈံးခဲ့သည္။

ျဖစ္စဉ္ႏွင့္ပတ္သက္၍ ငွက္ေပ်ာစိုက္ၿခံ သုံးပစၥည္းမ်ားကို ေပါ႔ဆစြာထားျခင္းႏွင့္ ဆိုလာျဖင့္ ဘကၠရီအိုးအားအားသြင္းၿပီး ေပါ႔ဆစြာ အသုံးျပဳသူ ဂရင္းရဲထြဋ္ တစ္သွ်ဴးငွက္ေပ်ာစိုက္ခင္း တာဝန္ခံ ခင္ေမာင္ေလး (၅၈)ႏွစ္ အား ဥပေဒအရ အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

ခ်ိဳေမာင္

#peoplemedia #EPN

(unicode)
ဆိုလာဘတ္ထရီ အားသွင်းရာမှပေါက်ကွဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွား
………………………………………………………………….

ရွှေကူ၊ ဇန်နဝါရီ ၁၆

ရွှေကုမြို့နယ်အတွင်းရှိ တစ်သျှူးငှက်ပျောစိုက်ခင်းတစ်ခုတွင် ပစ္စည်းသိုလှောင် ဂိုဒေါင်၌ အသုံးပြုသည့် ဆိုလာ ဘတ္ထရီကို အားသွင်းထားရာမှ ပေါက်ကွဲပြီး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ နောင်လက်ကြီး ကျေးရွာ အုပ်စု၊ ဝင်ဝကျေးရွာရှိ ဂရင်းရဲတွဋ် တစ်သျှူးငှက်ပျောစိုက်ခင်း အမှတ် (၁၇)တွင် ယနေ့ ဇန်နဝါရီ (၁၆)ရက် နံနက် ၁၁ နာရီခွဲအချိန်ခန့်က ပစ္စည်းသိုလှောင် ဂိုဒေါင်တွင် အသုံးပြုသည့် ဆိုလာဘတ္ထရီကို အားသွင်းထားရာမှ ပေါက်ကွဲပြီး မီးလောင်ကျွမ်းခဲ့ရာ ရွှေကူမြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ် ရဲထွဋ်မင်း ဦးစီးတပ်ဖွဲ့ဝင်များ၊ ရွှေကူမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးဇော်သန်း ဦးစီး သန္ဓေနှင့်အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများမှမီးသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၁)စီးတို့ဖြင့်ဝိုင်းဝန်းငြိမ်းသတ်ရာ(၁၂)နာရီအချိန်ခန့် တွင် မီးညွှန့်ကျိုးသွားခဲ့သည်။

ဖြစ်စဉ်ကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာသေဆုံးမှုမရှိသော်လည်း အလျား(၅၀)ပေ၊ အနံ (၂၀)ပေခန့်ရှိ သွပ်မိုး၊ ထရံကာ၊ မြေစိုက်(၁)ထပ် ပစ္စည်းသိုလှောင် ဂိုဒေါင်မှာ မီးလောင်ဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ငှက်ပျောစိုက်ခြံ သုံးပစ္စည်းများကို ပေါ့ဆစွာထားခြင်းနှင့် ဆိုလာဖြင့် ဘက္ကရီအိုးအားအားသွင်းပြီး ပေါ့ဆစွာ အသုံးပြုသူ ဂရင်းရဲထွဋ် တစ်သျှူးငှက်ပျောစိုက်ခင်း တာဝန်ခံ ခင်မောင်လေး (၅၈)နှစ် အား ဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ချိုမောင်

#peoplemedia #EPN


Share this post