• Follow Us on

Home ဆီဆိုင်နှင့် ပင်လောင်းရှိ ကျေးရွာလေးခုတွင် နေရောင်ခြည်သုံး လမ်းမီးတိုင် (၁၇၀) ခုကျော် တပ်ဆင်ပေး

ဆီဆိုင်နှင့် ပင်လောင်းရှိ ကျေးရွာလေးခုတွင် နေရောင်ခြည်သုံး လမ်းမီးတိုင် (၁၇၀) ခုကျော် တပ်ဆင်ပေး

Share this post

နေပြည်တော်၊ မတ် ၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာလေးခုတွင် နေရောင်ခြည်သုံး လမ်းမီးတိုင် ၁၇၀ ခုကျော်ကို တပ်ဆင်ပေးခဲ့ကြောင်း UNHCR မှ ထုတ်ပြန်ထားသည်။

 

UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ပြီးခဲ့သည့်လက ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာလေးခုတွင် နေရောင်ခြည်သုံးလမ်းမီးတိုင် ၁၇၀ ခုကျော်ကို ဘေးကင်းလုံခြုံမှု ရရှိစေရန်နှင့် ညနေခင်းပိုင်းတွင်လူမှုရေးရာဆောင်ရွက်မှုများလုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်၍တပ်ဆင်ခဲ့‌ ကြောင်း သိရသည်။

 

အကူအညီလိုအပ်နေသည့်လူဦးရေ ၁၅၀၀ ကျော်သည် ယင်းကူညီပံ့ပိုးမှုမှတစ်ဆင့် အကျိုးခံစားခွင့်ရရှိခဲ့‌ ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 

#PeopleMedia


Share this post