• Follow Us on
Latest News

Home ဆီရီးယားလေကြောင်းရန်ကာကွယ်ရေးက နေရာအချို့တွင် အစ္စရေးတိုက်ခိုက်မှုအား တုံ့ပြန်

ဆီရီးယားလေကြောင်းရန်ကာကွယ်ရေးက နေရာအချို့တွင် အစ္စရေးတိုက်ခိုက်မှုအား တုံ့ပြန်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၉ (People Media)

 

ဆီးရီးယားနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးသည် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ဆီရီးယားကမ်းရိုးတန်း နှင့် နိုင်ငံအလယ်ပိုင်း Homs ပြည်နယ်တို့ရှိ နေရာများကို ပစ်မှတ်ထားသည့် အစ္စရေးတိုက်ခိုက်မှုအား တုံ့ပြန်ခဲ့ ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

 

အဆိုပါ တိုက်ခိုက်မှုသည် ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Tartus ပြည်နယ်အနီးရှိ ကမ်းရိုးတန်းဧရိယာ နှင့် Homs ပြည်နယ်အား ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း အေဂျင်စီက ဖော်ပြပြီး ယင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုနှင့် စစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

 

လေကြောင်းရန်ကာကွယ်ရေးစနစ်က အစ္စရေးဒုံးကျည်များအား ခြေရာခံနေချိန်တွင် ဒေသခံများက ပေါက်ကွဲသံ များအား ကြားခဲ့ရကြောင်း သိရသည်။

 

လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် လက်ဘနွန်လေပိုင်နက်အတွင်းမှ ပစ်ခတ်လာသည့် ဒုံးကျည်အ များစုကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

 

ဆီရီးယားနိုင်ငံရှိ စစ်ဘက်ဆိုင်ရာနေရာများအား ပစ်မှတ်ထားသည့် အစ္စရေးတိုက်ခိုက်မှုများတစ်လျှောက် ယခုတိုက်ခိုက်မှုသည် နောက်ဆုံးတစ်ခုဖြစ်သည်။ အများအားဖြင့် တိုက်ခိုက်မှုများသည် ဆီးရီးယားနိုင်ငံရှိ အီရန်တပ်စွဲထားသော နေရာများ သို့မဟုတ် လက်နက်များအား ပစ်မှတ်ထားကြောင်း အစ္စရေးတို့က ပြော ကြားခဲ့သည်။

 

အစ္စရေးတို့သည် အောက်တိုဘာလ ၃၀ ရက်တွင် ဆီးရီးယားမြို့တော် ဒမတ်စကက်စ်မြို့ရှိ စစ်ဘက်ဆိုင်ရာ နေရာများအား နောက်ဆုံးပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 

(Xinhua)

 



Share this post