• Follow Us on

Home ဆီသုံးစွဲမှုချွေတာနိုင်ရေးအတွက် လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထားများ ပြေးဆွဲနိုင်ရေး လုပ်ဆောင်မည်လို့  န-စ-က ဥက္ကဋ္ဌ ပြောဆို

ဆီသုံးစွဲမှုချွေတာနိုင်ရေးအတွက် လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထားများ ပြေးဆွဲနိုင်ရေး လုပ်ဆောင်မည်လို့  န-စ-က ဥက္ကဋ္ဌ ပြောဆို

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၀ (People Media)

 

မြန်မာနိုင်ငံတွင် ဆီဖူလုံမှုအားနည်းသောကြောင့် ဆီသုံးစွဲမှုများကို ချွေတာနိုင်ရေးအတွက် လျှပ်စစ်စွမ်းအားဖြင့် အသုံးပြုနိုင်သည့် သယ်ယူပို့ဆောင်ရေးနည်းလမ်းများဖြစ်သည့် လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေ အောက်ရထားများပြေးဆွဲနိုင်ရေး စဉ်းစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောကြားခဲ့သည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် စက်တင်ဘာလ ၁၉ ရက်နေ့၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား လားရှိုးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွဲရုံးတွင် တွေ့ဆုံပြီး အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင် နိုင်ငံတော်ကိုအုပ်ချုပ်ရာတွင် တစ်ဗိုလ်တစ်မင်းဖြစ်နေ၍မရနိုင်ဘဲ မှန်ကန်သည့်အဆင့်ဆင့် ကွပ်ကဲ အုပ်ချုပ်မှုရှိရမည်ဖြစ်ပြီး NLD အစိုးရလက်ထက်တွင် စစ်ဘက်အရပ်ဘက်ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ ကြောင်း စက်တင်ဘာ ၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ် ဌာနချုပ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်ပြီး တပ်မတော်အနေနှင့် ၂၀၁၁ ခုနှစ် ဒီမိုကရေစီအစိုးရပထမသက်တမ်း ကာလကတည်းကပင် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူအကျိုးပြုလုပ်ငန်းများကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့ပြီး တိုင်းပြည်တိုးတက် ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို အစိုးရနှင့် အတွဲညီညီ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီးတွင် ဒီမိုကရေစီအစိုးရသစ်တစ်ရပ်တက်လာခဲ့ပြီး ငါးနှစ် တာကာလအုပ်ချုပ်ခဲ့ကာ စီမံခန့်ခွဲရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ ရှိရမှာဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အခြားကဏ္ဍများ၌ တပ်မတော်မှ ဖြစ်သင့်ဖြစ်ထိုက် သည်များကို အကြံပြုထောက်ပြခဲ့သော်လည်း စစ်ဘက် အရပ်ဘက်ပူးပေါင်းဆောင်ရွက်မှုအားနည်းခဲ့ကြောင်း ၎င်းမှပြောကြားခဲ့သည်။

 

တပ်မတော်သားတိုင်းသည် နိုင်ငံတော်နှင့် ပြည်သူကိုကာကွယ်မည်ဆိုသည့် မွန်မြတ်သည့်စိတ်ဆန္ဒဖြင့် တပ်မ တော်သို့ မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မှမပါရှိဘဲ Volunteer ဝင်ရောက်အမှုထမ်းကြသူများ ဖြစ်သည့်အတွက် မိမိတို့ထမ်းဆောင်နေသည့် တာဝန်အပေါ်ခံယူချက်၊ ယုံကြည်ချက်နက်နက်ရှိုင်းရှိုင်းဖြင့် တာဝန်ထမ်းဆောင်ရန်နှင့် တပ်မတော်သားတစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံရမည်ဖြစ်ကြောင်း တိုက် တွန်းပြောကြားခဲ့သည်။

 

#PeopleMedia #ရှမ်းပြည်နယ် #လျှပ်စစ်ကား #နစက

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 



Share this post