• Follow Us on

Home ဆီးဂိမ္းတြင္ လြဲေခ်ာ္မႈမ်ားအတြက္ အားကစားသမားမ်ားကို ဖိလစ္ပိုင္ေတာင္းပန္

ဆီးဂိမ္းတြင္ လြဲေခ်ာ္မႈမ်ားအတြက္ အားကစားသမားမ်ားကို ဖိလစ္ပိုင္ေတာင္းပန္

Share this post

အေရွ႕ေတာင္အာရွအားကစားပြဲေတာ္ကို လက္ခံက်င္းပတဲ့ ဖိလစ္ပိုင္ႏုိင္ငံဟာ အားကစားသမားတခ်ိဳ႕ ေလယာဥ္မွာ အခ်ိန္လြန္ေအာင္ ေစာင့္ဆိုင္းခဲ့ရၿပီး ဟိုတယ္မွားယြင္းပို႔ေဆာင္မႈေတြအတြက္ ႏို၀င္ဘာ ၂၄ ရက္ေန႔က ေတာင္းပန္ခဲ့ပါတယ္။

စေန႔ေန႔ဖြင့္ပြဲမတိုင္ခင္ မနီလာေလဆိပ္ကို အားကစားသမားမ်ားေရာက္ရွိလာခ်ိန္မွာ ကေမၻာဒီးယားနဲ႔ အေရွ႕ တီေမာ ေဘာလံုးအသင္းတို႔ဟာ ေလဆိပ္မွာ ၈ နာရီ ေက်ာ္ေစာင့္ဆိုင္းခဲ့ရၿပီး အေရွ႕တီေမာေဘာလံုးအသင္း ကို ဟိုတယ္မွားယြင္းၿပီး ပို႔ေဆာင္မႈလည္းျဖစ္ေပၚခဲ့ပါတယ္။

အခုလို လြဲေခ်ာ္မႈေတြအတြက္ ဖိ္လစ္ပိုင္ဆီးဂိမ္းက်င္းပေရးေကာ္မတီက ေတာင္းပန္စကားေျပာၾကားခဲ့ပါတယ္။ ဖိလစ္ပိုင္ႏုိင္ငံဟာ ၂၀၀၅ ခုႏွစ္ေနာက္ပိုင္း ပထမဦးဆံုးအႀကိမ္အျဖစ္ ဆီးဂိမ္းၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ လက္ခံ က်င္းပခဲ့တာျဖစ္ပါတယ္။

Ref;CAN

#PeopleMedia #International

(Unicode)
ဆီးဂိမ်းတွင် လွဲချော်မှုများအတွက် အားကစားသမားများကို ဖိလစ်ပိုင်တောင်းပန်
…………………………………………………………

အရှေ့တောင်အာရှအားကစားပွဲတော်ကို လက်ခံကျင်းပတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ အားကစားသမားတချို့ လေယာဉ်မှာ အချိန်လွန်အောင် စောင့်ဆိုင်းခဲ့ရပြီး ဟိုတယ်မှားယွင်းပို့ဆောင်မှုတွေအတွက် နိုဝင်ဘာ ၂၄ ရက်နေ့က တောင်းပန်ခဲ့ပါတယ်။

စနေ့နေ့ဖွင့်ပွဲမတိုင်ခင် မနီလာလေဆိပ်ကို အားကစားသမားများရောက်ရှိလာချိန်မှာ ကမ္ဘောဒီးယားနဲ့ အရှေ့ တီမော ဘောလုံးအသင်းတို့ဟာ လေဆိပ်မှာ ၈ နာရီ ကျော်စောင့်ဆိုင်းခဲ့ရပြီး အရှေ့တီမောဘောလုံးအသင်း ကို ဟိုတယ်မှားယွင်းပြီး ပို့ဆောင်မှုလည်းဖြစ်ပေါ်ခဲ့ပါတယ်။

အခုလို လွဲချော်မှုတွေအတွက် ဖိ်လစ်ပိုင်ဆီးဂိမ်းကျင်းပရေးကော်မတီက တောင်းပန်စကားပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တာဖြစ်ပါတယ်။

Ref;CAN

#PeopleMedia #International


Share this post