• Follow Us on

Home ဆီးရီးယားရှိ အမေရိကန်စစ်စခန်းအနီး ဒရုန်းတစ်စင်းကို အမေရိကန်ပစ်ချ

ဆီးရီးယားရှိ အမေရိကန်စစ်စခန်းအနီး ဒရုန်းတစ်စင်းကို အမေရိကန်ပစ်ချ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၆ (People Media)

 

ဆီးရီးယားနိုင်ငံတောင်ပိုင်းရှိ အမေရိကန်စစ်စခန်းတစ်ခုကို လွန်ခဲ့သည့်သီတင်းပတ်အတွင်းက ဒရုန်းလေယာဉ် များ၊ ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါစစ်စခန်းကို တိုက်ခိုက်ရန်လာရောက်သည်ဟုယူဆရသော ဒရုန်းတစ်စင်းကို အမေရိကန်တပ်က ပစ်ချခဲ့ကြောင်းသိရသည်။

 

“အယ်လ်တန့်ဖ် တပ်စခန်းနားက လေကြောင်းပိုင်နက်ထဲကို ဒရုန်းလေယာဉ်နှစ်စင်း ချဉ်းကပ်လာတာကို အင်္ဂါ နေ့က ခြေရာခံမိတယ်။ အဲဒီအထဲက တစ်စင်းက တပ်စခန်းနားအထိ ရောက်လာပြီး မိမိစခန်းကိုတိုက်ခိုက်လာ နိုင်တာမို့ ပစ်ချခဲ့တယ်” ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ကြီးဘီလ်အာဘန်ကပြောသည်။

 

ဒုတိယမြောက်ဒရုန်းလေယာဉ်မှာ ပြန်လှည့်ပြေးသွားပြီး ယင်းဒရုန်းတွင် လက်နက်များတပ်ဆင်ထားခြင်းရှိမရှိ မသိရပေ။

 

လွန်ခဲ့သည့်သီတင်းပတ်များက ဒရုန်းလေယာဉ်များ၊ ဒုံးကျည်များဖြင့် ဆီးရီးယားတောင်ပိုင်းရှိ အမေရိကန် အယ်လ်တန့်ဖ် တပ်စခန်းကို လာရောက်တိုက်ခိုက်ပြီးနောက် ယခုဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက် ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်တစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိခြင်း။ ကျဆုံးခြင်းမရှိခဲ့သော်လည်း တပ်စ ခန်းအဆောက်အဦများမှာ ကြီးကြီးမားမား ထိခိုက်ပျက်စီးသွားကြောင်း အမေရိကန်အရာရှိများကပြောသည်။

 

အစောပိုင်းကာလတိုက်ခိုက်မှုနှင့် အင်္ဂါနေ့ (ဒီဇင်ဘာလ ၁၄ ရက်) က တိုက်ခိုက်မှု နှစ်ခုစလုံး၏နောက်ကွယ် တွင် အီရန်နိုင်ငံ သို့မဟုတ် အီရန်နိုင်ငံက ထောက်ပံ့ထားသော စစ်သွေးကြွအုပ်စုများ၏လက်ချက်ပါဝင်နေမည် ဟု သံသယရှိကြောင်း အမေရိကန်ကာကွယ်ရေးဌာနအရာရှိများကပြောသည်။

 

အယ်လ်တန့်ဖ်တပ်စခန်းသည် အီရတ်နှင့် ဂျော်ဒန် နယ်စပ်လိုင်းတစ်လျှောက်အနီးရှိ မဟာဗျူဟာမြောက် နယ် မြေတွင်တည်ရှိသည်။ ယင်းနယ်စပ်လိုင်းတွင် အီရန်နိုင်ငံကထောက်ပံ့ထားသည့်စစ်သွေးကြွများ တီဟီရန်မှ လက်ဘနွန်တောင်ပိုင်းအထိ သွားလာနိုင်သော ကားလမ်းတစ်ခုလမ်းပါဝင်သည်။

 

ယင်းတပ်စခန်းမှ အမေရိကန်တပ်ဖွဲ့ဝင်များသည် ဒေသတွင်းမှ အိုင်အက်စ်အိုင်အက်စ်များကို တိုက်ခိုက်ရန် ဆီး ရီးယားအတိုက်အခံတပ်ဖွဲ့များကို စစ်ရေးလေ့ကျင့်ပေးလျက်ရှိသည်။

 

Ref: U.S. military shoots down drone near U.S. base in Syria

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 

Ref: U.S. military shoots down drone near U.S. base in Syria

 

#PeopleMedia


Share this post