• Follow Us on

Home ဆီးရီးယားရှိ IS အကျဉ်းထောင်တွင် အကျဉ်းသား ၅၀၀၀ ခန့်ရှိနေ


Share this post





Ref; AFP


(unicode)
ဆီးရီးယားရှိ IS အကျဉ်းထောင်တွင် အကျဉ်းသား ၅၀၀၀ ခန့်ရှိနေ
———————————————————–

ဆီးရီးယားနိုင်ငံက IS အကြမ်းဖက်သမားတွေကို ထိန်းသိမ်းထားတဲ့ထောင်မှာ အကျဉ်းသား ၅၀၀၀ လောက် ရှိနေကြပါတယ်။

နိုင်ငံပေါင်းစုံက အကျဉ်းသားတွေကို ဘယ်သူကမှ လွှတ်မပေးစေချင်ကြသလို ၄င်းတို့နိုင်ငံတွေကလည်း ပြန်လည်လက်ခံလိုခြင်းမရှိကြပါဘူး။

ပြည့်ကျပ်နေတဲ့ အကျဉ်းခန်းတွေထဲမှာ ဆယ်ကျော်သယ်အရွယ်တွေလည်းပါဝင်နေပြီး နေ့အလင်းရောင်ကို တစ်လတစ်ကြိမ်တောင် မြင်ရခဲ့တဲ့ အခြေအနေမှာ ထိန်းသိမ်းခံထားရပါတယ်။

အကျဉ်းသားတွေဆီ ဧည့်တွေ့လာသူတွေကိုလည်း ကျန်းမာရေးမျက်နှာဖုံးတွေပေးပြီး တွေ့စေပါတယ်။ IS အကြမ်းသားတွေဟာ ပြင်ပလောကနဲ့ လုံးဝအဆက်အသွယ်ပြတ်တောက်နေပြီး ၄င်းတို့ရဲ့နေ့ရက်တွေကို ဘာသာရေးဆိုင်ရာဟောကြားပို့ချမှုတွေနဲ့ ဖြတ်သန်းနေရတယ်လို့သိရပါတယ်။

Ref; AFP

#PeopleMedia #International


Share this post