• Follow Us on

Home ဆီးရီးယားအစိုးရအား ပံ့ပိုးေပးေနမႈအဆုံးသတ္ရန္ ႐ုရွားႏိုင္ငံအား အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ သတိေပး

ဆီးရီးယားအစိုးရအား ပံ့ပိုးေပးေနမႈအဆုံးသတ္ရန္ ႐ုရွားႏိုင္ငံအား အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ သတိေပး

Share this post

ႏိုင္ငံတကာ၊ ေဖေဖာ္ဝါရီ ၁၇

ဆီးရီးယားအစိုးရ၏ ရက္စက္ယုတ္မာမႈမ်ားအတြက္ ပံ့ပိုးေပးေနမႈအဆုံးသတ္ရန္ အေမရိကန္သမၼတ ေဒၚ နယ္ထရမ့္က ႐ုရွားႏိုင္ငံထံ ေတာင္းဆိုလိုက္ၿပီး အီဒလစ္ျပည္နယ္၌ျဖစ္ပြားေနေသာ အၾကမ္းဖက္မႈမ်ားႏွင့္ပတ္သက္၍ အေမရိကန္ႏိုင္ငံက စိုးရိမ္ပူပန္ေၾကာင္း ၄င္းက ေျပာၾကားခဲ့သည္ဟု အိမ္ျဖဴေတာ္က ေျပာၾကားသည္။

တူရကီသမၼတ ရီစက္ေတယက္အာဒိုဂန္ႏွင့္ ဖုန္းေျပာဆိုမႈတစ္ခုအတြင္း သမၼတ ေဒၚနယ္ထရမ့္က ဆီးရီး ယားႏိုင္ငံ၊ အီဒလစ္ျပည္နယ္ရွိ အၾကမ္းဖက္မႈမ်ားအေပၚ စိုးရိမ္ပူပန္ေၾကာင္း ေျပာၾကားခဲ့ၿပီး အာဆတ္အစိုးရအဖြဲ႕ ၏ ယုတ္မာရက္စက္မႈမ်ားအတြက္ ႐ုရွားႏိုင္ငံ၏ ပံ့ပိုးေပးေနမႈ အဆုံးသတ္ရန္ ျမင္ေတြ႕လိုေသာဆႏၵ အေမရိကန္ ႏိုင္ငံကရွိပါေၾကာင္း ေျပာဆိုလိုက္သည္။

သမၼတ ဘာရွားအယ္လ္အာဆတ္၏ အစိုးရတပ္ဖြဲ႕မ်ားသည္ အီဒလစ္ျပည္နယ္၌ သူပုန္တပ္ဖြဲ႕မ်ားအေပၚ ထိုးစစ္ဆင္မႈမ်ားျပဳလုပ္ရာတြင္ ေအာင္ျမင္မႈမ်ားရရွိခဲ့ၿပီး ဒီဇင္ဘာလေနာက္ပိုင္း ႐ုရွားႏိုင္ငံ၏ ေလေၾကာင္းတိုက္ ခိုက္မႈ အကူအညီမ်ားျဖင့္ အီဒလစ္ျပည္နယ္အျပင္ အိမ္နီးခ်င္း အလက္ပို၊ လာတာကီယာျပည္နယ္မ်ား၌ တိုက္ ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့သည္။

ေလေၾကာင္းတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ၿပီးေနာက္ ဆီးရီးယားအစိုးရတပ္ဖြဲ႕မ်ားသည္ ၂၀၁၂ ခုႏွစ္ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ အလက္ပိုျပည္နယ္ဝန္းက်င္ရွိ ေက်းရြာမ်ား၊ ၿမိဳ႕ငယ္မ်ားကို ထိန္းခ်ဳပ္ႏိုင္ခဲ့ ေၾကာင္း ဆီးရီးယား လူ့အခြင့္အေရးဆိုင္ရာ ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕က ေျပာၾကားသည္။

႐ုရွားႏိုင္ငံ၏ အကူအညီျဖင့္ ထိုသို႔ ထိုးစစ္ဆင္မႈေၾကာင့္ ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလေနာက္ပိုင္း ျပည္သူ ၈၀၀၀၀၀ ေက်ာ္ ေနရပ္စြ႕န္ ခြာခဲ့ရသည္ဟု ကုလသမဂၢအဖြဲ႕က ေျပာၾကားသည္။

တူရကီသမၼတ အာဒိုဂန္ႏွင့္ ေဆြးေႏြးခဲ့သည့္ အဆိုပါဖုန္းေျပာဆိုမႈအတြင္း သမၼတ ေဒၚနယ္ထရမ့္က လစ္ဗ်ားအေရး၌ ျပည္ပတိုင္းျပည္မ်ား၏ ဝင္ေရာက္စြက္ဖက္မႈက အေျခအေနကို ပိုမိုဆိုးရြားေစလိမ့္မည္ဟု ထပ္ ေလာင္းေျပာၾကားခဲ့သည္။

#PeopleMedia #MPI #MyitphyarIrra #InternationalNews

ကိုးကား–အေအက်ဖ်ပီ

Ref; Trump calls for Russia to stop backing Syrian ‘atrocities’

(unicode)
ဆီးရီးယားအစိုးရအား ပံ့ပိုးပေးနေမှုအဆုံးသတ်ရန် ရုရှားနိုင်ငံအား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သတိပေး
……………………………………………………………………………….

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၇

ဆီးရီးယားအစိုးရ၏ ရက်စက်ယုတ်မာမှုများအတွက် ပံ့ပိုးပေးနေမှုအဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်က ရုရှားနိုင်ငံထံ တောင်းဆိုလိုက်ပြီး အီဒလစ်ပြည်နယ်၌ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့်ပတ် သက်၍ အမေရိကန်နိုင်ငံက စိုးရိမ်ပူပန်ကြောင်း ၄င်းက ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်က ပြောကြားသည်။

တူရကီသမ္မတ ရီစက်တေယက်အာဒိုဂန်နှင့် ဖုန်းပြောဆိုမှုတစ်ခုအတွင်း သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီး ယားနိုင်ငံ၊ အီဒလစ်ပြည်နယ်ရှိ အကြမ်းဖက်မှုများအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပြီး အာဆတ်အစိုးရအဖွဲ့ ၏ ယုတ်မာရက်စက်မှုများအတွက် ရုရှားနိုင်ငံ၏ ပံ့ပိုးပေးနေမှု အဆုံးသတ်ရန် မြင်တွေ့လိုသောဆန္ဒ အမေရိကန် နိုင်ငံကရှိပါကြောင်း ပြောဆိုလိုက်သည်။

သမ္မတ ဘာရှားအယ်လ်အာဆတ်၏ အစိုးရတပ်ဖွဲ့များသည် အီဒလစ်ပြည်နယ်၌ သူပုန်တပ်ဖွဲ့များအပေါ် ထိုးစစ်ဆင်မှုများပြုလုပ်ရာတွင် အောင်မြင်မှုများရရှိခဲ့ပြီး ဒီဇင်ဘာလနောက်ပိုင်း ရုရှားနိုင်ငံ၏ လေကြောင်းတိုက် ခိုက်မှု အကူအညီများဖြင့် အီဒလစ်ပြည်နယ်အပြင် အိမ်နီးချင်း အလက်ပို၊ လာတာကီယာပြည်နယ်များ၌ တိုက် ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် ဆီးရီးယားအစိုးရတပ်ဖွဲ့များသည် ၂၀၁၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အလက်ပိုပြည်နယ်ဝန်းကျင်ရှိ ကျေးရွာများ၊ မြို့ငယ်များကို ထိန်းချုပ်နိုင်ခဲ့ ကြောင်း ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားသည်။

ရုရှားနိုင်ငံ၏ အကူအညီဖြင့် ထိုသို့ ထိုးစစ်ဆင်မှုကြောင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလနောက်ပိုင်း ပြည်သူ ၈၀၀၀၀၀ ကျော် နေရပ်စွ့န် ခွာခဲ့ရသည်ဟု ကုလသမဂ္ဂအဖွဲ့က ပြောကြားသည်။

တူရကီသမ္မတ အာဒိုဂန်နှင့် ဆွေးနွေးခဲ့သည့် အဆိုပါဖုန်းပြောဆိုမှုအတွင်း သမ္မတ ဒေါ်နယ်ထရမ့်က လစ်ဗျားအရေး၌ ပြည်ပတိုင်းပြည်များ၏ ဝင်ရောက်စွက်ဖက်မှုက အခြေအနေကို ပိုမိုဆိုးရွားစေလိမ့်မည်ဟု ထပ် လောင်းပြောကြားခဲ့သည်။

#PeopleMedia #MPI #MyitphyarIrra #InternationalNews

ကိုးကား–အအေကျဖျပီ

Ref; Trump calls for Russia to stop backing Syrian ‘atrocities’


Share this post