• Follow Us on

Home ဆီးရီးယားတောင်ပိုင်းတွင် အစ္စရေးတင့်ကားများတိုက်ခိုက်

ဆီးရီးယားတောင်ပိုင်းတွင် အစ္စရေးတင့်ကားများတိုက်ခိုက်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၆ (People Media)

 

ဂိုလန်ကုန်းမြင့်ရှိ ဆီရီးယားနယ်စပ်တစ်လျှောက်တွင် သံသယရှိသောပစ်မှတ်များအား စုံစမ်းထောက်လှမ်းပြီး နောက် အစ္စရေးတင့်ကားများက ဇန်နဝါရီလ ၅ ရက်နေ့က ပစ်ခတ်ခဲ့ကြောင်း အစ္စရေးတပ်မတော်ကထုတ်ပြန် ကြေညာခဲ့သည်။

 

“ဂိုလန်ကုန်းမြင့်ဒေသမှာ ကျွန်တော်တို့အစ္စရေးတပ်မတော်က လှုပ်ရှားသွာလာနေစဉ်အတွင်း အချိန်တိုလေးအ တွင်းမှာပဲ ကျွန်တော်တို့တပ်စခန်းတစ်ခုရဲ့ အနီးမှာ မသင်္ကာဖွယ်ရာပစ်မှတ်တွေကို တေ့ွလိုက်ရတယ်။ ဒါနဲ့ ကျွန် တော်တို့ တင့်ကားတွေက အဲဒီပစ်မှတ်တွေကို ပစ်ခတ်လိုက်ပါတယ်။ အဲဒီနောက်တော့ ပစ်မှတ်တွေဟာ ဆီးရီး ယားပိုင်နက်ထဲကို ဝင်ပြေးသွားကြတယ်။” ဟု အစ္စရေးကြည်းတပ်ကပြောသည်။

 

၁၉၆၇ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ခြောက်ရက်စစ်ပွဲကာလအတွင်း အစ္စရေးနိုင်ငံက မဟာဗျူဟာကျသော ဂိုလန် ကုန်းမြင့်အစိတ်အပိုင်းအချို့ကို သိမ်းပိုက်ခဲ့သည်။ ဂိုလန်ကုန်းမြင့်သည် လက်ဘနွန်နှင့် နယ်နိမိတ်ထိစပ်နေပြီး ယင်းနယ်မြေတစ်လျှောက် ဆီးရီးယားက ကင်းလှည့်လေ့ရှိသည်။

 

အစ္စရေးကသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်နှင့် ထိစပ်နေသော ဆီးရီးယားနိုင်ငံ ကျူနိုင်းထရာပြည်နယ်ရှိ အယ်လ်ဟာရီယာဒ်ကျေးရွာတောအုပ်အတွင်းသို့ အစ္စရေးတင့်ကားများက ပစ်ခတ်ခဲ့ကြောင်း ဆီးရီးယားသတင်း ဌာန SANA က ကြေညာခဲ့သည်။

 

အစ္စရေးရဟတ်ယာဉ်များနှင့် ကင်းထောက်လေယာဉ်များလည်း ယင်းဒေသတွင် ပျံသန်းခဲ့ကြကြောင်း SANA သ တင်းဌာနက ကြေညာခဲ့သည်။

 

ဆီးရီးယားကျေးရွာအနီးရှိ တောအုပ်အတွင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အစ္စရေးရဟတ်ယာဉ်များလည်းပျံသန်းခဲ့ ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကပြောသော်လည်း အသေ အပျောက်စာရင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

 

ဆီးရီးယားတောင်ပိုင်းဖြစ်သော ယင်းဒေသကို အစ္စရေးနိုင်ငံ၏ အဓိကရန်သူဖြစ်သော အီရန်နိုင်ငံနှင့် နီးစပ် သည့် ဟစ်ဘိုလာများ၏ ဒုတိယရှေ့တန်းစစ်မျက်နှာအဖြစ် အစ္စရေးနိုင်ငံက မှတ်ယူထားသည်။

 

၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ဆီးရီးယားအစိုးရဌာနများ၊ အီရန်နိုင်ငံက ထောက်ပံ့ထားသောလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဟစ်ဘိုလာပြောက်ကျားများကို ပစ်မှတ်ထား၍ အစ္စရေးနိုင်ငံ က လေကြောင်းဖြင့် အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

 

Ref: Israeli Strikes in Southern Syria

 

#PeopleMedia

 

(unicode)


………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Israeli Strikes in Southern Syria

 

#PeopleMedia


Share this post