• Follow Us on

Home ဆီးရီးယားလေကာ အစ္စရေးဒုံးကျည်များကိုပစ်ချ

ဆီးရီးယားလေကာ အစ္စရေးဒုံးကျည်များကိုပစ်ချ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၀ (People Media)

 

ဆီးရီးယားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ဒမတ်စကတ်မြို့ပေါ် ကျူးကျော်ဝင်ရောက်လာသော ရန်လို သည့် ဒုံးကျည်များအား သြဂုတ်လ ၁၉ ရက်နေ့က ပစ်ချခဲ့ကြောင်း အစိုးရပိုင် SANA သတင်းဌာနကကြေညာခဲ့ ပြီး အဆိုပါဒုံးကျည်များမှာ အစ္စရေးဒုံးကျည်များဖြစ်ကြောင်း ဆီးရီယားတပ်မတော်အရာရှိတစ်ဦးကပြောသည်။

 

“အစ္စရေးတွေက ဒမတ်စကတ်မြို့အနီးနဲ့ ဟွမ်းစ်မြို့အနီးတစ်ဝိုက်က ပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ဒုံးကျည်အများစုကို ပစ်ချနိုင်ခဲ့ပါ တယ်” ဟု ဆီးရီယားတပ်မတော်အရာရှိက SANA သတင်းဌာနကိုပြောသည်။

 

အစ္စရေးဒုံးကျည်များသည် ဒမတ်စကတ်မြို့နှင့် ဟွမ်းစ်မြို့ကြားရှိ ဆီးရီးယားတပ်စခန်းများနှင့် လက်ဘနွန်ရှီရိုက် ဟစ်ဘိုလာအဖွဲ့၏ စစ်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးဆိုင် ရာ ဆီးရီးယားစောင့်ကြည့်လေ့လာရေးရုံး (SOHR) မှ စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦးကပြောသည်။ အ သေအပျောက်နှင့် ထိခိုက်ဒဏ်ရာရစာရင်းကို SANA သတင်းဌာနကရော SOHR အဖွဲ့ကပါ ပြောဆိုခြင်းမရှိပေ။ လက်ဘနွန်နယ်စပ်နှင့်ထိစပ်နေသော ကာလာမွန်ဒေသတွင် ဒုံးကျည်နှစ်စင်းကျရောက်ခဲ့ကြောင်း လက်ဘနွန် မီဒီယာများကပြောသည်။

 

အစ္စရေးတပ်မတော်သည် ဆီးရီးယားနိုင်ငံတွင်းသို့တိုက်ခိုက်မှုကို အသိအမှတ်ပြုပြောဆိုခြင်းမရှိသလောက် နည်းပါးပြီး နိုင်ငံခြားမီဒီယားများ၏သတင်းနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မျှ မပြောလိုကြောင်း အစ္စရေး တပ်မတော်မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကပြောသည်။

 

သို့သော် လွန်ခဲ့သည့်ဆယ်နှစ်က ဆီးရီးယားနိုင်ငံတွင်း စစ်ပွဲစတင်ဖြစ်ပွားစဉ်ကတည်းက အစ္စရေးတပ်မတော် သည် အီရန်တပ်ဖွဲ့များနှင့် အီရန်ကျောထောက်နောက်ခံပြုဟစ်ဘိုလာတပ်ဖွဲ့များကိုသာမက ဆီးရီးယားအစိုးရ စခန်းများကိုပါ ဒုံးကျည်ပေါင်းရာနှင့်ချီ၍ ပစ်ခတ်ခဲ့သည်။ ဆီးရီးယားနိုင်ငံကို ၎င်း၏မပြေနိုင်သောရန်ဘက် အီရန် နိုင်ငံ၏ အမာခံနယ်မြေတစ်ခုဖြစ်လာရန် ခွင့် မပြုနိုင် ကြောင်း အစ္စရေးက ပုံမှန်ပြောဆိုလေ့ရှိသည်။

 

ဒီမိုကရေစီလိုလားသောဆန္ဒပြပွဲများကို ဆီးရီးယားအစိုးရကဖိနှိပ်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှစတင်ဖြစ်ပွားခဲ့သော ဆီးရီးယားပြည်တွင်းစစ်ပွဲသည် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်းအလွယ်ရှုပ်ထွေးခဲ့သည့်စစ်ပွဲဖြစ်ပြီး လူဦးရေ ငါး သိန်းနီးပါးသေဆုံးခဲ့ကြောင်း ဆန်းစစ်လေ့လာသူများကပြောသည်။

 

Ref: Syria Says Air Defense Shot Down Israeli Missiles

 

#PeopleMedia

 

(unicode)

ဆီးရီးယားလကော အစ်စရေးဒုံးကညြျမြားကိုပဈခြ

…………………………………………

 


 


 


 


 


 


 


 

Ref: Syria Says Air Defense Shot Down Israeli Missiles

 

#PeopleMedia


Share this post