• Follow Us on

Home ဆီးရီးယားေျမာက္ပိုင္းတြင္း အပစ္အခတ္ရပ္စဲရန္ တူရကီ သေဘာတူ

ဆီးရီးယားေျမာက္ပိုင္းတြင္း အပစ္အခတ္ရပ္စဲရန္ တူရကီ သေဘာတူ

Share this post

တူရကီအစိုးရဟာ ဆီးရီးယားေျမာက္ပိုင္းမွာ ကာ့ဒ္လက္နက္ကိုင္အဖြဲ ႕ေတြ ဆုတ္ခြာဖို႔အတြက္ အပစ္အခတ္ ရပ္စဲဖို႔ သေဘာတူလိုက္ၿပီျဖစ္ ပါတယ္။ အေမရိကန္ဒုသမၼတမိုက္ပန္႔နဲ႔ တူရကီသမၼတအာဒိုဂန္တိုက တူရကီ ၿမိဳ႕ေတာ္ အန္ကာရာမွာ ေတြ႕ဆံုေဆြးေႏြးခဲ့ၾကၿပီးေနာက္ အခုလို သေဘာတူညီခ်က္ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

တိုက္ပြဲေတြအားလံုးကို ၅ ရက္ၾကာ ရပ္ဆိုင္းသြားမွာျဖစ္ၿပီး အေမရိကန္ က ကာ့ဒ္လက္နက္တပ္ဖြဲ႕ေတြရဲ႕ နယ္စပ္စည္းမ်ဥ္းက ဆုတ္ခြာမႈကို ၀င္ ေရာက္ကူညီေပးသြားမယ္လို႔ မိုက္ပန္႔က ေျပာပါတယ္။ အခုလို သေဘာ တူညီခ်က္ကို ကာ့ဒ္လက္နက္အဖြဲ႕ေတြဖက္က အျပည့္အ၀သေဘာတူ ညီမႈရွိမရွိကိုေတာ့ အေသအခ်ာအတည္မျပဳႏိုင္ေသးပါဘူး။

ၿဗိတိန္အေျခစိုက္ စစ္ပြဲေစာင့္ၾကည့္ေရးအဖြဲ႕တစ္ဖြဲ႕ကေတာ့ အပစ္အ ခတ္ရပ္စဲဖို႔ သေဘာတူညီထားေပမယ့္ ဆီးရီးယားေျမာက္ပိုင္းမွာ တိုက္ ပြဲေတြ ဆက္လက္ျဖစ္္ပြားေနဆဲလို႔ ေျပာပါတယ္။ ဒါ့အျပင္ လြန္ခဲ့တဲ့ ၈ ရက္ အတြင္း ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြမွာ အရပ္သား ၇၂ ႏွစ္ဦး ေသဆံုး ခဲ့ၿပီး လူ ၃ သိန္းေလာက္ ေနရပ္စြန္႔ခြာ ထြက္ေျပးခဲ့ရတယ္လို႔ သိရပါ တယ္။

Ref; Reuters

(unicode)
ဆီးရီးယားမြောက်ပိုင်းတွင်း အပစ်အခတ်ရပ်စဲရန် တူရကီ သဘောတူ
………………………………………………………………….

တူရကီအစိုးရဟာ ဆီးရီးယားမြောက်ပိုင်းမှာ ကာ့ဒ်လက်နက်ကိုင်အဖွဲ့တွေ ဆုတ်ခွာဖို့အတွက် အပစ်အခတ် ရပ်စဲဖို့ သဘောတူလိုက်ပြီဖြစ် ပါတယ်။ အမေရိကန်ဒုသမ္မတမိုက်ပန့်နဲ့ တူရကီသမ္မတအာဒိုဂန်တိုက တူရကီ မြို့တော် အန်ကာရာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အခုလို သဘောတူညီချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲတွေအားလုံးကို ၅ ရက်ကြာ ရပ်ဆိုင်းသွားမှာဖြစ်ပြီး အမေရိကန် က ကာ့ဒ်လက်နက်တပ်ဖွဲ့တွေရဲ့ နယ်စပ်စည်းမျဉ်းက ဆုတ်ခွာမှုကို ဝင် ရောက်ကူညီပေးသွားမယ်လို့ မိုက်ပန့်က ပြောပါတယ်။ အခုလို သဘော တူညီချက်ကို ကာ့ဒ်လက်နက်အဖွဲ့တွေဖက်က အပြည့်အဝသဘောတူ ညီမှုရှိမရှိကိုတော့ အသေအချာအတည်မပြုနိုင်သေးပါဘူး။

ဗြိတိန်အခြေစိုက် စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ကတော့ အပစ်အ ခတ်ရပ်စဲဖို့ သဘောတူညီထားပေမယ့် ဆီးရီးယားမြောက်ပိုင်းမှာ တိုက် ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲလို့ ပြောပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၈ ရက် အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အရပ်သား ၇၂ နှစ်ဦး သေဆုံး ခဲ့ပြီး လူ ၃ သိန်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ သိရပါ တယ်။

Ref; Reuters


Share this post