• Follow Us on

Home ဆီးရီးယား၌ ဗုံးခြဲတိုက္ခိုက္ခံရ ၄၆ ဦးေသ၊ ၅၀ ခန္႔ ဒဏ္ရာရ

ဆီးရီးယား၌ ဗုံးခြဲတိုက္ခိုက္ခံရ ၄၆ ဦးေသ၊ ၅၀ ခန္႔ ဒဏ္ရာရ

Share this post

၂၀၂၀၊ ဧၿပီ – ၂၉

ဆီးရီးယားႏုိင္ငံေျမာက္ပိုင္းရွိ ေစ်းတစ္ခုအတြင္း ယမန္ေန႔က ေလာင္စာတင္ထရပ္ကားတစ္စင္းျဖင့္ ဗုံးခြဲတိုက္ ခိုက္ခဲ့ရာ တူရကီႏုိင္ငံက ေထာက္ပံ့ေပးထားေသာ သူပုန္တိုက္ခိုက္ေရးသမားမ်ား အပါအဝင္ လူ ၄၆ ဦး ထက္ မနည္း ေသဆုံးခဲ့ေၾကာင္း ဆီးရီးယားလူ႔အခြင့္အေရးဆိုင္ရာ ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕က ေျပာၾကားသည္။

ေဒသခံျပည္သူမ်ားက ရာမာဒန္ဥပုသ္ထြက္ရန္ ျပင္ဆင္မွုအေနျဖင့္ ေစ်းဝယ္ထြက္ခ်ိန္ တူရကီႏုိင္ငံက ေထာက္ ပံ့ေပးထားေသာ သူပုန္မ်ားထိန္းခ်ဳပ္ထားရာ အက္ဖရင္ၿမိဳ႕၌ ဗုံးေပါက္ကြဲမွု ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အေမရိ ကန္ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

မီးသတ္သမားမ်ားက မီးေတာက္မ်ားကို ၿငိွမ္းသတ္ေနၿပီး ကယ္ဆယ္ေရးလုပ္သားမ်ားက အေလာင္းမ်ား သယ္ ေဆာင္ေနပုံကို ဆီးရီးယား ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ ကယ္ဆယ္ေရးလုပ္သားမ်ား ထုတ္ျပန္သည့္ ဓာတ္ပုံ မ်ားက ျပသေနသည္။

လူ ၄၆ ဦးေသဆုံးခဲ့ၿပီး ၅၀ ဦးခန္႔ ဒဏ္ရာအျပင္းအထန္ရရွိခဲ့ရာ ေသဆုံးသူ ျမင့္တက္လာႏုိင္ေၾကာင္း ဆီးရီးယား ႏုိင္ငံအတြင္းရွိ သတင္းရင္းျမစ္မ်ားဆိုင္ရာ ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ျဖစ္သည့္ ၿဗိတိန္အေျခစိုက္ အဆိုပါ အဖြဲ႕၏ အႀကီးအကဲ ရာမီအဗၺဒူရာမန္က ေျပာသည္။ တူရကီလိုလားသူ တိုက္ခိုက္ေရးသမားေျခာက္ဦးႏွင့္ ကေလးငယ္ ၁၁ ဦးလည္း ေသဆုံးခဲ့ေၾကာင္း ၄င္းက ေျပာသည္။

ႏွစ္လၾကာ ေဝဟင္-ေျမျပင္ ထိုးစစ္တစ္ရပ္ဆင္ႏႊဲကာ တူရကီႏွင့္ မဟာမိတ္သူပုန္မ်ားက အက္ဖရင္ေဒသကို ကာဒ့္တပ္ဖြဲမ်ားထံမွ သိမ္းပိုက္ၿပီးေနာက္ပိုင္း လူေသဆုံးမႈအမ်ားဆုံး အဆိုပါတိုက္ခိုက္မႈက မည္သည့္အဖြဲ႕၏ လက္ခ်က္ဆိုသည္ကို ရွင္းလင္းစြာ မသိရေပ။

တူရကီကာကြယ္ေရးဝန္ႀကီးဌာနက တိုက္ခိုက္မႈမွာ အၾကမ္းဖက္အဖြဲ႕တစ္ခုအျဖစ္ သတ္မွတ္ထားသည့္ ကာဒ့္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (YPG) ၏ လက္ခ်က္ဟု ျပစ္တင္ေျပာဆိုခဲ့သည္။

တိုက္ခိုက္မႈေၾကာင့္ ရာမာဒန္ ဥပုသ္ထြက္ရန္ ျပင္ဆင္မွုအျဖစ္ ေစ်းဝယ္ထြက္ေနသူမ်ား ေသဆုံးခဲ့ေၾကာင္း အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီးဌာန မွ ေျပာေရးဆိုခြင့္ရအမ်ိဳးသမီး ေမာ္ဂန္ေအာ္ေတဂတ္စ္က ေျပာ ၾကားသည္။

ဇန္နဝါရီလအတြင္းကလည္း တူရကီလိုလားသူ တပ္ဖြဲ႕မ်ားထိန္းခ်ဳပ္ထားေသာ ဆီးရီးယားႏုိင္ငံေျမာက္ပိုင္း အဇက္ဇ္ၿမိဳ႕တြင္ ကားတစ္စီးတြင္ ဗုံးတင္၍တိုက္ခိုက္ခဲ့ရာ လူခုႏွစ္ဦး ေသဆုံးခဲ့သည္။

၂၀၁၁ ခုႏွစ္ေနာက္ပိုင္း ဆီးရီးယားပဋိပကၡေၾကာင့္ ျပည္သူ ၃၈၀၀၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး တိုင္းျပည္လူဉီးေရး ထက္ဝက္ေက်ာ္မွာ အိုး အိမ္စြန္႔ခြာခဲ့ရသည္။

ကိုးကား ။ ။ အေအက်ဖ်ပီ

Ref; Fuel truck bomb kills more than 40 in northern Syria: monitor

#PeopleMedia

(Unicode)
ဆီးရီးယား၌ ဗုံးခွဲတိုက်ခိုက်ခံရ ၄၆ ဦးသေ၊ ၅၀ ခန့် ဒဏ်ရာရ
…………………………………………………

၂၀၂၀၊ ဧပြီ – ၂၉

ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ဈေးတစ်ခုအတွင်း ယမန်နေ့က လောင်စာတင်ထရပ်ကားတစ်စင်းဖြင့် ဗုံးခွဲတိုက် ခိုက်ခဲ့ရာ တူရကီနိုင်ငံက ထောက်ပံ့ပေးထားသော သူပုန်တိုက်ခိုက်ရေးသမားများ အပါအဝင် လူ ၄၆ ဦး ထက် မနည်း သေဆုံးခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားသည်။

ဒေသခံပြည်သူများက ရာမာဒန်ဥပုသ်ထွက်ရန် ပြင်ဆင်မှုအနေဖြင့် ဈေးဝယ်ထွက်ချိန် တူရကီနိုင်ငံက ထောက် ပံ့ပေးထားသော သူပုန်များထိန်းချုပ်ထားရာ အက်ဖရင်မြို့၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မီးသတ်သမားများက မီးတောက်များကို ငြှိမ်းသတ်နေပြီး ကယ်ဆယ်ရေးလုပ်သားများက အလောင်းများ သယ် ဆောင်နေပုံကို ဆီးရီးယား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကယ်ဆယ်ရေးလုပ်သားများ ထုတ်ပြန်သည့် ဓာတ်ပုံ များက ပြသနေသည်။

လူ ၄၆ ဦးသေဆုံးခဲ့ပြီး ၅၀ ဦးခန့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရာ သေဆုံးသူ မြင့်တက်လာနိုင်ကြောင်း ဆီးရီးယား နိုင်ငံအတွင်းရှိ သတင်းရင်းမြစ်များဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်သည့် ဗြိတိန်အခြေစိုက် အဆိုပါ အဖွဲ့၏ အကြီးအကဲ ရာမီအဗ္ဗဒူရာမန်က ပြောသည်။ တူရကီလိုလားသူ တိုက်ခိုက်ရေးသမားခြောက်ဦးနှင့် ကလေးငယ် ၁၁ ဦးလည်း သေဆုံးခဲ့ကြောင်း ၄င်းက ပြောသည်။

နှစ်လကြာ ဝေဟင်-မြေပြင် ထိုးစစ်တစ်ရပ်ဆင်နွှဲကာ တူရကီနှင့် မဟာမိတ်သူပုန်များက အက်ဖရင်ဒေသကို ကာဒ့်တပ်ဖွဲများထံမှ သိမ်းပိုက်ပြီးနောက်ပိုင်း လူသေဆုံးမှုအများဆုံး အဆိုပါတိုက်ခိုက်မှုက မည်သည့်အဖွဲ့၏ လက်ချက်ဆိုသည်ကို ရှင်းလင်းစွာ မသိရပေ။

တူရကီကာကွယ်ရေးဝန်ကြီးဌာနက တိုက်ခိုက်မှုမှာ အကြမ်းဖက်အဖွဲ့တစ်ခုအဖြစ် သတ်မှတ်ထားသည့် ကာဒ့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPG) ၏ လက်ချက်ဟု ပြစ်တင်ပြောဆိုခဲ့သည်။

တိုက်ခိုက်မှုကြောင့် ရာမာဒန် ဥပုသ်ထွက်ရန် ပြင်ဆင်မှုအဖြစ် ဈေးဝယ်ထွက်နေသူများ သေဆုံးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရအမျိုးသမီး မော်ဂန်အော်တေဂတ်စ်က ပြော ကြားသည်။

ဇန်နဝါရီလအတွင်းကလည်း တူရကီလိုလားသူ တပ်ဖွဲ့များထိန်းချုပ်ထားသော ဆီးရီးယားနိုင်ငံမြောက်ပိုင်း အဇက်ဇ်မြို့တွင် ကားတစ်စီးတွင် ဗုံးတင်၍တိုက်ခိုက်ခဲ့ရာ လူခုနှစ်ဦး သေဆုံးခဲ့သည်။

၂၀၁၁ ခုနှစ်နောက်ပိုင်း ဆီးရီးယားပဋိပက္ခကြောင့် ပြည်သူ ၃၈၀၀၀၀ ကျော် သေဆုံးခဲ့ပြီး တိုင်းပြည်လူဉီးရေး ထက်ဝက်ကျော်မှာ အိုး အိမ်စွန့်ခွာခဲ့ရသည်။

ကိုးကား ။ ။ အအေကျဖျပီ

Ref; Fuel truck bomb kills more than 40 in northern Syria: monitor

#PeopleMedia


Share this post