• Follow Us on

Home ဆီးရီးယားႏွင့္အီရန္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားကို အစၥေရးက ေလေၾကာင္းကတုိက္ခိုက္

ဆီးရီးယားႏွင့္အီရန္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားကို အစၥေရးက ေလေၾကာင္းကတုိက္ခိုက္

Share this post

ဆီးရီးယားႏုိင္ငံျမိဳ႕ေတာ္ ဒါမတ္စကတ္အနီး အီရန္နဲ႕ ဆီးရီးယားလက္နက္ကိုင္တပ္ဖြဲ႕မ်ားကိုပစ္မွတ္ထားျပီး အစၥေရးက ေလေၾကာင္းကတစ္ဆင့္ တိုက္ခုိက္မႈေတြျပဳလုပ္ခဲ့ေၾကာင္း အစၥေရးစစ္တပ္က ႏို၀င္ဘာ ၂၀ ရက္ေန႕မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အစၥေရးတုိက္ေလယာဥ္ေတြဟာ အီရန္လက္နက္ကိုင္တပ္ဖြဲ႕နဲ႕ ဆီးရီးယားစစ္တပ္တို႕ရဲ႕ အေျခစိုက္စခန္းေတြကို ေလေၾကာင္းက တိုက္ခိုက္ခဲ့ျပီး ဆီးရီးယားေလေၾကာင္းကာကြယ္ေရးစနစ္က တံု႕ျပန္ခုခံခဲ့တယ္လို႕ ဆီးရီးယားသတင္းေအဂ်င္စီ SANA ကေၾကညာပါတယ္။

SANA က အစၥေရးထိန္းခ်ဳပ္ထားတဲ့ ဂိုလန္ကုန္းျမင့္ကို ေရာ႕ကတ္မ်ားနဲ႕ တုိက္ခုိက္မႈကို လက္ဘႏြန္နဲ႕ ပါလက္စတုိင္းေဒသေတြက ျပဳလုပ္ခဲ့တာလို႕လည္း ေၾကညာခဲ့ပါတယ္။

ဆီးရီးယားေလေၾကာင္းကာကြယ္ေရးစနစ္ဟာ အစၥေရးရဲ႕ မစ္ဇိုင္းအမ်ားစုကို ဖ်က္ခ်ႏိုင္ခဲ့ျပီး လူ ၃ ဦးဒဏ္ရာရရွိခဲ့တယ္လို႕ SANA က ေျပာပါတယ္။

ဆီးရီးယားလူ႕အခြင့္အေရးေစာင့္ၾကည့္အဖြဲ႕တစ္ဖြဲ႕ကေတာ့ အစၥေရးကို ႏို၀င္ဘာ ၁၉ ရက္ေန႕က ေရာ႕ကတ္မ်ားနဲ႕ တုိက္ခိုက္မႈဟာ သမၼတ ဘာရွာ အာဆက္ကို သစၥာခံတဲ့ လက္နက္ကိုင္အဖြဲ႕ေတြက ဒါမာစကတ္အနီးက ေဆာင္ရြက္ခဲ့တာလို႕ ေျပာၾကားထားပါတယ္။

Ref; https://www.dw.com/

#PeopleMedia #International

(unicode)
ဆီးရီးယားနှင့်အီရန် လက်နက်ကိုင်တပ်ဖွဲ့များကို အစ္စရေးက လေကြောင်းကတိုက်ခိုက်
…………………………………………………………………………………..

ဆီးရီးယားနိုင်ငံမြို့တော် ဒါမတ်စကတ်အနီး အီရန်နဲ့ ဆီးရီးယားလက်နက်ကိုင်တပ်ဖွဲ့များကိုပစ်မှတ်ထားပြီး အစ္စရေးက လေကြောင်းကတစ်ဆင့် တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က နိုဝင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အစ္စရေးတိုက်လေယာဉ်တွေဟာ အီရန်လက်နက်ကိုင်တပ်ဖွဲ့နဲ့ ဆီးရီးယားစစ်တပ်တို့ရဲ့ အခြေစိုက်စခန်းတွေကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ဆီးရီးယားလေကြောင်းကာကွယ်ရေးစနစ်က တုံ့ပြန်ခုခံခဲ့တယ်လို့ ဆီးရီးယားသတင်းအေဂျင်စီ SANA ကကြေညာပါတယ်။

SANA က အစ္စရေးထိန်းချုပ်ထားတဲ့ ဂိုလန်ကုန်းမြင့်ကို ရော့ကတ်များနဲ့ တိုက်ခိုက်မှုကို လက်ဘနွန်နဲ့ ပါလက်စတိုင်းဒေသတွေက ပြုလုပ်ခဲ့တာလို့လည်း ကြေညာခဲ့ပါတယ်။

ဆီးရီးယားလေကြောင်းကာကွယ်ရေးစနစ်ဟာ အစ္စရေးရဲ့ မစ်ဇိုင်းအများစုကို ဖျက်ချနိုင်ခဲ့ပြီး လူ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ SANA က ပြောပါတယ်။

ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တစ်ဖွဲ့ကတော့ အစ္စရေးကို နိုဝင်ဘာ ၁၉ ရက်နေ့က ရော့ကတ်များနဲ့ တိုက်ခိုက်မှုဟာ သမ္မတ ဘာရှာ အာဆက်ကို သစ္စာခံတဲ့ လက်နက်ကိုင်အဖွဲ့တွေက ဒါမာစကတ်အနီးက ဆောင်ရွက်ခဲ့တာလို့ ပြောကြားထားပါတယ်။

Ref; https://www.dw.com/

#PeopleMedia #International


Share this post