• Follow Us on

Home ဆီးရီးယား ဒမတ်စကတ်ဆင်ခြင်ဖုံးရပ်ကွက်များကို အစ္စရေးလေတပ်က ဒုံးကျည်များဖြင့် တိုက်ခိုက်

ဆီးရီးယား ဒမတ်စကတ်ဆင်ခြင်ဖုံးရပ်ကွက်များကို အစ္စရေးလေတပ်က ဒုံးကျည်များဖြင့် တိုက်ခိုက်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၃ (People Media)

 

ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ် ဆင်ခြေဖုံးရပ်ကွက်များသို့ အစ္စရေးလေတပ်က ဒုံးကျည်ပေါင်းများစွာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နိုဝင်ဘာလ ၃ ရက်နေ့တွင် ဆီးရီးယားအစိုးရပိုင်ရုပ်သံသတင်းက ကြေညာခဲ့သည်။

 

လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦအချို့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသော်လည်း အစ္စရေးအရာရှိ များက တစ်စုံတစ်ရာတုံ့ပြန်ပြောကြားခြင်းမရှိပေ။

 

လွန်ခဲ့သည့် စနေ (အောက်တိုဘာလ ၃၀ ရက်) နေ့ကလည်း အစ္စရေးတပ်မတော်က ဆီးရီးယားမြို့တော် ဆင် ခြေဖုံးရပ်ကွက်များသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာ ဆီးရီးယားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ကြား ဖြတ်ပစ်ချခဲ့သည်။

 

အောက်တိုဘာ ၁၄ ရက်နေ့က  ဆီးရီးယားနိုင်ငံအလယ်ပိုင်းရှိ အီရန်စခန်းများကို အစ္စရေးနိုင်ငံက လေကြောင်း မှ တိုက်ခိုက်ခဲ့ရာ ဆီးရီးယားအစိုးရနှင့် မဟာမိတ်ဖွဲ့ထားသည့် တိုက်ခိုက်ရေးသမား ၉ ဦး သေဆုံးခဲ့သည်။

 

ဆီးရီးယားနိုင်ငံတောင်ပိုင်းတွင် အစ္စရေးနိုင်ငံက တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားအစိုးရ အစ္စရေးနိုင်ငံကိုစွပ်စွဲ ပြောဆိုလိုက်ပြီး ရက်အတန်ကြာတွင် ယခုတိုက်ခိုက်မှုပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

 

ဒေသတွင်း အီရန်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု ကြီးထွားလာခြင်းနှင့် ဆီးရီးယားနိုင်ငံတွင်း အီရန်တပ်ဖွဲ့ဝင်များ တည်ရှိ နေခြင်းကို စိုးရိမ်နေသော အစ္စရေးနိုင်ငံသည် နှစ်ပေါင်းများစွာအတွင်း ဆီးရီးယားနိုင်ငံကို တိုက်ခိုက်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယင်းစစ်ဆင်ရေးများနှင့်ပတ်သက်၍ အစ္စရေးနိုင်ငံက အသိအမှတ်ပြုပြောကြားခြင်း ဆွေး နွေးညှိနှိုင်းခြင်းများ ပြုလုပ်ခြင်းမရှိပေ။ အစ္စရေးနိုင်ငံက ဆီးရီးယားနိုင်ငံကို အမြဲတမ်းလိုလို ညအချိန်တွင်သာ တိုက်ခိုက်လေ့ရှိသည်။

 

လက်ဘနွန်ဟစ်ဘိုလာအဖွဲ့ကဲ့သို့ အီရန်နိုင်ငံနှင့်မဟာမိတ်ဖွဲ့ထားသော စစ်သွေးကြွအုပ်စုများနှင့် ဆက်စပ်နေ သည့် စစ်အခြေစိုက်စခန်းများ၊ လက်နက်ခဲယမ်းသယ်ဆောင်လာသောယာဉ်တန်းများနှင့် လက်နက်ခဲယမ်းသို လှောင်ရာအဆောက်အဦများကို ပစ်မှတ်ထားတိုက်ခိုက်ကြောင်း အစ္စရေးနိုင်ငံကပြောသည်။ အဆိုပါစစ်သွေး ကြွအဖွဲ့များနှင့် ဆက်စပ်နေသည်ဟုယူဆရသော လက်နက်ခဲယမ်းတင်ပို့မှုကိုလည်း အစ္စရေးနိုင်ငံက ပစ်မှတ် ထားတိုက်ခိုက်လျက်ရှိသည်။

 

ဟစ်ဘိုလာအဖွဲ့သည် ဆီးရီးယားပြည်တွင်းစစ်တွင် ဆီးရီးယားသမ္မတဘရှားအာဆတ်အစိုးရ၏ တပ်ဖွဲ့ဝင်များ ဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးသော စစ်သွေးကြွအဖွဲ့ဖြစ်သည်။

 

Ref: Israel launches missile attack near Syria’s Damascus

 

#PeopleMedia

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: Israel launches missile attack near Syria’s Damascus

 

#PeopleMedia


Share this post