• Follow Us on

Home ဆီဖြည့်လေယာဉ်များအတွက် အခြေချစစ်စခန်းအဖြစ် Fairchild လေတပ်အခြေစိုက်စခန်းအစား MacDill လေတပ်အခြေစိုက်စခန်းကို ရွေးချယ်လိုက်ကြောင်း အမေရိကန် လေတပ်ပြော

ဆီဖြည့်လေယာဉ်များအတွက် အခြေချစစ်စခန်းအဖြစ် Fairchild လေတပ်အခြေစိုက်စခန်းအစား MacDill လေတပ်အခြေစိုက်စခန်းကို ရွေးချယ်လိုက်ကြောင်း အမေရိကန် လေတပ်ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၂ (People Media)

 

အမေရိကန်လေတပ်သည် ၎င်းတို့၏ ခေတ်မီဆီဖြည့်လေယာဉ်အသစ်များအတွက် အခြေချစစ်စခန်းအဖြစ် ဝါ ရှင်တန်နှင့် ၁၂ မိုင်ခန့်ကွာဝေးသော Fairchild လေတပ်အခြေစိုက်စခန်းအစား ဖလော်ရီဒါပြည်နယ်ရှိ MacDill လေတပ်အခြေစိုက်စခန်းကို ရွေးချယ်လိုက်သည်။

 

စစ်ဆင်ရေးကိစ္စများ၊ လူထုပံ့ပိုးထောက်ခံမှု၊ အခြေခံအဆောက်အုံများ၊ ပတ်ဝန်းကျင်အကျိုးသက်ရောက်မှုများ နှင့် ကုန်ကျစရိတ်များ အားလုံးကို ထည့်သွင်းစဉ်းစားတွက်ချက်ပြီးနောက် KC-46A Pegasus ဆီဖြည့်လေယာဉ် ၂၄ စင်းကို MacDill လေတပ်အခြေစိုက်စခန်းတွင် တပ်ဖြန့်ချထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း လေတပ်က ဒီ ဇင်ဘာလ ၂၁ ရက်နေ့က ပြောသည်။

 

KC-46A Pegasus ဆီဖြည့်လေယာဉ်များအတွက် Fairchild လေတပ်အခြေစိုက်စခန်းကို ဆဋ္ဌမမြောက်စစ်ဆင် ရေးအခြေစိုက်စခန်းအဖြစ် ရွေးချယ်ရန် ဝါရှင်တန်ရှိ ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က တွန်းအားပေး နေစဉ် ၎င်းတို့၏ဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်သော အဆိုပါဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

“နိုင်ငံထဲမှာ အကြီးမားဆုံးဆီဖြည့်လေယာဉ်အခြေစိုက်စခန်းတွေထဲက တစ်ခုအဖြစ် Fairchild လေတပ်အခြေ စိုက်စခန်းဟာ KC-46A ဆီဖြည့်လေယာဉ်တွေကို နေရာချထားဖို့အတွက် လိုအပ်တဲ့နေရာအကျယ်အဝန်းနဲ့ စွမ်း ရည်တွေရှိပြီးသားဖြစ်ပါတယ်။ ဒါကို KC-46A ဆီဖြည့်လေယာဉ်အသစ်တွေကို Fairchild လေတပ်အခြေ စိုက်စ ခန်းမှာ မထားဖို့ လေတပ်ကချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်ဟာ အတော်နားလည်ရခက်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါ တယ်။” ဟု အထက်လွှတ်တော်မှ ဒီမိုကရက်အမတ် ပက်တီမာရီက ပြောသည်။

 

“ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကျွန်မအနေနဲ့ အတော့်ကို မကျေမချမ်းဖြစ်မိပါတယ်။ တဲ့တိုးပြောရရင် လေ တပ်ဟာ ဆုံးဖြတ်ချက်အမှားကို ချခဲ့တာပါပဲ။” ဟု ၎င်းကပြောသည်။ ရီပတ်ဘလီကန်ပါတီမှ ကွန်ဂရက်လွှတ် တော်အမတ်ဖြစ်သူ ကေသီမက်ခ်မောရစ်ရော့ဒ်ဂျာကလည်း လေတပ်၏ဆုံးဖြတ်နှင့်ပတ်သက်၍ မကျေနပ် ကြောင်းပြောသည်။

 

“လေတပ်ရဲ့ဆုံးဖြတ်ချက်ဟာ ကျွန်မတို့မျှော်လင့်ထားတဲ့သတင်း မဟုတ်ပေမဲ့ Fairchild လေတပ်အခြေစိုက်စ ခန်းဟာ KC-135 ဆီဖြည့်လေယာဉ်အုပ်အတွက် အကောင်းဆုံးစင်တာအဖြစ် ဆက်လက်တာဝန်ထမ်းဆောင် သွားမှာဖြစ်ပြီး လေယာဉ်ဆီဖြည့်စစ်ဆင်ရေးမှာ အဓိကအခန်းကဏ္ဍက ဆက်လက်ပါဝင်သွားမှာဖြစ်ပါတယ်။” ဟု ကေသီမက်ခ်မောရစ်ရော့ဒ်ဂျာက ပြောသည်။

 

ဆီဖြည့်လေယာဉ်သစ် KC-46A များသည် MacDill လေတပ်အခြေစိုက်စခန်းတွင် တာဝန်ထမ်းဆောင်နေသော KC-135 Stratotankers ဆီဖြည့်လေယာဉ်များကို အစားထိုးသွားမည်ဖြစ်သည်။

 

၂၀၂၃ ခုနှစ် ဆောင်းဦးရာသီတွင် ဖြစ်ပေါ်လာနိုင်သည်ဟုမျှော်လင့်ထားသော သဘာဝပတ်ဝန်းကျင်အကျိုး သက်ရောက်မှု ခွဲခြမ်းစိတ်ဖြာခြင်း ပြုလုပ်ခဲ့ပြီးနောက် လေတပ်က နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ် သည်။ Fairchild လေတပ်အခြေစိုက်စခန်းကို ရွေးချယ်ခြင်းသည် “ကြောင်းကျိုးလျော်ညီသောပြောင်းလဲမှု” တစ်ခုဖြစ်ပြီး ယင်းအခြေစိုက်စခန်းအနေဖြင့် ပတ်ဝန်းကျင်ခွဲခြမ်းစိတ်ဖြာခြင်းကို တေ့ွကြုံခံစားရမည်ဖြစ်ကြောင်း အမေရိကန်လေတပ်က ပြောသည်။

 

Ref: Air Force chooses Florida base for new refueling tankers over Fairchild

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Air Force chooses Florida base for new refueling tankers over Fairchild

 

#PeopleMedia


Share this post