• Follow Us on

Home ဆူဒန္နိုင္ငံသို႔ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီ ေဒၚလာ ၈၁ သန္း ပံ့ပိုးကူညီမည္ဟု အေမရိကန္ ေျပာ

ဆူဒန္နိုင္ငံသို႔ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီ ေဒၚလာ ၈၁ သန္း ပံ့ပိုးကူညီမည္ဟု အေမရိကန္ ေျပာ

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၂၅
ဆူဒန္နိုင္ငံရွိ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အက်ပ္အတည္းကို တုံ႔ျပန္ရန္ ဒုကၡသည္မ်ား၊ ေတာင္ဆူဒန္နိုင္ငံ ဒါဖာေဒသရွိ ပဋိပကၡေၾကာင့္ ေနရပ္စြန္႔ခြာရသူမ်ား အပါအဝင္ ေရေဘးသင့္ျပည္သူမ်ားအတြက္ ေဒၚလာ ၈၁ သန္း ပံ့ပိုးကူညီမည္ဟု အေမရိကန္နိုင္ငံက ေၾကညာလိုက္သည္။
ေငြေၾကးေထာက္ပံ့မႈတြင္ အေမရိကန္ အျပည္ျပည္ဆိုင္ရာ ဖြံ့ၿဖိဳးေရးေအဂ်င္စီလက္ေအာက္ရွိ လူသား ခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးေရးဗ်ဴရိုမွ ေဒၚလာ ၆၄ သန္းႏွင့္ နိုင္ငံျခားေရးဝန္ႀကီးဌာန၊ ျပည္ သူ႔အင္အား၊ ဒုကၡသည္ႏွင့္ ေရႊ႕ေျပာင္းသြားလာမႈဆိုင္ရာဗ်ဴရိုမွ ေဒၚလာ ၁၇ သန္း ပါဝင္ေၾကာင္း အေမရိကန္ နိုင္ငံ ျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တစ္ရပ္အရ သိရသည္။
ကိုဗစ္-၁၉ ေရာဂါ တုံ႔ျပန္ေရးအပါအဝင္ ၂၀၂၀ ျပည့္ႏွစ္အတြင္း အေမရိကန္နိုင္ငံ၏ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ တုံ႔ျပန္ေရး ေငြေၾကးေထာက္ပံ့မႈမွာ စုစုေပါင္း ေဒၚလာ ၄၃၆ သန္း ရွိလာခဲ့ၿပီျဖစ္သည္။
ယခုအကူအညီက ဒုကၡသည္မ်ား၊ စစ္ေဘးေရွာင္မ်ား၊ ေဒသခံအသိုင္းအဝိုင္းမ်ားအတြက္ က်န္းမာေရး၊ အေရးေပၚ စားနပ္ရိကၡာအကူအညီ၊ ပညာေရးႏွင့္ သန္႔ရွင္းေသာေရ ေထာက္ပံ့ေပးမည္ဟု ထုတ္ျပန္ခ်က္က ဆို သည္။
အရပ္သားမ်ားကို အႏၲရာယ္ျဖစ္ေစခဲ့ၿပီး ဆိုးရြားေသာ လူသားခ်င္းစာနာေထာက္ထားမႈအေျခအေန ျဖစ္ ေစခဲ့သည့္ လူမ်ိဳးစုအခ်င္းခ်င္းၾကား အၾကမ္းဖက္မႈေၾကာင့္ စစ္ေဘးေရွာင္ဦးေရ ျမင့္တက္လာမႈအပါအဝင္ ဆူဒန္ နိုင္ငံက စိန္ေခၚမႈမ်ားစြာ ဆက္လက္ရင္ဆိုင္ေနရသည္။
မိုးေခါင္ေရရွားမႈႏွင့္ ႏွစ္ငါးဆယ္ေက်ာ္အတြင္း အဆိုးရြားဆုံး ေရေဘးသင့္မႈတို႔ေၾကာင့္ ျပည္သူကိုးသန္း ေက်ာ္ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီ လိုအပ္မႈျဖစ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္က ေဖာ္ျပခဲ့သည္။
ကိုးကား – ရိုက္တာ
Ref; U.S. Announces $81M Humanitarian Aid for Crisis in Sudan
(unicode)
ဆူဒန်နိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ဒေါ်လာ ၈၁ သန်း ပံ့ပိုးကူညီမည်ဟု အမေရိကန် ပြော
…………………………………………………….
နိုင်ငံတကာ၊ အောက်တိုဘာ ၂၅
ဆူဒန်နိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို တုံ့ပြန်ရန် ဒုက္ခသည်များ၊ တောင်ဆူဒန်နိုင်ငံ ဒါဖာဒေသရှိ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသူများ အပါအဝင် ရေဘေးသင့်ပြည်သူများအတွက် ဒေါ်လာ ၈၁ သန်း ပံ့ပိုးကူညီမည်ဟု အမေရိကန်နိုင်ငံက ကြေညာလိုက်သည်။
ငွေကြေးထောက်ပံ့မှုတွင် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီလက်အောက်ရှိ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဗျူရိုမှ ဒေါ်လာ ၆၄ သန်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည် သူ့အင်အား၊ ဒုက္ခသည်နှင့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာဗျူရိုမှ ဒေါ်လာ ၁၇ သန်း ပါဝင်ကြောင်း အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။
ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးအပါအဝင် ၂၀၂၀ ပြည့်နှစ်အတွင်း အမေရိကန်နိုင်ငံ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေး ငွေကြေးထောက်ပံ့မှုမှာ စုစုပေါင်း ဒေါ်လာ ၄၃၆ သန်း ရှိလာခဲ့ပြီဖြစ်သည်။
ယခုအကူအညီက ဒုက္ခသည်များ၊ စစ်ဘေးရှောင်များ၊ ဒေသခံအသိုင်းအဝိုင်းများအတွက် ကျန်းမာရေး၊ အရေးပေါ် စားနပ်ရိက္ခာအကူအညီ၊ ပညာရေးနှင့် သန့်ရှင်းသောရေ ထောက်ပံ့ပေးမည်ဟု ထုတ်ပြန်ချက်က ဆို သည်။
အရပ်သားများကို အန္တရာယ်ဖြစ်စေခဲ့ပြီး ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုအခြေအနေ ဖြစ် စေခဲ့သည့် လူမျိုးစုအချင်းချင်းကြား အကြမ်းဖက်မှုကြောင့် စစ်ဘေးရှောင်ဦးရေ မြင့်တက်လာမှုအပါအဝင် ဆူဒန် နိုင်ငံက စိန်ခေါ်မှုများစွာ ဆက်လက်ရင်ဆိုင်နေရသည်။
မိုးခေါင်ရေရှားမှုနှင့် နှစ်ငါးဆယ်ကျော်အတွင်း အဆိုးရွားဆုံး ရေဘေးသင့်မှုတို့ကြောင့် ပြည်သူကိုးသန်း ကျော် လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်မှုဖြစ်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဖော်ပြခဲ့သည်။
ကိုးကား – ရိုက်တာ
Ref; U.S. Announces $81M Humanitarian Aid for Crisis in Sudan

Share this post