• Follow Us on

Home ဆူဒန်နိုင်ငံ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား စစ်တပ်က ဖမ်းဆီးထားကြောင်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ဆူဒန်နိုင်ငံ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား စစ်တပ်က ဖမ်းဆီးထားကြောင်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၅ (ဆင်ဟွာ)

 

ဆူဒန်နိုင်ငံ ဝန်ကြီးချုပ် Abdalla Hamdok နှင့် အသွင်ကူးပြောင်းရေးအချုပ်အခြာအာဏာကောင်စီ၏ အရပ် သားကိုယ်စားပြုအဖွဲ့ဝင်များနှင့် ဝန်ကြီးများစွာကို စစ်တပ်ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထားပြီဖြစ်ကြောင်း ဆူဒန်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

 

ဆူဒန်နိုင်ငံဝန်ကြီးချုပ် Abdalla Hamdok က နေအိမ်အကျယ်ချုပ်မှ ပေးပို့သည့်သတင်းစကားတွင် ဆူ ဒန်နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ တော်လှန်ရေးကို ခုခံကာကွယ်ရန်အတွက် လမ်းများပေါ်ထွက်ကြရန်နှင့် ငြိမ်းချမ်းရေးကို လက်ကိုင်ထားကြရန် တောင်းဆိုခဲ့ကြောင်း ဝန်ကြီးဌာန၏ ဖေ့ဘွတ်ခ်အကောင့်တွင် ရေး သားဖော်ပြထားသည်။

 

အင်တာနက်ဝန်ဆောင်မှုက မိုဘိုင်းလ်ဖုန်းကွန်ရက်များအား ဖြတ်တောက်ထားကြောင်းနှင့် စစ်တပ်က တံတား များကို ပိတ်ထားကြောင်းသိရသည်။ စစ်တပ်ပူးပေါင်းတပ်ဖွဲ့က Omdurman မြို့ရှိ ရေဒီယိုနှင့် ရုပ်မြင်သံကြား အသံလွှင့်ဌာနများအား ဝင်ရောက်စီးနင်းခဲ့ပြီး ဝန်ထမ်းအများအပြားကို ထိန်းသိမ်းထားကြောင်း ဝန်ကြီးဌာနက ဆိုသည်။

 

စက်တင်ဘာ ၂၁ ရက်က မအောင်မြင်သော အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ခုအား ထုတ်ဖော်ကြေညာခဲ့ချိန်မှ စ၍ အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့အတွင်း စစ်တပ်နှင့် အရပ်သား ဝန်ထမ်းများအကြား တင်းမာမှုသည် ဆက်လက်အရှိန်မြှင့်တက်ခဲ့ကြောင်း သိရသည်။

 

ဆူဒန်နိုင်ငံသည် ၂၀၁၉ ခုနှစ် ဧပြီလတွင် သမ္မတဟောင်း Omar al-Bashir ကို ဖြုတ်ချပြီးနောက် စစ်တပ်နှင့် အရပ်သားများပါဝင်သည့် အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ်ဖွဲ့စည်းကာ ၃၉ လကြာ အုပ်ချုပ်လာခဲ့ခြင်း ဖြစ်သည်။ အသွင်ကူးပြောင်းရေးကာလသည် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်ရေး ရွေးကောက်ပွဲများကျင်းပ ဖော်ဆောင်သွားရန် သတ်မှတ်ထားကြောင်း သိရသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 

(Xinhua)

 



Share this post