• Follow Us on

Home ဆူဒန်နိုင်ငံ ဝန်ကြီးချုပ် လုံခြုံရေးတင်းကြပ်စွာဖြင့် နေအိမ်သို့ ပြန်ရောက်

ဆူဒန်နိုင်ငံ ဝန်ကြီးချုပ် လုံခြုံရေးတင်းကြပ်စွာဖြင့် နေအိမ်သို့ ပြန်ရောက်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၇ (People Media)

 

ဆူဒန်နိုင်ငံဝန်ကြီးချုပ် Abdalla Hamdok နှင့် ၎င်း၏ ဇနီးတို့သည် လုံခြုံရေးတင်းကြပ်စွာဖြင့် နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း ဝန်ကြီးချုပ်၏ရုံးက အောက်တိုဘာ ၂၆ ရက်တွင် ဖေ့ဘွတ်ခ်အကောင့်၌ ရေးသားဖော်ပြခဲ့သည်။

 

ဝန်ကြီးချုပ်သည် အချုပ်အခြာအာဏာပိုင်ကောင်စီတွင် ပါဝင်သည့် ၎င်း၏ အရပ်သား ဝန်ကြီးအချို့နှင့်အတူ အောက်တိုဘာ ၂၅ ရက်အစောပိုင်းမှစ၍ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

 

အောက်တိုဘာ ၂၆ ရက်အစောပိုင်းတွင် ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ် Abdel Fattah Al-Burhan က ဝန်ကြီး ချုပ်အား ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ငြင်းဆိုခဲ့ပြီး ဝန်ကြီးချုပ်အား ဧည့်ဂေဟာရှိ Al-Burhan အိမ်တော်၌ ကောင်းစွာထားရှိကြောင်း ဆိုသည်။

 

ဆူဒန်နိုင်ငံ၌ စက်တင်ဘာ ၂၁ ရက်တွင် အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ခုကစ၍ အသွင်ကူးပြောင်းရေးအစိုးရ တာဝန်ယူထားသည့် အရပ်သားဝန်ထမ်းများနှင့် စစ်တပ်ဝန်ထမ်းများအကြား တင်းမာမှုသည် ဆက်လက် အရှိန်မြှင့်တက်ခဲ့ကြောင်း သိရသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


………………………………………………………………

 


 


 


 


 


 

(Xinhua)

 



Share this post