• Follow Us on

Home ဆူေလးေစတီအနီးရွိ လမ္းလယ္ကၽြန္းမ်ား၌ အမ်ားျပည္သူအပန္းေျဖရန္ ထိုင္ခုံခ်ထားမႈသည္ တြက္ခ်က္၍ ေဆာင္ရြက္ထားမႈျဖစ္ေၾကာင္း NLD တိုင္းအမတ္ ဦးသန္းႏိုင္ဦး ေျပာဆို

ဆူေလးေစတီအနီးရွိ လမ္းလယ္ကၽြန္းမ်ား၌ အမ်ားျပည္သူအပန္းေျဖရန္ ထိုင္ခုံခ်ထားမႈသည္ တြက္ခ်က္၍ ေဆာင္ရြက္ထားမႈျဖစ္ေၾကာင္း NLD တိုင္းအမတ္ ဦးသန္းႏိုင္ဦး ေျပာဆို

Share this post

 

“အခုဒီ ေကာမန္႔ေတြေရးတဲ့သူေတြက အျမန္လမ္းနဲ႔ယွဥ္ၿပီးေတာ့ သူတို႔ကေရးၾကတာကိုး။ ယာဥ္တိုက္မႈ ေတြျဖစ္ကုန္မယ္၊ လူေတြ ဒီမွာေသကုန္မယ္။ ထိုင္တဲ့သူေတြ ကားေတြ၀င္တိုက္ကုန္မယ္။ ကၽြန္ေတာ္တို႔ စဥ္းစားခ်က္ကေတာ့ ဆူးေလဘုရားမီးပြိဳင့္ကေန ကားကျဖတ္လာတာနဲ႔ ကားေတြအကုန္လံုးက အရွိန္ေလ်ာ့ ရမယ္။ ဗလီေရွ႕မွာလည္း လူကူးမ်ဥ္းၾကားႀကီးရွိတယ္။ အဝိုင္းပတ္ကိုလည္း ယာဥ္ေတြကပတ္ရမယ္။ အခုကၽြန္ေတာ္တို႔လုပ္ထားတဲ့ ေနရာကလည္း မီးပြိဳင့္ရွိတယ္။ ယာဥ္ေတြကအကုန္ မဆင္မျခင္ဝုန္းဝုန္းေမာင္း လာလို႔ မရတဲ့ေနရာေပါ့။ အဲဒီလိုမ်ဳိးေတြပါ ကၽြန္ေတာ္တို႔တြက္ခ်က္ထားၿပီးသား” ပန္းဘဲတန္းၿမိဳ႕နယ္ တိုင္းေဒသႀကီးအမွတ္(၁)လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းႏိုင္ဦး

ဆူးေလေစတီအနီးရွိ လမ္းလယ္ကၽြန္း၌ အမ်ားျပည္သူ အပန္းေျဖနားေနႏိုင္ရန္ ၿမိဳ႕ေတာ္စည္ပင္၊ တိုင္း လႊတ္ေတာ္ကိုယ္စားလွယ္တို႔၏ သေဘာတူညီခ်က္ျဖင့္ ထိုင္ခုံမ်ားခ်ထားခဲ့သည္။ ထိုသို႔ ထိုင္ခုံမႈခ်ထားမႈေၾကာင့္ လမ္းကူးသူမ်ား အခက္ခဲရွိႏိုင္သလို ယာဥ္အႏၲရာယ္ကို ဖိတ္ေခၚသည့္ လုပ္ရပ္တစ္ခုျဖစ္ေၾကာင္း အမ်ားျပည္သူ က ေဝဖန္ခဲ့သည္။ ထိုသို႔ ေဝဖန္မႈမ်ား ျဖစ္ေပၚၿပီးေနာက္ အဆိုပါ ထိုင္ခုံမ်ားကို သက္ဆိုင္ရာက ဖယ္ရွားခဲ့သည္။

အဆိုပါ ျဖစ္စဥ္အေပၚ peopleMedia က ပန္းဘဲတန္းၿမိဳ႕နယ္ တိုင္းေဒသႀကီးအမွတ္(၁) လႊတ္ေတာ္ကိုယ္စား လွယ္ ဦးသန္းႏိုင္ဦးထံ ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းခဲ့သည္။

People Media ။ ။ ဆူးေလလမ္းလယ္ကၽြန္းေပၚမွာ ထိုင္ခံုေလးေတြထားဖို႔ ဘယ္လိုရည္ရြယ္ခ်က္နဲ႔ စလုပ္ခဲ့ၿပီး၊ အခု ဘယ္လိုေၾကာင့္ ျပန္ျဖဳတ္ခဲ့တာလဲဆိုတာ သိခ်င္ပါတယ္။

ဦးသန္းႏိုင္ဦး ။ ။ ေျပာခ်င္တာက ဒီခံုေတြက ပန္းျခံကမၿပီးေသးဘူး။ ေဘးမွာရွိတဲ့ လသာပန္းၿခံက ဆက္လုပ္မွာ။ အဲဒီ ပန္းၿခံထဲမွာ အဲဒီခံုေတြထားမွာ။ ဒါေပမဲ့ အဲဒီပန္းၿခံေသးေသးေလးက ထားမယ္ဆိုလည္း ခံုတစ္လံုး၊ ႏွစ္လံုးထားလို႔ရမလား အဲဒီသေဘာမ်ဳိးနဲ႔ စည္ပင္သာယာ လမ္းတံတားဌာနကေနၿပီးေတာ့ ထားၾကည့္ခ်င္တယ္ဆိုၿပီးေတာ့ ေျပာလို႔ ကၽြန္ေတာ္တို႔ကသြား ၾကည့္ေပးတာ။ အခုအဲဒီပန္းၿခံေလးကမၿပီးေသး လုပ္ စရာေတြက်န္ေသးတယ္။ မ်ဥ္းၾကားေတြ က်န္ေသးတယ္။ မ်ဥ္းၾကားဆိုတာက လသာပန္းၿခံနဲ႔ ဒီပန္းၿခံ ေသးေသးေလးနဲ႔ကို ကူးဖို႔၊ လူေတြကိုေကာင္းေကာင္းမြန္မြန္ Safe ျဖစ္ေအာင္လုပ္ဖို႔ မ်ဥ္းၾကားေတြလုပ္ဖို႔တယ္။ ဘုရားနဲ႔ မီးပြိဳင့္ကူးဖို႔ မ်ဥ္းၾကားေတြ လုပ္ဖို႔က်န္ေသးတယ္။ နံပါတ္တစ္က မၿပီးေသးဘူး။ နံပါတ္ႏွစ္က ဘာလဲဆိုရင္ ဟိုဘက္က လသာပန္းၿခံနဲ႔တြဲၿပီးေတာ့ လုပ္မယ့္ဟာက ဒါက။ တကယ္တမ္း ဒီခံုေတြအကုန္လံုးက ဒီေဘးမွာတစ္လံုး၊ ႏွစ္လံုးရွိခ်င္ရွိမယ္။ လူေတြအႏၲရာယ္ကင္းကင္း၊ လြတ္လြတ္ကင္းကင္းေနရာ ၃၂ လမ္း ထိပ္မွာ တစ္လံုး၊ ႏွစ္လံုးရွိခ်င္ရွိမယ္။ က်န္တဲ့ခံုေတြအကုန္လံုးက လသာပန္းၿခံလုပ္တဲ့အခါမွာ အဲဒီခံုေတြ အကုန္ထားမွာ။ လသာပန္းၿခံကို ကၽြန္ေတာ္တို႔ကပို႔ပစ္မွာ အဲဒါ။ အဲဒီေနရာကို လသာပန္းၿခံၿပီးတဲ့အခါမွပဲ ၾကည့္မွာ။ တကယ္လို႔ ဒီဘက္မွာ ခံုထားတာ Safety ျဖစ္တယ္ဆိုရင္ ႏွစ္လံုးေလာက္ ကၽြန္ေတာ္တို႔က ထားခ်င္လည္းထားမယ္။ ထားျဖစ္ခ်င္မွလည္း ထားမယ္။ ဘာမွမၿပီးေသးတာ၊ ဘာမွမစီစဥ္ရေသးဘူးေလ။

People Media ။ ။ ထားမယ္၊ မထားဘူးဆိုတာ ဘယ္လိုရွိပါလဲ။

ဦးသန္းႏိုင္ဦး ။ ။ ဟုတ္တယ္။ အဲဒီေန႔ကတုန္းက ဟိုပန္းၿခံကို လ်ာဖို႔အတြက္ ဒီဘက္ကိုအကုန္ထုတ္ၾကည့္တာ ခံုေတြကို။ ကၽြန္ေတာ္က ဆူးေလးဘုရားႀကီးထဲမွာ သြားထားခိုင္းတာ။ ဘုရားႀကီးက ပိတ္ထားေတာ့ သူတို႔က သူတို႔လမ္းတံတားဌာနဆိုေတာ့ ဌာနခ်င္းပဲထားပါဆိုလို႔သာ သူတို႔ကခဏထားတာ။ ပြင့္ပြင့္လင္းလင္းေျပာရရင္ လိုင္းေပၚမွာသာ အုတ္ေအာ္ေသာင္းနင္းျဖစ္တာ။ ဒီပန္းၿခံက ၿပီးမွမၿပီးေသးတာ။ ဟိုဘက္လသာပန္းၿခံကို ျပဳျပင္ၿပီးေတာ့ ခံုေတြထားမယ္။ ဒီဘက္မွာလည္း ခံုေတြကိုထားခ်င္ထားမယ္၊ ထားခ်င္မွလည္း ထားမယ္။ ေနာက္တစ္ခုက ဘတ္ဂ်က္အေနနဲ႔ေျပာရမယ္ဆိုရင္ ဒါႀကီးက သီးျခားလုပ္တာမဟုတ္ဘူး။ ဒီမဟာဗႏၶဳလလမ္း လယ္ကၽြန္းကေနၿပီးေတာ့ ဘေလာက္ေတြလုပ္လို႔ ပိုတဲ့ ပိုက္ဆံေလးနဲ႔ အဲဒီေနရာမွာရွိတဲ့ ကြန္ကရစ္ခံုတုံးႀကီး လူေတြ ညေနဘက္ဆိုရင္ ဒီတံုးေပၚမွာ ထိုင္ၾက၊ ျပဳၾက၊ ခိုစာေကၽြး၊ ေခြးစာေကၽြး အဲဒါမ်ဳိးေတြျဖစ္လို႔ ကၽြန္ေတာ္တို႔က ဒီဘုရားရဲ႕ ပုရ၀ဏ္ေလးမွာ မ်က္စိ ပသာဒေလးျဖစ္ေအာင္လို႔ အုပ္ခ်ဳပ္ေရးမွဴးတို႔၊ ၿမိဳ႕နယ္ကရွိတဲ့ ဖြံ႕ၿဖိဳးေရးအေထာက္အကူအဖြဲ႕ေတြ တိုင္ပင္ၿပီး ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြ တိုင္ပင္ၿပီးေတာ့မွ ဒါေလးလုပ္ပါဆိုၿပီးေတာ့ ကၽြန္ေတာ္တို႔ ပိုတဲ့ဘတ္ဂ်က္ကိုလုပ္ေပးတာ။ သီးသန္႔ဒါႀကီးကို ဘတ္ဂ်က္ေတြေတာင္းၿပီးေတာ့ ေဆာင္ရြက္တာ မဟုတ္ဘူး။ အဓိကကေတာ့ ဒီပန္းၿခံေလးက မၿပီးေသးတာ အဓိကပဲ။ မၿပီးေသးဘဲနဲ႔ လိုင္းေပၚကိုတက္သြားတဲ့အခါက်ေတာ့ လူေတြက ကားေတြတိုက္ကုန္မယ္တို႔၊ ေသကုန္မယ္တို႔ ေရးၾကတာေပါ့။ သူတို႔ကိုအျပစ္မေျပာပါဘူး။ သူတို႔ကသူတို႔အျမင္ေျပာၾကတာေလ။ အခုကၽြန္ေတာ္ေျပာ ၿပီးသြားၿပီေနာ္၊ ထားခ်င္မွလည္းထားမွာ။ ထိုင္ခံုအားလံုးက ၉ လံုးပဲရွိတယ္။ ဟိုဘက္မွာ ၇ လံုးထားမယ္။ ဒီဘက္မွာ ႏွစ္လံုးေလာက္က ထားခ်င္လည္းထားမယ္၊ မထားသင့္ဘူးဆိုတဲ့အျမင္မ်ဳိးရွိရင္လည္း ကၽြန္ေတာ္တို႔က ထားခ်င္မွထားမယ္။

People Media ။ ။ အျခားဘာမ်ားျဖည့္စြက္ေျပာၾကားခ်င္ပါေသးလဲ။

ဦးသန္းႏိုင္ဦး ။ ။ ဒီဟာကိုုလုပ္တဲ့အခ်ိန္မွာ ပိုၿပီးျပည့္စံုေအာင္ေျပာရရင္ ၿမိဳ႕နယ္ရဲ႕ ယာဥ္ထိန္းရဲမွဴးေတြပါ ေမး ထားတယ္။ ဒီေနရာမွာ ယာဥ္တိုက္မႈေတြ၊ ယာဥ္မေတာ္တဆမႈေတြ ဘယ္ႏွစ္မႈေလာက္ရွိလဲလို႔ ေမးတဲ့အခါ က်ေတာ့ ၂၀၁၈-၂၀၂၀ ခုႏွစ္ေတြမွာ ယာဥ္မေတာ္တဆမႈ ၅ မႈရွိတယ္။ ေလးခုေလာက္က မဟာဗႏၶဳလပန္းၿခံ ေရွ႕မွာျဖစ္တယ္။ အဲဒီမီးပြိဳင့္ေလးမွာ တစ္မႈေလာက္ပဲျဖစ္ဖူးတယ္။ အခုဒီေကာမန္႔ေတြေရးတဲ့သူေတြက အျမန္လမ္းနဲ႔ယွဥ္ၿပီးေတာ့ သူတို႔ကေရးၾကတာကိုး။ ယာဥ္တိုက္မႈေတြျဖစ္ကုန္မယ္၊ လူေတြ ဒီမွာေသကုန္မယ္။ ထိုင္တဲ့သူေတြ ကားေတြ၀င္တိုက္ကုန္မယ္။ ကၽြန္ေတာ္တို႔စဥ္းစားခ်က္ကေတာ့ ဆူးေလဘုရားမီးပြိဳင့္ကေန ကားကျဖတ္လာတာနဲ႔ ကားေတြအကုန္လံုးကအရွိန္ေလ်ာ့ရမယ္။ ဗလီေရွ႕မွာလည္း လူကူးမ်ဥ္းၾကားႀကီး ရွိတယ္။ အဝိုင္းပတ္ကိုလည္း ယာဥ္ေတြကပတ္ရမယ္။ အခုကၽြန္ေတာ္တို႔လုပ္ထားတဲ့ေနရာကလည္း မီးပြိဳင့္ရွိတယ္။ ယာဥ္ေတြကအကုန္ မဆင္မျခင္ဝုန္းဝုန္းေမာင္းလာလို႔ မရတဲ့ေနရာေပါ့။ အဲဒီလိုမ်ဳိးေတြပါ ကၽြန္ေတာ္တို႔တြက္ခ်က္ထားၿပီးသား။ လုပ္ခ်င္တိုင္းလုပ္ၿပီးေတာ့ ကၽြန္ေတာ္တို႔က ၿပီးၿပီးေရာ အဲဒီလို သေဘာမဟုတ္ဘူး။ ေသခ်ာတြက္ခ်က္ထားတယ္။ အဲဒါေတြအကုန္ လံုးကိုလည္းထားမွာမဟုတ္ဘူး။ လသာပန္းၿခံေလးမွာ ထားမယ့္ခံုေတြ။ ဒီမွာက လ်ာၾကည့္ၿပီးေတာ့ အျပင္ကိုထုတ္တာေပါ့ဗ်ာ။ ကေလးေတြက အျပင္ထုတ္ၿပီး ေဆးသုတ္တာေပါ့။ အဲဒီလိုလုပ္တဲ့ဟာကို လိုင္းေပၚတက္သြားတာပါ။ အခုလို ေျဖၾကားေပးတဲ့ အတြက္ ပန္းဘဲတန္းၿမိဳ႕နယ္ တိုင္းေဒသႀကီးအမွတ္(၁)လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းႏိုင္ဦးကို People Media က ေက်းဇူးတင္ပါတယ္။

Photo – ဦးသန္းႏိုင္ဦး

#PeopleMedia #ဦးသန္းႏိုင္ဦး

(unicode)
ဆူလေးစေတီအနီးရှိ လမ်းလယ်ကျွန်းများ၌ အများပြည်သူအပန်းဖြေရန် ထိုင်ခုံချထားမှုသည် တွက်ချက်၍ ဆောင်ရွက်ထားမှုဖြစ်ကြောင်း NLD တိုင်းအမတ် ဦးသန်းနိုင်ဦး ပြောဆို
……………………………………………………..

“အခုဒီ ကောမန့်တွေရေးတဲ့သူတွေက အမြန်လမ်းနဲ့ယှဉ်ပြီးတော့ သူတို့ကရေးကြတာကိုး။ ယာဉ်တိုက်မှု တွေဖြစ်ကုန်မယ်၊ လူတွေ ဒီမှာသေကုန်မယ်။ ထိုင်တဲ့သူတွေ ကားတွေဝင်တိုက်ကုန်မယ်။ ကျွန်တော်တို့ စဉ်းစားချက်ကတော့ ဆူးလေဘုရားမီးပွိုင့်ကနေ ကားကဖြတ်လာတာနဲ့ ကားတွေအကုန်လုံးက အရှိန်လျော့ ရမယ်။ ဗလီရှေ့မှာလည်း လူကူးမျဉ်းကြားကြီးရှိတယ်။ အဝိုင်းပတ်ကိုလည်း ယာဉ်တွေကပတ်ရမယ်။ အခုကျွန်တော်တို့လုပ်ထားတဲ့ နေရာကလည်း မီးပွိုင့်ရှိတယ်။ ယာဉ်တွေကအကုန် မဆင်မခြင်ဝုန်းဝုန်းမောင်း လာလို့ မရတဲ့နေရာပေါ့။ အဲဒီလိုမျိုးတွေပါ ကျွန်တော်တို့တွက်ချက်ထားပြီးသား” ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးအမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး

ဆူးလေစေတီအနီးရှိ လမ်းလယ်ကျွန်း၌ အများပြည်သူ အပန်းဖြေနားနေနိုင်ရန် မြို့တော်စည်ပင်၊ တိုင်း လွှတ်တော်ကိုယ်စားလှယ်တို့၏ သဘောတူညီချက်ဖြင့် ထိုင်ခုံများချထားခဲ့သည်။ ထိုသို့ ထိုင်ခုံမှုချထားမှုကြောင့် လမ်းကူးသူများ အခက်ခဲရှိနိုင်သလို ယာဉ်အန္တရာယ်ကို ဖိတ်ခေါ်သည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း အများပြည်သူ က ဝေဖန်ခဲ့သည်။ ထိုသို့ ဝေဖန်မှုများ ဖြစ်ပေါ်ပြီးနောက် အဆိုပါ ထိုင်ခုံများကို သက်ဆိုင်ရာက ဖယ်ရှားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အပေါ် peopleMedia က ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စား လှယ် ဦးသန်းနိုင်ဦးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သည်။

People Media ။ ။ ဆူးလေလမ်းလယ်ကျွန်းပေါ်မှာ ထိုင်ခုံလေးတွေထားဖို့ ဘယ်လိုရည်ရွယ်ချက်နဲ့ စလုပ်ခဲ့ပြီး၊ အခု ဘယ်လိုကြောင့် ပြန်ဖြုတ်ခဲ့တာလဲဆိုတာ သိချင်ပါတယ်။

ဦးသန်းနိုင်ဦး ။ ။ ပြောချင်တာက ဒီခုံတွေက ပန်းခြံကမပြီးသေးဘူး။ ဘေးမှာရှိတဲ့ လသာပန်းခြံက ဆက်လုပ်မှာ။ အဲဒီ ပန်းခြံထဲမှာ အဲဒီခုံတွေထားမှာ။ ဒါပေမဲ့ အဲဒီပန်းခြံသေးသေးလေးက ထားမယ်ဆိုလည်း ခုံတစ်လုံး၊ နှစ်လုံးထားလို့ရမလား အဲဒီသဘောမျိုးနဲ့ စည်ပင်သာယာ လမ်းတံတားဌာနကနေပြီးတော့ ထားကြည့်ချင်တယ်ဆိုပြီးတော့ ပြောလို့ ကျွန်တော်တို့ကသွား ကြည့်ပေးတာ။ အခုအဲဒီပန်းခြံလေးကမပြီးသေး လုပ် စရာတွေကျန်သေးတယ်။ မျဉ်းကြားတွေ ကျန်သေးတယ်။ မျဉ်းကြားဆိုတာက လသာပန်းခြံနဲ့ ဒီပန်းခြံ သေးသေးလေးနဲ့ကို ကူးဖို့၊ လူတွေကိုကောင်းကောင်းမွန်မွန် Safe ဖြစ်အောင်လုပ်ဖို့ မျဉ်းကြားတွေလုပ်ဖို့တယ်။ ဘုရားနဲ့ မီးပွိုင့်ကူးဖို့ မျဉ်းကြားတွေ လုပ်ဖို့ကျန်သေးတယ်။ နံပါတ်တစ်က မပြီးသေးဘူး။ နံပါတ်နှစ်က ဘာလဲဆိုရင် ဟိုဘက်က လသာပန်းခြံနဲ့တွဲပြီးတော့ လုပ်မယ့်ဟာက ဒါက။ တကယ်တမ်း ဒီခုံတွေအကုန်လုံးက ဒီဘေးမှာတစ်လုံး၊ နှစ်လုံးရှိချင်ရှိမယ်။ လူတွေအန္တရာယ်ကင်းကင်း၊ လွတ်လွတ်ကင်းကင်းနေရာ ၃၂ လမ်း ထိပ်မှာ တစ်လုံး၊ နှစ်လုံးရှိချင်ရှိမယ်။ ကျန်တဲ့ခုံတွေအကုန်လုံးက လသာပန်းခြံလုပ်တဲ့အခါမှာ အဲဒီခုံတွေ အကုန်ထားမှာ။ လသာပန်းခြံကို ကျွန်တော်တို့ကပို့ပစ်မှာ အဲဒါ။ အဲဒီနေရာကို လသာပန်းခြံပြီးတဲ့အခါမှပဲ ကြည့်မှာ။ တကယ်လို့ ဒီဘက်မှာ ခုံထားတာ Safety ဖြစ်တယ်ဆိုရင် နှစ်လုံးလောက် ကျွန်တော်တို့က ထားချင်လည်းထားမယ်။ ထားဖြစ်ချင်မှလည်း ထားမယ်။ ဘာမှမပြီးသေးတာ၊ ဘာမှမစီစဉ်ရသေးဘူးလေ။

People Media ။ ။ ထားမယ်၊ မထားဘူးဆိုတာ ဘယ်လိုရှိပါလဲ။

ဦးသန်းနိုင်ဦး ။ ။ ဟုတ်တယ်။ အဲဒီနေ့ကတုန်းက ဟိုပန်းခြံကို လျာဖို့အတွက် ဒီဘက်ကိုအကုန်ထုတ်ကြည့်တာ ခုံတွေကို။ ကျွန်တော်က ဆူးလေးဘုရားကြီးထဲမှာ သွားထားခိုင်းတာ။ ဘုရားကြီးက ပိတ်ထားတော့ သူတို့က သူတို့လမ်းတံတားဌာနဆိုတော့ ဌာနချင်းပဲထားပါဆိုလို့သာ သူတို့ကခဏထားတာ။ ပွင့်ပွင့်လင်းလင်းပြောရရင် လိုင်းပေါ်မှာသာ အုတ်အော်သောင်းနင်းဖြစ်တာ။ ဒီပန်းခြံက ပြီးမှမပြီးသေးတာ။ ဟိုဘက်လသာပန်းခြံကို ပြုပြင်ပြီးတော့ ခုံတွေထားမယ်။ ဒီဘက်မှာလည်း ခုံတွေကိုထားချင်ထားမယ်၊ ထားချင်မှလည်း ထားမယ်။ နောက်တစ်ခုက ဘတ်ဂျက်အနေနဲ့ပြောရမယ်ဆိုရင် ဒါကြီးက သီးခြားလုပ်တာမဟုတ်ဘူး။ ဒီမဟာဗန္ဓုလလမ်း လယ်ကျွန်းကနေပြီးတော့ ဘလောက်တွေလုပ်လို့ ပိုတဲ့ ပိုက်ဆံလေးနဲ့ အဲဒီနေရာမှာရှိတဲ့ ကွန်ကရစ်ခုံတုံးကြီး လူတွေ ညနေဘက်ဆိုရင် ဒီတုံးပေါ်မှာ ထိုင်ကြ၊ ပြုကြ၊ ခိုစာကျွေး၊ ခွေးစာကျွေး အဲဒါမျိုးတွေဖြစ်လို့ ကျွန်တော်တို့က ဒီဘုရားရဲ့ ပုရဝဏ်လေးမှာ မျက်စိ ပသာဒလေးဖြစ်အောင်လို့ အုပ်ချုပ်ရေးမှူးတို့၊ မြို့နယ်ကရှိတဲ့ ဖွံ့ဖြိုးရေးအထောက်အကူအဖွဲ့တွေ တိုင်ပင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်ပင်ပြီးတော့မှ ဒါလေးလုပ်ပါဆိုပြီးတော့ ကျွန်တော်တို့ ပိုတဲ့ဘတ်ဂျက်ကိုလုပ်ပေးတာ။ သီးသန့်ဒါကြီးကို ဘတ်ဂျက်တွေတောင်းပြီးတော့ ဆောင်ရွက်တာ မဟုတ်ဘူး။ အဓိကကတော့ ဒီပန်းခြံလေးက မပြီးသေးတာ အဓိကပဲ။ မပြီးသေးဘဲနဲ့ လိုင်းပေါ်ကိုတက်သွားတဲ့အခါကျတော့ လူတွေက ကားတွေတိုက်ကုန်မယ်တို့၊ သေကုန်မယ်တို့ ရေးကြတာပေါ့။ သူတို့ကိုအပြစ်မပြောပါဘူး။ သူတို့ကသူတို့အမြင်ပြောကြတာလေ။ အခုကျွန်တော်ပြော ပြီးသွားပြီနော်၊ ထားချင်မှလည်းထားမှာ။ ထိုင်ခုံအားလုံးက ၉ လုံးပဲရှိတယ်။ ဟိုဘက်မှာ ၇ လုံးထားမယ်။ ဒီဘက်မှာ နှစ်လုံးလောက်က ထားချင်လည်းထားမယ်၊ မထားသင့်ဘူးဆိုတဲ့အမြင်မျိုးရှိရင်လည်း ကျွန်တော်တို့က ထားချင်မှထားမယ်။

People Media ။ ။ အခြားဘာများဖြည့်စွက်ပြောကြားချင်ပါသေးလဲ။

ဦးသန်းနိုင်ဦး ။ ။ ဒီဟာကိုုလုပ်တဲ့အချိန်မှာ ပိုပြီးပြည့်စုံအောင်ပြောရရင် မြို့နယ်ရဲ့ ယာဉ်ထိန်းရဲမှူးတွေပါ မေး ထားတယ်။ ဒီနေရာမှာ ယာဉ်တိုက်မှုတွေ၊ ယာဉ်မတော်တဆမှုတွေ ဘယ်နှစ်မှုလောက်ရှိလဲလို့ မေးတဲ့အခါ ကျတော့ ၂၀၁၈-၂၀၂၀ ခုနှစ်တွေမှာ ယာဉ်မတော်တဆမှု ၅ မှုရှိတယ်။ လေးခုလောက်က မဟာဗန္ဓုလပန်းခြံ ရှေ့မှာဖြစ်တယ်။ အဲဒီမီးပွိုင့်လေးမှာ တစ်မှုလောက်ပဲဖြစ်ဖူးတယ်။ အခုဒီကောမန့်တွေရေးတဲ့သူတွေက အမြန်လမ်းနဲ့ယှဉ်ပြီးတော့ သူတို့ကရေးကြတာကိုး။ ယာဉ်တိုက်မှုတွေဖြစ်ကုန်မယ်၊ လူတွေ ဒီမှာသေကုန်မယ်။ ထိုင်တဲ့သူတွေ ကားတွေဝင်တိုက်ကုန်မယ်။ ကျွန်တော်တို့စဉ်းစားချက်ကတော့ ဆူးလေဘုရားမီးပွိုင့်ကနေ ကားကဖြတ်လာတာနဲ့ ကားတွေအကုန်လုံးကအရှိန်လျော့ရမယ်။ ဗလီရှေ့မှာလည်း လူကူးမျဉ်းကြားကြီး ရှိတယ်။ အဝိုင်းပတ်ကိုလည်း ယာဉ်တွေကပတ်ရမယ်။ အခုကျွန်တော်တို့လုပ်ထားတဲ့နေရာကလည်း မီးပွိုင့်ရှိတယ်။ ယာဉ်တွေကအကုန် မဆင်မခြင်ဝုန်းဝုန်းမောင်းလာလို့ မရတဲ့နေရာပေါ့။ အဲဒီလိုမျိုးတွေပါ ကျွန်တော်တို့တွက်ချက်ထားပြီးသား။ လုပ်ချင်တိုင်းလုပ်ပြီးတော့ ကျွန်တော်တို့က ပြီးပြီးရော အဲဒီလို သဘောမဟုတ်ဘူး။ သေချာတွက်ချက်ထားတယ်။ အဲဒါတွေအကုန် လုံးကိုလည်းထားမှာမဟုတ်ဘူး။ လသာပန်းခြံလေးမှာ ထားမယ့်ခုံတွေ။ ဒီမှာက လျာကြည့်ပြီးတော့ အပြင်ကိုထုတ်တာပေါ့ဗျာ။ ကလေးတွေက အပြင်ထုတ်ပြီး ဆေးသုတ်တာပေါ့။ အဲဒီလိုလုပ်တဲ့ဟာကို လိုင်းပေါ်တက်သွားတာပါ။ အခုလို ဖြေကြားပေးတဲ့ အတွက် ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးအမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးကို People Media က ကျေးဇူးတင်ပါတယ်။

Photo – ဦးသန်းနိုင်ဦး

#PeopleMedia #ဦးသန်းနိုင်ဦး


Share this post