• Follow Us on

Home ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းပြီးစီး

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းပြီးစီး

Share this post

ကျိုက်ထို၊ မတ် ၁

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကင်မွန်းချောင်းကျေးရွာရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး လုံး တော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း အောင်မြင်ပြီးစီးပြီဖြစ်ကြောင်း ကျိုက်ထီးရိုးတောင်ပေါ် စခန်းလေး ဘောဂသိဒ္ဓိတောရကျောင်းမှ သိရသည်။

 

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းအောင်မြင်ပြီးစီးပြီဖြစ်၍ ဝါးငြမ်းများအား ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် ဖြုတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

 

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှစ၍  ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ရွှေသင်္ကန်းကပ်လှူနိုင်ရန် ကျောက်လုံးတော်ကြီး ပတ်လည် ငြမ်းဆင်ခြင်း လုပ်ငန်းများအား ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 

#PeopleMedia


Share this post