• Follow Us on

Home ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ စတင်မည်

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ စတင်မည်

Share this post

ကျိုက်ထို၊ ဇန်နဝါရီ ၁၈ (People Media)

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီး လုံးတော် ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှ စတင်၍ ပြုလုပ်သွားမည်ဖြစ်သည်။

 

ကျိုက်ထီးရိုးစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရန် ကျောက်လုံးတော်ကြီး ပတ်လည်ငြမ်းဆင် ခြင်းလုပ်ငန်းများအား ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်နေလျက်ရှိ သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ရင်ပြင်တော် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒမာလာမှ ဦးစီး၍ လုံခြုံရေး ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူများ၊ ရင်ပြင်တော်ဂေါပကအဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် ငြမ်းဆင်ခြင်း လုပ်ငန်းအား ၂၀၂၂ ဇန်နဝါရီ ၁၇ ရက်မှ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး သစ်ဆေးသုတ်ခြင်း လုပ်ငန်း ကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။

 

ဆက်လက်ပြီး ကျိုက်ထီးရိုးစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းများကိုတော့ ဖေဖော်ဝါရီ ၂၀ ရက်မှ မတ် ၆ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်၍ ဘုရားဖူး ပြည်သူများမှ ပါဝင်လှူဒါန်းနိုင်သည်။

 

Photo – ဆရာတော်ဘဒ္ဒန္တနန္ဒမာလာ

 

#PeopleMedia #ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီး

 

(unicode)


…………………………………………………………

 


 


 


 


 


 


 

Photo – ဆရာတောျဘဒ်ဒန်တနန်ဒမာလာ

 



Share this post