• Follow Us on
Latest News

Home ဆြမ္ပရာဘြမ္လမ္းပိုင္း ျပင္ဆင္ရာတြင္ စနစ္တက်လဳပ္ေဆာင္မႈ အားနည္းေၾကာင္း ေဒသခံမ်ားေဝဖန္

ဆြမ္ပရာဘြမ္လမ္းပိုင္း ျပင္ဆင္ရာတြင္ စနစ္တက်လဳပ္ေဆာင္မႈ အားနည္းေၾကာင္း ေဒသခံမ်ားေဝဖန္

Share this post

ျမစ္ႀကီးနား၊ ဇြန္ ၁၇

ျမစ္ႀကီးနားၿမိဳ႕ တပ္ကုန္းရပ္ကြက္ရွိ ျမစ္ႀကီးနား-ဆြမ္ပရာဘြမ္ လမ္းပိုင္း ျပင္ဆင္ရာတြင္ စနစ္တက် လုပ္ေဆာင္မႈ အားနည္းမႈေၾကာင့္ လမ္းသြားလမ္းလာမ်ားႏွင့္ လမ္းေဘးဝဲယာ ေနထိုင္သူ အခ်ိဳ႕ ထိခိုက္နစ္နာမႈမ်ားရွိေၾကာင္း ေဝဖန္ေျပာဆိုေနၾကသည္။

အဆိုပါ လမ္းပိုင္းျပင္ဆင္ရာတြင္ ႏွစ္ဘက္ေရေျမာင္းမ်ား၊ လမ္းလယ္ကြၽန္းမ်ားႏွင့္ လမ္းဘက္လမ္းမ်ား အားလုံးတၿပိဳင္နက္ ဖ်က္လိုက္သည့္ အတြက္ ျပည္သူမ်ားတြင္ စီးပြားေရးႏွင့္ က်န္းမာေရး မ်ား ထိခိုက္နစ္နာမႈ မ်ား ရွိေနေၾကာင္း တပ္ကုန္းရပ္ကြက္ေန ေဒၚခင္စန္းတင့္က ေျပာသည္။

“အန္တီက ပန္းဆိုင္ဖြင့္ထားတယ္ အန္တီရဲ႕ ဆိုင္ဘက္မွာ လမ္းျပင္ေနတာဆိုရင္ လနဲကခ်ီၿပီး ေတာ္ေတာ္ကို ၾကာေနၿပီ လမ္းျပင္ေနေတာ့ ေတာ္႐ုံေဈးဝယ္က လာမဝယ္ေတာ့ဘူး စီးပြားေရးကို ေတာ္ေတာ္ထိခိုက္တယ္။ မိုး႐ြာရင္ပိုဆိုးတယ္။ ဗြတ္ေတြထၿပီး ေရေတြက ဝပ္ေနတယ္၊ ေနပူရင္လည္း ဘာမွ မျမင္ရဘူး ဖုန္ေတြဘဲ” ၎က ဆိုသည္။

ယင္းလမ္းပိုင္း ျပင္ဆင္ရာတြင္ လမ္းသြားလမ္းလာ ျပည္သူမ်ား အေႏွာက္မယွက္ မျဖစ္ေစရန္အတြက္ လုပ္ငန္း မစတင္မီ ကတည္းက ေဆာက္လုပ္ေရး ကုမၸဏီမ်ားအား ႀကိဳတင္ ၫႊန္ၾကားထားေၾကာင္း ျမစ္ႀကီးနားၿမိဳ႕နယ္ လမ္းဦးစီးဌာနက တာဝန္ရွိသူ တစ္ဦးက ေျပာျပသည္။

“ကြၽန္ေတာ္တို႔ လမ္းဦးစီးဌာန အေနနဲ႕ လုပ္ငန္းမစတင္ခင္ ကတည္းက ကုမၸဏီေတြကို ျပည္သူေတြ အခက္အခဲ မရွိသြားလို႔ ရေအာင္ Step by Step လုပ္ေဆာင္ဖို႔ ၫႊန္ၾကားပါတယ္၊ အဓိက စလုပ္တာက ေရေျမာင္းေပါ့ အရင္ဆုံး ပလက္ေဖာင္းေတြ လမ္းလယ္ ကြၽန္းေတြ ဖ်က္မယ္၊ ေရေျမာင္းေတြကို ေတာ့ ဦးစားေပးေပ့ါ။ ဒါေတြၿပီးၿပီ ဆိုမွ လမ္းကို ျပည္သူေတြလည္း သြားလာလို႔ ရေအာင္လမ္းကို တစ္ဖက္ကို အရင္ဆုံးစၿပီးလုပ္ လုပ္ၿပီးမွ ဖ်က္စရာရွိတာ ဖ်က္ဖို႔ ၫႊန္ၾကားခဲ့ပါတယ္” ဟု ၿမိဳ႕နယ္လမ္းဦးစီးမႉး ဦးေအာင္ဆန္းဦး က ဆိုသည္။

အဆိုပါ ဆြမ္ပရာဘြမ္ လမ္းပိုင္အား ၂၀၁၉-၂၀၂၀ဘ႑ာေရးႏွစ္ ျပည္နယ္အစိုးရ ေငြလုံးေငြရင္း ရန္ပုံေငြႏွင့္ တင္ဒါေခၚခဲ့ၿပီး မတ္လပိုင္းတြင္ မန္းျပည္တံခြန္ကုမၸဏီႏွင့္ “ Power Five Star ကုမၸဏီတို႔က တင္ဒါေအာင္ျမင္ကာ ျပဳျပင္တည္ေဆာက္ခြင့္ရရွိခဲ့ျခင္း ျဖစ္သည္။

“Power Five Star ကုမၸဏီက လုပ္ငန္းကို ဆက္တိုက္လုပ္ခ်င္တာနဲ႕ ႏွစ္ဖက္လုံး လႊာပစ္လို႔ တားထားရတယ္။ မန္းျပည္တံခြန္ကေတာ့ သူတို႔လည္း လုပ္ငန္းအေတြ႕အႀကဳံလည္း မ်ားေနၿပီ ဆိုေတာ့ လႊာစရာရွိတာ လႊာၿပီး Step by Step လုပ္ေဆာင္ေနတယ္ လုပ္ငန္းၿပီးတာေတာ့ ေႏွးခ်င္ေႏွးမွာေပါ့ ” ဟု ဦးေအာင္ဆန္းဦးက ထည့္သြင္းေျပာဆိုသည္။

လမ္းႏွစ္ဖက္စလုံး ျပင္ဆင္ေနၿပီး အခ်ိန္ကာလ ၾကာျမင့္ၿပီ ျဖစ္သည့္ အတြက္ အဆိုပါ လမ္းေပၚ ျဖတ္သန္း သြားလာေနသည့္ ယာဥ္မ်ား အေနႏွင့္ အဆင္ေျပသည့္လမ္း လမ္းဘက္ကိုသာ သြားလာေနၾကရသည့္ အတြက္ လမ္းေၾကာပိတ္ဆို႔ျခင္းႏွင့္ ယာဥ္တိုက္မႈ မ်ားလည္း မၾကာခဏ ျဖစ္ပြားေနေၾကာင္း တပ္ကုန္းရပ္ကြက္မွ Queen စတိုးဆိုင္ပိုင္ရွင္ ဆိုသည္။

“ ဒီလမ္းျပင္တာ ၾကာလြန္းလို႔ ဒုကၡေရာက္ေနတာကို ဘယ္လူႀကီးကို သြားအကူအညီေတာင္းရမွန္း မသိဘူး ျဖစ္ေနတယ္၊ အန္တီဆိုင္ေရွ႕မွာ အသြားအလာ ယာဥ္အားလုံး လမ္းတစ္ဖက္တည္းကို ဘဲသုံးေနေတာ့ ယာဥ္တိုက္မႈလည္း မၾကာခဏျဖစ္တယ္၊ ေနာက္တစ္ခုက က်န္းမာေရး လည္း ထိခိုက္တယ္ ကိုဗစ္က တစ္မ်ိဳး၊ လမ္းျပင္တာ ၾကာတာက တစ္မ်ိဳး ျဖစ္နိုင္ရင္ သက္ဆိုင္ရာကလည္း အျမန္ၿပီးေအာင္ လာစစ္ေဆးေစခ်င္တယ္ ” ဟု ေျပာသည္။

၂၀၂၀ခုႏွစ္ စက္တင္ဘာလအတြင္း အၿပီးသတ္တည္ေဆာက္ရမည့္ အဆိုပါ ျမစ္ႀကီးနား-ဆြမ္ပရာဘြမ္ လမ္းပိုင္းအား မန္းျပည္တံခြန္ ကုမၸဏီက ၂.၁၇ ကီလိုမီတာကို က်ပ္သန္း ၂၄၇၅.၃ သန္းျဖင့္ လည္းေကာင္း၊ Power Five Star ကုမၸဏီက ၂.၂ ကီလိုမီတာကို က်ပ္သန္း ၂၅၂၆ သန္း ျဖင့္ လည္းေကာင္း အသီးသီး တင္ဒါေအာင္ျမင္ကာ ျပဳျပင္တည္ေဆာက္ခြင့္ရရွိခဲ့သျဖင့္ ယခုကဲ့သို႔ ျပဳျပင္တည္ေဆာက္ေနျခင္း ျဖစ္ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕နယ္ လမ္းဦးစီးဌာနမွ သိရသည္။

မိုးေလး

#PeopleMedia

[Unicode]
ဆွမ်ပရာဘွမ်လမ်းပိုင်း ပြင်ဆင်ရာတွင် စနစ်တကျလုပ်ဆောင်မှု အားနည်းကြောင်း ဒေသခံများဝေဖန်
………………………………………………………………………….

မြစ်ကြီးနား၊ ဇွန် ၁၇

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းပိုင်း ပြင်ဆင်ရာတွင် စနစ်တကျ လုပ်ဆောင်မှု အားနည်းမှုကြောင့် လမ်းသွားလမ်းလာများနှင့် လမ်းဘေးဝဲယာ နေထိုင်သူ အချို့ ထိခိုက်နစ်နာမှုများရှိကြောင်း ဝေဖန်ပြောဆိုနေကြသည်။

အဆိုပါ လမ်းပိုင်းပြင်ဆင်ရာတွင် နှစ်ဘက်ရေမြောင်းများ၊ လမ်းလယ်ကျွန်းများနှင့် လမ်းဘက်လမ်းများ အားလုံးတပြိုင်နက် ဖျက်လိုက်သည့် အတွက် ပြည်သူများတွင် စီးပွားရေးနှင့် ကျန်းမာရေး များ ထိခိုက်နစ်နာမှု များ ရှိနေကြောင်း တပ်ကုန်းရပ်ကွက်နေ ဒေါ်ခင်စန်းတင့်က ပြောသည်။

“အန်တီက ပန်းဆိုင်ဖွင့်ထားတယ် အန်တီရဲ့ ဆိုင်ဘက်မှာ လမ်းပြင်နေတာဆိုရင် လနဲကချီပြီး တော်တော်ကို ကြာနေပြီ လမ်းပြင်နေတော့ တော်ရုံဈေးဝယ်က လာမဝယ်တော့ဘူး စီးပွားရေးကို တော်တော်ထိခိုက်တယ်။ မိုးရွာရင်ပိုဆိုးတယ်။ ဗွတ်တွေထပြီး ရေတွေက ဝပ်နေတယ်၊ နေပူရင်လည်း ဘာမှ မမြင်ရဘူး ဖုန်တွေဘဲ” ၎င်းက ဆိုသည်။

ယင်းလမ်းပိုင်း ပြင်ဆင်ရာတွင် လမ်းသွားလမ်းလာ ပြည်သူများ အနှောက်မယှက် မဖြစ်စေရန်အတွက် လုပ်ငန်း မစတင်မီ ကတည်းက ဆောက်လုပ်ရေး ကုမ္ပဏီများအား ကြိုတင် ညွှန်ကြားထားကြောင်း မြစ်ကြီးနားမြို့နယ် လမ်းဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“ကျွန်တော်တို့ လမ်းဦးစီးဌာန အနေနဲ့ လုပ်ငန်းမစတင်ခင် ကတည်းက ကုမ္ပဏီတွေကို ပြည်သူတွေ အခက်အခဲ မရှိသွားလို့ ရအောင် Step by Step လုပ်ဆောင်ဖို့ ညွှန်ကြားပါတယ်၊ အဓိက စလုပ်တာက ရေမြောင်းပေါ့ အရင်ဆုံး ပလက်ဖောင်းတွေ လမ်းလယ် ကျွန်းတွေ ဖျက်မယ်၊ ရေမြောင်းတွေကို တော့ ဦးစားပေးပေ့ါ။ ဒါတွေပြီးပြီ ဆိုမှ လမ်းကို ပြည်သူတွေလည်း သွားလာလို့ ရအောင်လမ်းကို တစ်ဖက်ကို အရင်ဆုံးစပြီးလုပ် လုပ်ပြီးမှ ဖျက်စရာရှိတာ ဖျက်ဖို့ ညွှန်ကြားခဲ့ပါတယ်” ဟု မြို့နယ်လမ်းဦးစီးမှူး ဦးအောင်ဆန်းဦး က ဆိုသည်။

အဆိုပါ ဆွမ်ပရာဘွမ် လမ်းပိုင်အား ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ငွေလုံးငွေရင်း ရန်ပုံငွေနှင့် တင်ဒါခေါ်ခဲ့ပြီး မတ်လပိုင်းတွင် မန်းပြည်တံခွန်ကုမ္ပဏီနှင့် “ Power Five Star ကုမ္ပဏီတို့က တင်ဒါအောင်မြင်ကာ ပြုပြင်တည်ဆောက်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

“Power Five Star ကုမ္ပဏီက လုပ်ငန်းကို ဆက်တိုက်လုပ်ချင်တာနဲ့ နှစ်ဖက်လုံး လွှာပစ်လို့ တားထားရတယ်။ မန်းပြည်တံခွန်ကတော့ သူတို့လည်း လုပ်ငန်းအတွေ့အကြုံလည်း များနေပြီ ဆိုတော့ လွှာစရာရှိတာ လွှာပြီး Step by Step လုပ်ဆောင်နေတယ် လုပ်ငန်းပြီးတာတော့ နှေးချင်နှေးမှာပေါ့ ” ဟု ဦးအောင်ဆန်းဦးက ထည့်သွင်းပြောဆိုသည်။

လမ်းနှစ်ဖက်စလုံး ပြင်ဆင်နေပြီး အချိန်ကာလ ကြာမြင့်ပြီ ဖြစ်သည့် အတွက် အဆိုပါ လမ်းပေါ် ဖြတ်သန်း သွားလာနေသည့် ယာဉ်များ အနေနှင့် အဆင်ပြေသည့်လမ်း လမ်းဘက်ကိုသာ သွားလာနေကြရသည့် အတွက် လမ်းကြောပိတ်ဆို့ခြင်းနှင့် ယာဉ်တိုက်မှု များလည်း မကြာခဏ ဖြစ်ပွားနေကြောင်း တပ်ကုန်းရပ်ကွက်မှ Queen စတိုးဆိုင်ပိုင်ရှင် ဆိုသည်။

“ ဒီလမ်းပြင်တာ ကြာလွန်းလို့ ဒုက္ခရောက်နေတာကို ဘယ်လူကြီးကို သွားအကူအညီတောင်းရမှန်း မသိဘူး ဖြစ်နေတယ်၊ အန်တီဆိုင်ရှေ့မှာ အသွားအလာ ယာဉ်အားလုံး လမ်းတစ်ဖက်တည်းကို ဘဲသုံးနေတော့ ယာဉ်တိုက်မှုလည်း မကြာခဏဖြစ်တယ်၊ နောက်တစ်ခုက ကျန်းမာရေး လည်း ထိခိုက်တယ် ကိုဗစ်က တစ်မျိုး၊ လမ်းပြင်တာ ကြာတာက တစ်မျိုး ဖြစ်နိုင်ရင် သက်ဆိုင်ရာကလည်း အမြန်ပြီးအောင် လာစစ်ဆေးစေချင်တယ် ” ဟု ပြောသည်။

၂၀၂၀ခုနှစ် စက်တင်ဘာလအတွင်း အပြီးသတ်တည်ဆောက်ရမည့် အဆိုပါ မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းပိုင်းအား မန်းပြည်တံခွန် ကုမ္ပဏီက ၂.၁၇ ကီလိုမီတာကို ကျပ်သန်း ၂၄၇၅.၃ သန်းဖြင့် လည်းကောင်း၊ Power Five Star ကုမ္ပဏီက ၂.၂ ကီလိုမီတာကို ကျပ်သန်း ၂၅၂၆ သန်း ဖြင့် လည်းကောင်း အသီးသီး တင်ဒါအောင်မြင်ကာ ပြုပြင်တည်ဆောက်ခွင့်ရရှိခဲ့သဖြင့် ယခုကဲ့သို့ ပြုပြင်တည်ဆောက်နေခြင်း ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။

မိုးလေး

#PeopleMedia


Share this post