• Follow Us on
Latest News

Home ဆြမ္ပရာဘြမ္ၿမိဳ႕နယ္၌ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ မဲဆႏၵရွင္ႏွစ္ေထာင္နီးပါး သာရွိ

ဆြမ္ပရာဘြမ္ၿမိဳ႕နယ္၌ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ မဲဆႏၵရွင္ႏွစ္ေထာင္နီးပါး သာရွိ

Share this post

ဆြမ္ပရာဘြမ္၊ ဇူလိုင္ ၂၈

ကခ်င္ျပည္နယ္၊ ပူတာအိုခ႐ိုင္၊ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္၌ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ (၈) ရက္ေန႔တြင္ က်င္းပ ျပဳလုပ္မည့္ ပါတီစုံအေထြေထြေရြးေကာက္ပြဲအတြက္ ပထမအႀကိမ္ မဲဆႏၵရွင္အမည္စာရင္းအရ ဆႏၵမဲေပး ပိုင္ခြင့္ရွိသူ ႏွစ္ေထာင္နီးပါးသာရွိေၾကာင္းသိရသည္။

ဆြမ္ပရာဘြမ္ၿမိဳ႕တြင္ ၿမိဳ႕ေပၚရပ္ကြက္ (၃) ရပ္ကြက္၊ ေက်းရြာအုပ္စု (၉) အုပ္စုရွိ မဲ႐ုံေပါင္း(၁၂) ႐ုံတြင္ မဲေပး ပိုင္ခြင့္ရွိသူ မဲဆႏၵရွင္ (က်ား) ၉၅၁ ဦး (မ) ၉၅၂ ဦး မဲဆႏၵရွင္ စုစုေပါင္း (၁၉၀၃) ဦးရွိေၾကာင္း ၿမိဳ႕နယ္ေကာ္မ ရွင္အဖြဲ႕ခြဲထံမွ သိရသည္။

ဆြမ္ပရာဘြမ္ၿမိဳ႕နယ္၏ မဲဆႏၵရွင္ အမည္စာရင္း ထုတ္ျပန္ေၾကညာမႈမ်ားအား ၿမိဳ႕နယ္ေကာ္မရွင္ အဖြဲ႕ခြဲဥကၠ႒ ဦးဒိန္ခန္ယုံခႏွင့္ ၿမိဳ႕နယ္ေကာ္မရွင္ အဖြဲ႕ခြဲမ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားက ယမန္ေန႔ မြန္းလြဲ (၂) နာရီက ၿမိဳ႕ေပၚ ရပ္ကြက္ (၃) ရပ္ကြက္သို႔ ကြင္းဆင္းစစ္ေဆးခဲ့ၾကၿပီး က်န္ေက်းရြာ (၉) အုပ္စုကိုလည္း ဆက္လက္ ကြင္းဆင္း စစ္ေဆးသြားမည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါေၾကညာစာရင္းတြင္ မဲေပးခြင့္ရွိသူအေနျဖင့္ မိမိအမည္စာရင္း ပါ/မပါ အခ်က္အလက္မွန္/မမွန္ စစ္ေဆး ရန္ႏွင့္ မိမိအမည္မဲစာရင္းတြင္ မပါဝင္ပါက ပုံစံ(၃)ျဖင့္လည္ေကာင္း၊ မပါဝင္သင့္သူမ်ား ပါဝင္ေနပါက ပုံစံ(၄) ျဖင့္လည္းေကာင္း၊ မဲစာရင္းပါ အခ်က္အလက္မ်ား မွားယြင္းေနပါက ပုံစံ ၄ (ဂ) ျဖင့္လည္းေကာင္း ျပင္ဆင္ ျဖည့္စြက္ပယ္ဖ်က္ျခင္းမ်ား ေဆာင္ရြက္ႏိုင္ၾကရန္ႏွင့္ မဲဆႏၵရွင္ျပည္သူမ်ားအေနျဖင့္ အိမ္ေထာင္စုတစ္စုလွ်င္ အနည္းဆုံးတစ္ဦး မပ်က္မကြက္ လာေရာက္ ၾကည့္ရႈစစ္ေဆးျခင္းျဖင့္ ပူးေပါင္းေဆာင္ရြက္ၾကပါရန္ ႏႈိးေဆာ္ ထားၿပီး မဲစာရင္းကို ဇူလိုင္(၂၅) ရက္ေန႔မွ ၾသဂုတ္(၇) ရက္ေန႔အထိ (၁၄) ရက္ၾကာ ေၾကညာထားမည္ ျဖစ္ ေၾကာင္းသိရသည္။

မဲဆႏၵရွင္စာရင္းသည္ ၂၀၂၀ ျပည့္ႏွစ္၊ အေထြေထြေရြးေကာက္ပြဲအတြက္ ပထမအႀကိမ္ ထုတ္ျပန္ထားျခင္း ျဖစ္ၿပီး ျပင္ဆင္၊ ျဖည့္စြက္၊ ပ်ယ္ဖ်က္ျခင္း ေဆာင္ရြက္ၿပီး မဲဆႏၵရွင္စာရင္းမ်ားကို ျပန္လည္ျဖည့္စြက္ ေၾကညာ သြားမည္ျဖစ္ေၾကာင္းသိရသည္။

ဖုန္ကန္(ပူတာအို)၊ ကုေဋ

#PeopleMedia

(unicode)
ဆွမ်ပရာဘွမ်မြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်နှစ်ထောင်နီးပါး သာရှိ
…………………………………………………

ဆွမ်ပရာဘွမ်၊ ဇူလိုင် ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်အမည်စာရင်းအရ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ နှစ်ထောင်နီးပါးသာရှိကြောင်းသိရသည်။

ဆွမ်ပရာဘွမ်မြို့တွင် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၉) အုပ်စုရှိ မဲရုံပေါင်း(၁၂) ရုံတွင် မဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် (ကျား) ၉၅၁ ဦး (မ) ၉၅၂ ဦး မဲဆန္ဒရှင် စုစုပေါင်း (၁၉၀၃) ဦးရှိကြောင်း မြို့နယ်ကော်မ ရှင်အဖွဲ့ခွဲထံမှ သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်၏ မဲဆန္ဒရှင် အမည်စာရင်း ထုတ်ပြန်ကြေညာမှုများအား မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဒိန်ခန်ယုံခနှင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ (၂) နာရီက မြို့ပေါ် ရပ်ကွက် (၃) ရပ်ကွက်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ကျန်ကျေးရွာ (၉) အုပ်စုကိုလည်း ဆက်လက် ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါကြေညာစာရင်းတွင် မဲပေးခွင့်ရှိသူအနေဖြင့် မိမိအမည်စာရင်း ပါ/မပါ အချက်အလက်မှန်/မမှန် စစ်ဆေး ရန်နှင့် မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်ကောင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄) ဖြင့်လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ ၄ (ဂ) ဖြင့်လည်းကောင်း ပြင်ဆင် ဖြည့်စွက်ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ကြရန်နှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး မပျက်မကွက် လာရောက် ကြည့်ရှုစစ်ဆေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် နှိုးဆော် ထားပြီး မဲစာရင်းကို ဇူလိုင်(၂၅) ရက်နေ့မှ ဩဂုတ်(ရ) ရက်နေ့အထိ (၁၄) ရက်ကြာ ကြေညာထားမည် ဖြစ် ကြောင်းသိရသည်။

မဲဆန္ဒရှင်စာရင်းသည် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် ထုတ်ပြန်ထားခြင်း ဖြစ်ပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ပျယ်ဖျက်ခြင်း ဆောင်ရွက်ပြီး မဲဆန္ဒရှင်စာရင်းများကို ပြန်လည်ဖြည့်စွက် ကြေညာ သွားမည်ဖြစ်ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)၊ ကုဋေ

#PeopleMedia


Share this post