• Follow Us on

Home ဆႏၵမဲေပးသူမ်ား၏ ႀကိဳတင္မဲပုံးမ်ားကို NLD ပါတီရဲ႕ မဲ႐ုံကိုယ္စားလွယ္က တိပ္မ်ားကို ဖြင့္ေဖာက္မႈျဖစ္ပြား

ဆႏၵမဲေပးသူမ်ား၏ ႀကိဳတင္မဲပုံးမ်ားကို NLD ပါတီရဲ႕ မဲ႐ုံကိုယ္စားလွယ္က တိပ္မ်ားကို ဖြင့္ေဖာက္မႈျဖစ္ပြား

Share this post

“သူတို႔က သေဘာရိုးနဲ႔ လုပ္တာေတာ့ မွန္ေပမယ့္၊ မဲရံုကိုယ္စားလွယ္ဆိုတာက သင္တန္းေပးထားတယ္ဆို တာလည္း တစ္ရက္ေလာက္ပဲ သင္တန္းေပးတဲ့လူဆိုေတာ့ အကုန္လံုးေတာ့ ဘယ္နားမလဲ၊ ေရြးေကာက္ပြဲ ဥပေဒအကုန္လံုးကို ေက်ညပ္ေအာင္ ဖတ္ထားႏိုင္တာလည္း မဟုတ္ဘူး၊ ၿပီးေတာ့ သူတို႔က စိတ္၀င္တစားနဲ႔ လာကူညီတဲ့ သူေတြပါ” NLD ပါတီ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဇယ္ေခါင္
“ဒါက တာ၀န္ရွိတဲ့သူမဟုတ္ရင္ မဲပံုးေတြကိုု သြားထိလို႔ မရဘူးေလ၊ သူတို႔ သတ္မွတ္ထားတဲ့ေနရာမွာ မဟုတ္ဘဲ ေစာေစာစီးစီး သြားထိလို႔ အဲ့လိုမ်ိဳး ျဖစ္တာေပါ့” ၀ိုင္းေမာ္ၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္ခြဲ အတြင္းေရးမွဴး ေဒၚရည္မြန္လိႈင္
ႀကိဳတင္မဲပံုးကို NLD ပါတီရဲ႕ မဲရံုကိုယ္စားလွယ္က မဲပံုးပိတ္ထားတဲ့ တိပ္ကို သြားေရာက္ ဖြင့္ေဖာက္ခဲ့တဲ့ ျဖစ္စဥ္တစ္ခု ကခ်င္ျပည္နယ္၀ိုင္းေမာ္ၿမိဳ႕နယ္ အမွတ္ (၄) ရပ္ကြက္မွာ ေအာက္တိုဘာ ၃၀ ရက္ေန႔က ျဖစ္ပြားခဲ့ပါတယ္။
ေအာက္တိုဘာ ၂၉ ရက္ေန႔က ဆႏၵမဲေပးသူမ်ား၏ ဆႏၵမဲမ်ားကို NLD ပါတီရဲ႕မဲရံုကိုယ္စားလွယ္က ေအာက္တို ဘာ ၃၀ ရက္ေန႔မွာ တိပ္မ်ားကိုဖြင့္ေဖာက္ခဲ့ျခင္းျဖစ္ၿပီး ယင္းကိစၥႏွင့္ပတ္သက္၍ ၀ိုင္းေမာ္ၿမိဳ႕နယ္ ရဲစခန္းမွာ ပုဒ္မ ၅၉(င) ျဖင့္ အမႈဖြင့္ထားၿပီး အထက္ပါ ျဖစ္စဥ္အေပၚ People Media က NLD ပါတီ၏ ကခ်င္ျပည္နယ္ ၀ိုင္း ေမာ္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဇယ္ေခါင္ႏွင့္ ၀ိုင္းေမာ္ၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႔ခြဲအတြင္းေရးမွဴးေဒၚရည္မြန္လိႈင္ ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။
#PeopleMedia
(unicode)
ဆန္ဒမဲပေးသူများ၏ ကြိုတင်မဲပုံးများကို NLD ပါတီရဲ့ မဲရုံကိုယ်စားလှယ်က တိပ်များကို ဖွင့်ဖောက်မှုဖြစ်ပွား
……………………………………………………………
“သူတို့က သဘောရိုးနဲ့ လုပ်တာတော့ မှန်ပေမယ့်၊ မဲရုံကိုယ်စားလှယ်ဆိုတာက သင်တန်းပေးထားတယ်ဆို တာလည်း တစ်ရက်လောက်ပဲ သင်တန်းပေးတဲ့လူဆိုတော့ အကုန်လုံးတော့ ဘယ်နားမလဲ၊ ရွေးကောက်ပွဲ ဥပဒေအကုန်လုံးကို ကျေညပ်အောင် ဖတ်ထားနိုင်တာလည်း မဟုတ်ဘူး၊ ပြီးတော့ သူတို့က စိတ်ဝင်တစားနဲ့ လာကူညီတဲ့ သူတွေပါ” NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇယ်ခေါင်
“ဒါက တာဝန်ရှိတဲ့သူမဟုတ်ရင် မဲပုံးတွေကိုု သွားထိလို့ မရဘူးလေ၊ သူတို့ သတ်မှတ်ထားတဲ့နေရာမှာ မဟုတ်ဘဲ စောစောစီးစီး သွားထိလို့ အဲ့လိုမျိုး ဖြစ်တာပေါ့” ၀ိုင်းမော်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲ အတွင်းရေးမှူး ဒေါ်ရည်မွန်လှိုင်
ကြိုတင်မဲပုံးကို NLD ပါတီရဲ့ မဲရုံကိုယ်စားလှယ်က မဲပုံးပိတ်ထားတဲ့ တိပ်ကို သွားရောက် ဖွင့်ဖောက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ် အမှတ် (၄) ရပ်ကွက်မှာ အောက်တိုဘာ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့က ဆန္ဒမဲပေးသူများ၏ ဆန္ဒမဲများကို NLD ပါတီရဲ့မဲရုံကိုယ်စားလှယ်က အောက်တို ဘာ ၃၀ ရက်နေ့မှာ တိပ်များကိုဖွင့်ဖောက်ခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ၀ိုင်းမော်မြို့နယ် ရဲစခန်းမှာ ပုဒ်မ ၅၉(င) ဖြင့် အမှုဖွင့်ထားပြီး အထက်ပါ ဖြစ်စဉ်အပေါ် People Media က NLD ပါတီ၏ ကချင်ပြည်နယ် ၀ိုင်း မော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇယ်ခေါင်နှင့် ၀ိုင်းမော်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးဒေါ်ရည်မွန်လှိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
#PeopleMedia

NLD ပါတီ၏ ကခ်င္ျပည္နယ္၀ိုင္းေမာ္ၿမိဳ႕နယ္အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဇယ္ေခါင္

People Media ။ ။ NLD ပါတီရဲ႕ မဲရံုကိုယ္စားလွယ္ကို အမႈဖြင့္ထားတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ျဖစ္စဥ္ေျပာျပ ေပးပါအုန္း။
UZK ။ ။ ေလာေလာဆယ္ အေျခအေနကေတာ့ ရပ္ေက်းေကာ္မရွင္က တရားစြဲထားတယ္။ တိပ္ကပ္ထား တာကို ဖြင့္တယ္ဆိုတာလည္း ပထမေန႔မွာ သူကိုယ္တိုင္ တိပ္ကို ကပ္ေပးခဲ့တာလို႔ ေျပာတာပဲ၊ သူက အမ်ား ေရွ႕မွာ ကပ္ခဲ့တယ္၊ ေနာက္ရက္ၾကေတာ့ မဲရံုဖြင့္တဲ့အခ်ိန္မွာ မဲပံုးကို ပိတ္ထားေတာ့ မဲထည့္မယ့္သူ အဆင္မေျပမွာဆိုးလို႔ သူမဲပံုးတိပ္ကို ဖြင့္ၿပီး ျပန္ထြက္သြားတယ္လို႔ေျပာတယ္၊ သူဖြင့္တဲ့အခ်ိန္မွာ တျခားလူေတြ လည္း ရွိမွာေပါ့၊ မဲရံုတာ၀န္ခံေတြ ရွိမယ္၊ မဲက အထူးရဲေတြလည္း ရွိမွာေပါ့၊ ျဖစ္စဥ္ကို ကိုယ္တိုင္ မျမင္တဲ့အတြက္ ဟုတ္ပါတယ္ မဟုတ္ပါဘူးဆိုတာ အရမ္းႀကီး အျငင္းမပြားေတာ့ဘူး။

People Media ။ ။ ဆရာတို႔ကိုယ္စားလွယ္ကို ဒါမ်ိဳး ေနာက္မျဖစ္ေအာင္ ဘယ္လိုညြန္ၾကားထားတာရွိလဲ၊
UZK ။ ။ ကြ်န္ေတာ္တို႔အေနနဲ႔ကေတာ့ မဲရံုုကိုယ္စားလွယ္ေတြကို မဲပံုုးနားမသြားနဲ႔ အေ၀းကပဲၾကည့္ေနေပါ့ ဒါပဲေျပာတယ္၊ သူတို႔က သေဘာရိုးနဲ႔ လုပ္တာေတာ့ မွန္ေပမယ့္၊ မဲရံုကိုယ္စားလွယ္ဆိုတာက သင္တန္းေပး ထားတယ္ဆိုတာလည္း တစ္ရက္ေလာက္ပဲ သင္တန္းေပးတဲ့လူဆိုေတာ့ အကုန္လံုးေတာ့ ဘယ္နားမလဲ၊ ေရြးေကာက္ပြဲ ဥပေဒအကုန္လံုးကို ေက်ညပ္ေအာင္ ဖတ္ထားႏိုင္တာလည္း မဟုတ္ဘူး၊ ၿပီးေတာ့ သူတို႔က စိတ္၀င္တစားနဲ႔ လာကူညီတဲ့သူေတြပါ။

People Media ။ ။ အခုကိစၥနဲ႔ ပတ္သက္ၿပီး ဆရာတို႔အေပၚမွာ ေ၀ဖန္မႈေတြရွိေနေတာ့ ဒါကိုဘာမ်ားေျပာ ခ်င္လဲ။
UZK ။ ။ ဒါေ၀ဖန္မႈရွိတဲ့ အပိုင္းကေတာ့ ရွိမွာေပါ့၊ ေရြးေကာက္ပြဲဆိုတာ ကြ်န္ေတာ္တို႔ အကုန္လံုး အမ်ားျမင္သာတဲ့ ေနရာမွာ လုပ္တဲ့အခါက်ေတာ့ ကြ်န္ေတာ္အေနနဲ႔ေတာ့ သီးျခားေျပာစရာမရွိပါဘူး။

Peope Media ။ ။ မဲရံုကိုယ္စားလွယ္ေတြကို ဆရာတို႔ ကိုယ္တိုင္ ေရြးခ်ယ္ထားတာလား မသိဘူး။
UZK ။ ။ ဒီဟာကို ကြ်န္ေတာ္တို႔ ေရြးခ်ယ္တဲ့ သူမဟုတ္ဘူး၊ မဲဆႏၵနယ္ တစ္ႏွစ္ဆိုၿပီးႏွစ္ခုခြဲထားတာေပါ့၊ တစ္မွာ ျပည္သူလႊတ္ေတာ္နဲ႔ ျပည္နယ္လႊတ္ေတာ္ ကုိယ္စားလွယ္ေပါ့၊ သူတို႔ႏွစ္ေယာက္ဘက္ကို သူတို႔အကုန္ေရြးခ်ယ္တယ္ေပါ့၊ ကြ်န္ေတာ္က မဲဆႏၵနယ္ႏွစ္ကေပါ့၊ ဒီမွာက မဲဆႏၵနယ္က က်ယ္ျပန္႔ေတာ့ တစ္စုတည္း မလုပ္ဘဲ ခြဲၿပီးလုပ္တာေပါ့။ အခုကလည္း မဲဆႏၵနယ္တစ္က ျပည္သူလႊတ္ေတာ္နဲ႔ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ေရြးခ်ယ္ၿပီးခန္႔တာဆိုေတာ့ ကြ်န္ေတာ္ အေသးစိတ္မသိဘူးဗ်။

People Media ။ ။ သူက မဲပံုုး တိပ္ကိုဖြင့္ၿပီးဘာလုပ္ေသးလဲ။ UZK ။ ။ တိပ္ကိုခြာတယ္ဆိုတာ သူက ကလစ္ေတြ ဘာေတြခြာတာမဟုတ္ဘူး၊ အေပၚက မဲျပားထည့္တဲ့ အေပါက္က တိပ္ကိုပဲ သြားခြာတာ၊ တိပ္ပိတ္ထားေတာ့ မဲထည့္လို႔ မရမွာဆိုးလို႔ သူက အဲ့တိပ္ကိုပဲ ခြာတာ၊ ေျပာမယ္ဆိုရင္ တစ္ေယာက္ထဲ ခိုးၿပီး ခြာလို႔ရတာမ်ိဳးမဟုတ္ဘူး၊ က်န္တဲ့ပါတီက ကိုယ္စားလွယ္ေတြ မေရာက္ရင္လည္း မဲရံုမွဴးနဲ႔ အထူးရဲေတြ ေရာက္ၿပီလို႔ထင္ပါတယ္၊ လာခြာတဲ့သူက မဲရံုေသာ့ကိုေတာ့ မကိုင္ေလာက္ဘူးေလ၊ မဲရံုေသာ့ကိုေတာ့ ရပ္ေက်းေကာ္မရွင္က တစ္ေယာက္ေယာက္ေတာ့ ကိုင္မွာပါ၊
People Media ။ ။ ဒါနဲ႔ပတ္သက္ၿပီးဘယ္လိုတုန္႔ျပန္သြားဖို႔ရွိလဲ။
UKZ ။ ။ ေလာေလာဆယ္ေတာ့ ကြ်န္ေတာ္တို႔ ဘာမွမေျပာေသးပါဘူး၊ အဲ့ဒီမဲပံုးေတြ အကုန္လံုးကို ခ်ိတ္ပိတ္ၿပီး သိမ္းထားတယ္ဆိုေတာ့ မဲေရၾကည့္တဲ့ ေနာက္မွဘဲ ဆက္ၿပီး ေျပာစရာရွိတာ ေျပာရံုပဲ ရွိတယ္လို႔ ျမင္ပါတယ္၊ ႀကိဳတင္မဲ ခိုးထည့္တာ မထည့္တာဆိုတာက ပထမေန႔မွာ မဲစာရင္းက ဘယ္ႏွစ္ေယာက္ရွိလဲဆိုတာ သူတို႔စီမွာရွိတယ္၊ ကြ်န္ေတာ္တို႔ဆီမွာလည္း စာရင္းအတိအက်ေတာ့ ရွိပါတယ္။

(unicode)
NLD ပါတီ၏ ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇယ်ခေါင်

People Media ။ ။ NLD ပါတီရဲ့ မဲရုံကိုယ်စားလှယ်ကို အမှုဖွင့်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်စဉ်ပြောပြ ပေးပါအုန်း။
UZK ။ ။ လောလောဆယ် အခြေအနေကတော့ ရပ်ကျေးကော်မရှင်က တရားစွဲထားတယ်။ တိပ်ကပ်ထား တာကို ဖွင့်တယ်ဆိုတာလည်း ပထမနေ့မှာ သူကိုယ်တိုင် တိပ်ကို ကပ်ပေးခဲ့တာလို့ ပြောတာပဲ၊ သူက အများ ရှေ့မှာ ကပ်ခဲ့တယ်၊ နောက်ရက်ကြတော့ မဲရုံဖွင့်တဲ့အချိန်မှာ မဲပုံးကို ပိတ်ထားတော့ မဲထည့်မယ့်သူ အဆင်မပြေမှာဆိုးလို့ သူမဲပုံးတိပ်ကို ဖွင့်ပြီး ပြန်ထွက်သွားတယ်လို့ပြောတယ်၊ သူဖွင့်တဲ့အချိန်မှာ တခြားလူတွေ လည်း ရှိမှာပေါ့၊ မဲရုံတာဝန်ခံတွေ ရှိမယ်၊ မဲက အထူးရဲတွေလည်း ရှိမှာပေါ့၊ ဖြစ်စဉ်ကို ကိုယ်တိုင် မမြင်တဲ့အတွက် ဟုတ်ပါတယ် မဟုတ်ပါဘူးဆိုတာ အရမ်းကြီး အငြင်းမပွားတော့ဘူး။

People Media ။ ။ ဆရာတို့ကိုယ်စားလှယ်ကို ဒါမျိုး နောက်မဖြစ်အောင် ဘယ်လိုညွန်ကြားထားတာရှိလဲ၊
UZK ။ ။ ကျွန်တော်တို့အနေနဲ့ကတော့ မဲရုုံကိုယ်စားလှယ်တွေကို မဲပုုံးနားမသွားနဲ့ အဝေးကပဲကြည့်နေပေါ့ ဒါပဲပြောတယ်၊ သူတို့က သဘောရိုးနဲ့ လုပ်တာတော့ မှန်ပေမယ့်၊ မဲရုံကိုယ်စားလှယ်ဆိုတာက သင်တန်းပေး ထားတယ်ဆိုတာလည်း တစ်ရက်လောက်ပဲ သင်တန်းပေးတဲ့လူဆိုတော့ အကုန်လုံးတော့ ဘယ်နားမလဲ၊ ရွေးကောက်ပွဲ ဥပဒေအကုန်လုံးကို ကျေညပ်အောင် ဖတ်ထားနိုင်တာလည်း မဟုတ်ဘူး၊ ပြီးတော့ သူတို့က စိတ်ဝင်တစားနဲ့ လာကူညီတဲ့သူတွေပါ။

People Media ။ ။ အခုကိစ္စနဲ့ ပတ်သက်ပြီး ဆရာတို့အပေါ်မှာ ဝေဖန်မှုတွေရှိနေတော့ ဒါကိုဘာများပြော ချင်လဲ။
UZK ။ ။ ဒါဝေဖန်မှုရှိတဲ့ အပိုင်းကတော့ ရှိမှာပေါ့၊ ရွေးကောက်ပွဲဆိုတာ ကျွန်တော်တို့ အကုန်လုံး အများမြင်သာတဲ့ နေရာမှာ လုပ်တဲ့အခါကျတော့ ကျွန်တော်အနေနဲ့တော့ သီးခြားပြောစရာမရှိပါဘူး။

Peope Media ။ ။ မဲရုံကိုယ်စားလှယ်တွေကို ဆရာတို့ ကိုယ်တိုင် ရွေးချယ်ထားတာလား မသိဘူး။
UZK ။ ။ ဒီဟာကို ကျွန်တော်တို့ ရွေးချယ်တဲ့ သူမဟုတ်ဘူး၊ မဲဆန္ဒနယ် တစ်နှစ်ဆိုပြီးနှစ်ခုခွဲထားတာပေါ့၊ တစ်မှာ ပြည်သူလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ပေါ့၊ သူတို့နှစ်ယောက်ဘက်ကို သူတို့အကုန်ရွေးချယ်တယ်ပေါ့၊ ကျွန်တော်က မဲဆန္ဒနယ်နှစ်ကပေါ့၊ ဒီမှာက မဲဆန္ဒနယ်က ကျယ်ပြန့်တော့ တစ်စုတည်း မလုပ်ဘဲ ခွဲပြီးလုပ်တာပေါ့။ အခုကလည်း မဲဆန္ဒနယ်တစ်က ပြည်သူလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးချယ်ပြီးခန့်တာဆိုတော့ ကျွန်တော် အသေးစိတ်မသိဘူးဗျ။

People Media ။ ။ သူက မဲပုုံး တိပ်ကိုဖွင့်ပြီးဘာလုပ်သေးလဲ။ UZK ။ ။ တိပ်ကိုခွာတယ်ဆိုတာ သူက ကလစ်တွေ ဘာတွေခွာတာမဟုတ်ဘူး၊ အပေါ်က မဲပြားထည့်တဲ့ အပေါက်က တိပ်ကိုပဲ သွားခွာတာ၊ တိပ်ပိတ်ထားတော့ မဲထည့်လို့ မရမှာဆိုးလို့ သူက အဲ့တိပ်ကိုပဲ ခွာတာ၊ ပြောမယ်ဆိုရင် တစ်ယောက်ထဲ ခိုးပြီး ခွာလို့ရတာမျိုးမဟုတ်ဘူး၊ ကျန်တဲ့ပါတီက ကိုယ်စားလှယ်တွေ မရောက်ရင်လည်း မဲရုံမှူးနဲ့ အထူးရဲတွေ ရောက်ပြီလို့ထင်ပါတယ်၊ လာခွာတဲ့သူက မဲရုံသော့ကိုတော့ မကိုင်လောက်ဘူးလေ၊ မဲရုံသော့ကိုတော့ ရပ်ကျေးကော်မရှင်က တစ်ယောက်ယောက်တော့ ကိုင်မှာပါ၊
People Media ။ ။ ဒါနဲ့ပတ်သက်ပြီးဘယ်လိုတုန့်ပြန်သွားဖို့ရှိလဲ။
UKZ ။ ။ လောလောဆယ်တော့ ကျွန်တော်တို့ ဘာမှမပြောသေးပါဘူး၊ အဲ့ဒီမဲပုံးတွေ အကုန်လုံးကို ချိတ်ပိတ်ပြီး သိမ်းထားတယ်ဆိုတော့ မဲရေကြည့်တဲ့ နောက်မှဘဲ ဆက်ပြီး ပြောစရာရှိတာ ပြောရုံပဲ ရှိတယ်လို့ မြင်ပါတယ်၊ ကြိုတင်မဲ ခိုးထည့်တာ မထည့်တာဆိုတာက ပထမနေ့မှာ မဲစာရင်းက ဘယ်နှစ်ယောက်ရှိလဲဆိုတာ သူတို့စီမှာရှိတယ်၊ ကျွန်တော်တို့ဆီမှာလည်း စာရင်းအတိအကျတော့ ရှိပါတယ်။

၀ိုင္းေမာ္ၿမိဳ႕နယ္ေရြးေကာက္ပြဲ ေကာ္မရွင္ခြဲ အတြင္းေရးမွဴး ေဒၚရည္မြန္လိႈင္

People Media ။ ။ NLD မဲရံုကိုယ္စားလွယ္မဲပံုးကိုဘာလုပ္ေနတာေတြ႕လဲမသိဘူး။
DYMH ။ ။ မဲပံုးခိုးေဖာက္တာေတာ့ မဟုတ္ပါဘူး၊ သူတို႔က မဲပံုးအ၀မွာ ကပ္ထားတဲ့ တိပ္ကို ခြာလိုက္တာပါ။

People Media ။ ။ ဒါဆို မဲပံုးကို ဘယ္လိုလူမ်ိဳးကပဲ ထိလို႔ရလဲ။
DYMH ။ ။ မထိရတဲ့ မဲပံုးကို သြားထိတာကို ဒါေၾကာင့္ အေရးယူခံရတာေပါ့၊ ဒါက တာ၀န္ရွိတဲ့သူ မဟုတ္ရင္ မဲပံုးေတြကိုု သြားထိလို႔ မရဘူးေလ၊ သူတို႔ သတ္မွတ္ထားတဲ့ေနရာမွာမဟုတ္ဘဲ ေစာေစာစီးစီး သြားထိလို႔ အဲ့လိုမ်ိဳး ျဖစ္တာေပါ့။

People Media ။ ။ ဒါမ်ိဳးေတြ ေနာက္ မျဖစ္ေအာင္ ၿမိဳ႕နယ္ေကာ္မရွင္အေနနဲ႔ ဘာေတြ ညြန္ၾကားထားလဲ။
DYMH ။ ။ ဒါမ်ိဳး အလားတူ အျဖစ္မ်ိဳး ေနာက္မျဖစ္ဖို႔ စင္ခ်င္ဖို႔ေတာ့ ေျပာထားတယ္။

(unicode)
၀ိုင်းမော်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ခွဲ အတွင်းရေးမှူး ဒေါ်ရည်မွန်လှိုင်

People Media ။ ။ NLD မဲရုံကိုယ်စားလှယ်မဲပုံးကိုဘာလုပ်နေတာတွေ့လဲမသိဘူး။
DYMH ။ ။ မဲပုံးခိုးဖောက်တာတော့ မဟုတ်ပါဘူး၊ သူတို့က မဲပုံးအဝမှာ ကပ်ထားတဲ့ တိပ်ကို ခွာလိုက်တာပါ။

People Media ။ ။ ဒါဆို မဲပုံးကို ဘယ်လိုလူမျိုးကပဲ ထိလို့ရလဲ။
DYMH ။ ။ မထိရတဲ့ မဲပုံးကို သွားထိတာကို ဒါကြောင့် အရေးယူခံရတာပေါ့၊ ဒါက တာဝန်ရှိတဲ့သူ မဟုတ်ရင် မဲပုံးတွေကိုု သွားထိလို့ မရဘူးလေ၊ သူတို့ သတ်မှတ်ထားတဲ့နေရာမှာမဟုတ်ဘဲ စောစောစီးစီး သွားထိလို့ အဲ့လိုမျိုး ဖြစ်တာပေါ့။

People Media ။ ။ ဒါမျိုးတွေ နောက် မဖြစ်အောင် မြို့နယ်ကော်မရှင်အနေနဲ့ ဘာတွေ ညွန်ကြားထားလဲ။
DYMH ။ ။ ဒါမျိုး အလားတူ အဖြစ်မျိုး နောက်မဖြစ်ဖို့ စင်ချင်ဖို့တော့ ပြောထားတယ်။


Share this post