• Follow Us on
Latest News

Home ဆန္ဒပြသူ (၅၃၀၀) ကျော်ကိုလွှတ်ပေးခဲ့ပြီး သတင်းပို့ဆက်သွယ်လာသူ (၇၀၀) ကျော်ကို အမှုများ ပိတ်သိမ်း ပေးခဲ့တယ်လို့ န-စ-က ထုတ်ပြန်

ဆန္ဒပြသူ (၅၃၀၀) ကျော်ကိုလွှတ်ပေးခဲ့ပြီး သတင်းပို့ဆက်သွယ်လာသူ (၇၀၀) ကျော်ကို အမှုများ ပိတ်သိမ်း ပေးခဲ့တယ်လို့ န-စ-က ထုတ်ပြန်

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၂ (People Media)

 

အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ခြင်းမရှိသော ဆူပူဆန္ဒပြမှုများနှင့် စပ်လျဉ်းပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သူ (၅၃၁၅) ဦးအား လွှတ်ပေးခဲ့ပြီးအပြင် သတင်းပို့ဆက်သွယ်လာသူ (၇၀၂) ဦးတို့၏ အမှုများကိုလည်း ပိတ်သိမ်း ရုပ်သိမ်းပေးခဲ့ကြောင်း န-စ-က ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်က တာဝန်လွှဲပြောင်း ရယူခဲ့ပြီးနောက် နစကသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုး တိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ တည်ငြိမ်အေးချမ်းရေးကို မလိုလားသော အဖွဲ့အစည်းများ၏ သွေးထိုး လှုံ့ဆော်မှုများကြောင့် ဆူူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့သော်လည်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ထားခြင်း မရှိသူများ၊ အခြားပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ထားခြင်းမရှိသူများ၊ CDM လှုပ်ရှားမှုတွင် ငွေကြေးအရ ဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်မှုမရှိသူများအား ၎င်းတို့အပေါ် အရေးယူထား မှုများကို ဥပဒေနှင့်အညီ ပြန်လည်ဖြေလျှော့ပေးခဲ့ရာ ဖမ်းဆီးထိန်းသိမ်းခဲ့သူ (၅၃၁၅) ဦးအား လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း န-စ-က ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

ထို့ပြင် စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူများအား မိမိသဘောဆန္ဒအလျောက် ဆက်သွယ်သတင်းပို့ပါက အထက်တွင် ဖော်ပြခဲ့သည့် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခြင်းမရှိပါ ၎င်းတို့အပေါ်ရေးဖွင့်ထားသည့် အမှု များကိုလည်း ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ၊ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် သတင်းပို့ဆက်သွယ်သူ (၇၀၂) ဦးတို့၏ အမှုများကို ပိတ်သိမ်း၊ ရုပ်သိမ်းပေးခဲ့ပြီးဖြစ်ကြောင်း ဆက် လက်ဖော်ပြထားသည်။

 

ဆက်လက်ပြီးလည်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #နစက

(unicode)


…………………………………………………………………

 


 


 


 


 


 



Share this post