• Follow Us on

Home ဆန္ဒပြအကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ကာဇက်စတန်နိုင်ငံသို့ ဗလာဒီမာပူတင် တပ်ဖွဲ့ဝင်များကို စေလွှတ်

ဆန္ဒပြအကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ကာဇက်စတန်နိုင်ငံသို့ ဗလာဒီမာပူတင် တပ်ဖွဲ့ဝင်များကို စေလွှတ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၆ (People Media)

 

ကာဇက်စတန်နိုင်ငံတွင် လောင်စာဆီဈေးနှုန်းမြင့်တက်လာသဖြင့် ဖြစ်ပေါ်လာသော အကြမ်းဖက်ဆန္ဒပြမှုများ ကို နှိမ်နှင်းရန်အတွက် ကာဇက်စတန်နိုင်ငံသို့ ရုရှားနိုင်ငံက ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များ ဇန်နဝါရီ ၅ ရက်နေ့ညက စေလွှတ်ခဲ့သည်။

 

ကာဇက်စတန်နိုင်ငံမြို့တော်တွင် ဆန္ဒပြပွဲများအရှိန်မြင့်တက်လာပြီးနောက် ဆန္ဒပြသူများသည် သမ္မတအိမ်  တော်နှင့် မြို့တော်ဝန်အိမ်တို့ကို တိုက်ခိုက်ခဲ့ကြပြီး မီးတင်ရှို့ခဲ့ကြသည်။

 

မြို့တော်အယ်မာတီတွင် ဆန္ဒပြသူများမထွက်ပြေးမီ ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းခဲ့သည်။ မကြာသေး မီရက်များအတွင်း ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့ဆုံခဲ့ရာ ချမ်းအေးလှသောရာသီတွင် ရဲတပ်ဖွဲ့ဝင် များက ဆန္ဒုပြသူများကို ရေပိုက်များဖြင့် ထိုးနှက်ခြင်း၊ မျက်ရည်ယိုဗုံးများဖြင့်ပစ်ခတ်ခြင်း၊ သတိမေ့စေသော လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 

ဆန္ဒပြဆူပူသူများ၏ အကြမ်းဖက်မှုကြောင့် ရဲအရာရှိများနှင့် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၈ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကာဇက်စတန်ပြည်ထဲရေးဝန်ကြီးကပြောသည်။ အရပ် သားအသေအပျောက်နှှင့်ပတ်သက်၍ မည်သည့်စာရင်းမှ ထုတ်ပြန်ခြင်းမရှိပေ။

 

လောင်စာဆီဈေးနှုန်းမြင့်တက်မှုနှင့်ပတ်သက်ပြီး ဆန္ဒပြသူများသည် နိုင်ငံတစ်ဝန်းအနှံ့အပြား ဆန္ဒပြလျက်ရှိ သည်။ ဆန္ဒပြသူများက အယ်မာတီမြို့တော်ဝန်၏ ရုံးခန်းကို တိုက်ခိုက်ပြီး မီးတင်ရှို့လိုက်ကြသည်။

 

လောင်စာဆီဈေးနှုန်းမြင့်တက်မှုကို အကြောင်းပြပြီး ဆန္ဒပြသူများက ဆူပူအကြမ်းဖက်ရာမှ အစိုးရအဆောက် အဦများကို တိုက်ခိုက်လာသောကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ကာဇက်စတန်အစိုးရက နိုင်ငံ တစ်ဝန်းအရေးပေါ်အခြေအနေကို ကြေညာလိုက်သည်။

 

နိုင်ငံတစ်ဝန်းအရေးပေါ်အခြေအနေ နှစ်ပတ်ကြေညာလိုက်ပြီး ဆူပူအုံကြွမှုများကို ပြင်းပြင်းထန်ထန် ကိုင်တွယ် နှိမ်နှင်းသွားမည်ဖြစ်ကြောင်း ကာဇက်စတန်သမ္မတကက်ဆန်ဂျိုးမတ်တိုကယက်ဗ်က ပြောသည်။

 

ကာဇက်စတန်နိုင်ငံတွင်း အကြမ်းဖက်မှုများကို ကိုင်တွယ်ထိန်းချုပ်နိုင်ရန် ရုရှားနိုင်ငံအနေဖြင့် နယ်စပ်ဖြတ် ကျော်၍ ရုရှားလုံခြုံရေးတပ်ဖွဲ့ဝင်များကို စေလွှတ်ပေးရန် သမ္မတတိုကယက်ဗ်က တောင်းဆိုလိုက်သည်။

 

“ဒီနေ့ အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို ဖြတ်ကျော်နိုင်ဖို့အတွက် ရုရှားနိုင်ငံက ဦးဆောင်တဲ့ CSTO နိုင်ငံတွေ (ရုရှား၊ အာမေးနီးယား၊ ကာဇက်စတန်၊ ကျားဂစ်စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်တို့ပါဝင်သော လုံခြုံ ရေးပူးပေါင်းဆောင်ရွက်သည့်နိုင်ငံများ) ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။” ဟု ၎င်းက အစိုးရရုပ်သံမှတစ်ဆင့်ပြောသည်။

 

Ref: Vladimir Putin sends troops into Kazakhstan to help curb riots over fuel price rise

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Vladimir Putin sends troops into Kazakhstan to help curb riots over fuel price rise

 

#PeopleMedia


Share this post