• Follow Us on

Home ဆႏၵျပဳအမွန္ျခစ္တံဆိပ္တုံးမ်ားလဲလွယ္မႈမျပဳေစရန္ တံဆိပ္တုံးလက္ကိုင္တြင္ႀကိဳးအေသးျဖင့္ခ်ည္ေႏွာင္၍ လွ်ိဳ႕ဝွက္ဆႏၵျပဳခန္းတြင္ခ်ည္ေႏွာင္ထားရန္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ညႊန္ၾကား

ဆႏၵျပဳအမွန္ျခစ္တံဆိပ္တုံးမ်ားလဲလွယ္မႈမျပဳေစရန္ တံဆိပ္တုံးလက္ကိုင္တြင္ႀကိဳးအေသးျဖင့္ခ်ည္ေႏွာင္၍ လွ်ိဳ႕ဝွက္ဆႏၵျပဳခန္းတြင္ခ်ည္ေႏွာင္ထားရန္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ညႊန္ၾကား

Share this post

ရန္ကုန္၊ နို၀င္ဘာ – ၄ (PeopleMedia)
 
၂၀၂၀ ေရြးေကာက္ပြဲ က်င္းပသည့္ ႏုိဝင္ဘာ(၈)ရက္ေန႔၌ မဲ႐ုံအတြင္းရွိ ဆႏၵျပဳအမွန္ျခစ္တံဆိပ္တုံးမ်ား လဲလွယ္မႈမျပဳေစရန္ တံဆိပ္တုံးရဲ႕ လက္ကိုင္မွာ ႀကိဳးအေသးနဲ႔ ခိုင္မာစြာ ခ်ည္ေႏွာင္ၿပီး လွ်ိဳ႕ဝွက္ဆႏၵျပဳခန္းမရဲ႕ ေဘးစကၠဴနံရံကိုေထာက္ၿပီး ခိုင္မာစြာ ခ်ည္ေႏွာင္ထားမွာ ျဖစ္တယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ အဆင့္ဆင့္ထံညႊန္ၾကားထားသည္။
 
ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ ညြန္ၾကားခ်က္၌ ေရြးေကာက္ပြဲက်င္ပမည့္ေန႔တြင္ မဲရုံအသီးသီးတြင္ အသုံးျပဳမည့္္ UEC အမွတ္တံဆိပ္ပါဆႏၵျပဳအမွန္ျခစ္တံဆိပ္တုံးမ်ားကုိ ပုံစံတူ အျခားတုံးမ်ားျဖင့္ လဲလွယ္ျခင္း မျပဳလုပ္ႏုိင္ေစရန္အတြက္ အဆုိပါ တံဆိပ္တုံး၏ လက္ကုိင္တြင္ ႀကိဳးအေသးျဖင့္ ခုိင္မာစြာ ခ်ည္ေႏွာင္၍ လ်ဳိ္႕ဝွက္ဆႏၵျပဳခန္း၏ ေဘးစကၠဴနံရံကုိ ေဖာက္ၿပီး ခုိင္မာစြာခ်ည္ေႏွာင္ထားရန္ ျဖစ္ပါသည္။
 
မဲ႐ုံမွဴး၊ ဒု-မဲ႐ုံမွဴးမ်ားကလည္း အခ်ိန္ခြဲေဝသက္မွတ္၍ အလွည္က်စစ္ေဆးသြားရန္ျဖစ္ေၾကာင္း ေဖာ္ျပထား သည္။
 
အဆုိပါ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ ညြန္ၾကားခ်က္ႏွင့္ပတ္သက္၍ People Media က ေနျပည္ေတာ္ေ႐ြးေကာက္ပြဲေကာ္မရွင္ခြဲ အတြင္းေရးမွဴး ဦးေအာင္စိုးထံ ဆက္သြယ္ေမးျမန္းရာတြင္ “ပုံတူတံဆိပ္တုံးေတြနဲ႔ လဲလွယ္လို႔ မရေအာင္ရယ္၊ ယူသြားလို႔ မရေအာင္ရယ္ တံဆိပ္တုံးလက္ကိုင္မွာ ႀကိဳးအေသနဲ႔ခ်ည္ေႏွာင္ၿပီး ေဘးစကၠဴနံရံကို ေဖာက္ၿပီး ခ်ည္ထားမွာ ျဖစ္ပါတယ္”လို႔ ဦးေအာင္စုိးက ေျပာသည္။
 
ထုိကဲ့သုိ႔ UEC တံဆိပ္တုံးကုိ ႀကိဳးအေသးျဖင့္ ခ်ည္ေႏွာင္ရန္ ညႊန္ၾကားခ်က္ႏွင့္ပတ္သက္ၿပီး People Media က ထပ္မံ၍ ရန္ကုန္ုတုိင္းေဒသႀကီး ေျမာက္ပုိင္းခရုိင္ ေရြးေကာက္ပြဲေကာ္မရွုင္ဥကၠ႒ ဦးေမာင္ေမႊးထံ ဆက္သြယ္ ေမးျမန္းရာ၌ “ဒီတံဆိပ္တုံးကုိ အျပင္ယူသြားလုိ႔မရေအာင္ေပါ့။ အခုကလည္း တံဆိပ္တုံးအတုနဲ႔လုပ္တာေတြ အားလုံးၾကားေနတာပဲ။ ဒါမ်ဳိးေတြ ရွိေနေတာ့ ႀကိဳစီစဥ္တဲ့ သေဘာပါ”လုိ႔ ဦးေမာင္ေမႊးက ေျပာသည္။
 
#PeopleMedia #UEC #2020election
 
(unicode)
ဆန္ဒပြုအမှန်ခြစ်တံဆိပ်တုံးများလဲလှယ်မှုမပြုစေရန် တံဆိပ်တုံးလက်ကိုင်တွင်ကြိုးအသေးဖြင့်ချည်နှောင်၍ လျှို့ဝှက်ဆန္ဒပြုခန်းတွင်ချည်နှောင်ထားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြား
………………………………………………
 
ရန်ကုန်၊ နိုဝင်ဘာ – ၄ (PeopleMedia)
 
၂၀၂၀ ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ(၈)ရက်နေ့၌ မဲရုံအတွင်းရှိ ဆန္ဒပြုအမှန်ခြစ်တံဆိပ်တုံးများ လဲလှယ်မှုမပြုစေရန် တံဆိပ်တုံးရဲ့ လက်ကိုင်မှာ ကြိုးအသေးနဲ့ ခိုင်မာစွာ ချည်နှောင်ပြီး လျှို့ဝှက်ဆန္ဒပြုခန်းမရဲ့ ဘေးစက္ကူနံရံကိုထောက်ပြီး ခိုင်မာစွာ ချည်နှောင်ထားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အဆင့်ဆင့်ထံညွှန်ကြားထားသည်။
 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွန်ကြားချက်၌ ရွေးကောက်ပွဲကျင်ပမည့်နေ့တွင် မဲရုံအသီးသီးတွင် အသုံးပြုမည့်် UEC အမှတ်တံဆိပ်ပါဆန္ဒပြုအမှန်ခြစ်တံဆိပ်တုံးများကို ပုံစံတူ အခြားတုံးများဖြင့် လဲလှယ်ခြင်း မပြုလုပ်နိုင်စေရန်အတွက် အဆိုပါ တံဆိပ်တုံး၏ လက်ကိုင်တွင် ကြိုးအသေးဖြင့် ခိုင်မာစွာ ချည်နှောင်၍ လျို့်ဝှက်ဆန္ဒပြုခန်း၏ ဘေးစက္ကူနံရံကို ဖောက်ပြီး ခိုင်မာစွာချည်နှောင်ထားရန် ဖြစ်ပါသည်။
 
မဲရုံမှူး၊ ဒု-မဲရုံမှူးများကလည်း အချိန်ခွဲဝေသက်မှတ်၍ အလှည်ကျစစ်ဆေးသွားရန်ဖြစ်ကြောင်း ဖော်ပြထား သည်။
 
အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွန်ကြားချက်နှင့်ပတ်သက်၍ People Media က နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ခွဲ အတွင်းရေးမှူး ဦးအောင်စိုးထံ ဆက်သွယ်မေးမြန်းရာတွင် “ပုံတူတံဆိပ်တုံးတွေနဲ့ လဲလှယ်လို့ မရအောင်ရယ်၊ ယူသွားလို့ မရအောင်ရယ် တံဆိပ်တုံးလက်ကိုင်မှာ ကြိုးအသေနဲ့ချည်နှောင်ပြီး ဘေးစက္ကူနံရံကို ဖောက်ပြီး ချည်ထားမှာ ဖြစ်ပါတယ်”လို့ ဦးအောင်စိုးက ပြောသည်။
 
ထိုကဲ့သို့ UEC တံဆိပ်တုံးကို ကြိုးအသေးဖြင့် ချည်နှောင်ရန် ညွှန်ကြားချက်နှင့်ပတ်သက်ပြီး People Media က ထပ်မံ၍ ရန်ကုန်ုတိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှုင်ဥက္ကဋ္ဌ ဦးမောင်မွှေးထံ ဆက်သွယ် မေးမြန်းရာ၌ “ဒီတံဆိပ်တုံးကို အပြင်ယူသွားလို့မရအောင်ပေါ့။ အခုကလည်း တံဆိပ်တုံးအတုနဲ့လုပ်တာတွေ အားလုံးကြားနေတာပဲ။ ဒါမျိုးတွေ ရှိနေတော့ ကြိုစီစဉ်တဲ့ သဘောပါ”လို့ ဦးမောင်မွှေးက ပြောသည်။
 
#PeopleMedia #UEC #2020election

Share this post