• Follow Us on
Latest News

Home ဇန်နဝါရီလမှစ၍ စတင်ဆောင်ရွက်မည့် သွင်းကုန်လိုင်စင်နှင့်ပတ်သက်၍ ပြောင်းလဲထားရှိမှုများကို အကောက် ခွန်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီး ပြောဆို

ဇန်နဝါရီလမှစ၍ စတင်ဆောင်ရွက်မည့် သွင်းကုန်လိုင်စင်နှင့်ပတ်သက်၍ ပြောင်းလဲထားရှိမှုများကို အကောက် ခွန်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီး ပြောဆို

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၈ (People Media)

 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ(၁)ရက်တွင် စတင်ဆောင်ရွက်မည့် သွင်းကုန်လိုင်စင်နှင့်ပတ်သက်သည့် ပြောင်းလဲထား ရှိမှုများကို အကောက်ခွန်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် ကုန်သွယ်ရေးစခန်းများနှင့် ပို့ကုန်သွင်းကုန်ရုံးများသို့ သွားရောက် တာဝန်ထမ်းဆောင်မည့် တာဝန်ခံများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်တွင် စတင်ဆောင်ရွက်မည့် သွင်းကုန်လိုင်စင်နှင့် ပတ်သက်သည့် ပြောင်းလဲထားရှိမှုများကို အကောက်ခွန်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ ကုန်သည်များဘက်မှလည်း နစ်နာမှုများမရှိရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ များနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ပို့ကုန်သွင်းကုန် လိုင်စင်များနှင့်ပတ်သက်၍လည်း နောက်ဆုံး ပြောင်းလဲထားသည့် မူဝါဒများအတိုင်း မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့် နိုင်ငံ တော်မှချမှတ်ထားသည့် ကုန်သွယ်မှုပမာဏ ပြည့်မီကျော်လွန်စေရေး အထူးအလေးထားဆောင်ရွက်သွားရန် ပြောကြားသည်။

 

ကုန်သွယ်ရေးစခန်း၊ ပို့ကုန်သွင်းကုန်ရုံးများသို့ သွားရောက်ထမ်းဆောင်မည့် အရာထမ်း၊ အမှုထမ်းများအနေ ဖြင့်လည်း မိမိဌာန၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ပြောင်းလဲဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများအား သိရှိ နားလည် သဘောပေါက်အောင် လေ့လာထားရန်လိုအပ်ကြောင်း၊ တွေ့ကြုံရသည့် အခက်အခဲများကို အထက် အကြီးအကဲများသို့ တင်ပြရန်လိုကြောင်း၊ OSS တွင်ပါဝင်သည့် ဌာနများနှင့် စုပေါင်းဆောင်ရွက်ရမည့် ကိစ္စများ ကို အပြန်အလှန်သတင်းပေးပို့ စုပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ သည်။

 

#PeopleMedia #အကောက်ခွန်

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post