• Follow Us on

Home ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့

ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့

Share this post

ဇလွန်၊ မတ် ၁၅

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန် ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

 

ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် ဇလွန်မြို့နယ်အတွင်းရှိ MCCT အစီအစဉ်တွင် အကျုံး ဝင်သော အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင် မိခင် (၂၅၃၃)ဦး၊ ကလေးသူငယ် (၁၆၄၈) ဦး စုစုပေါင်း (၄၁၈၁) ဦးအတွက် စုစုပေါင်း ထောက်ပံ့ကြေးငွေ ကျပ် ၁၈၃၇၃၅၀၀၀ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ပြီး ရပ်/ကျေး အုပ်ချုပ် ရေးမှူးများမှတစ်ဆင့် ပြန်လည်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

(MOI)

 

(unicode)


…………………………………

 


 


 


 

(MOI)


Share this post