• Follow Us on

Home ဇာတ္နိမ့္အမ်ိဳးသမီးတစ္ေယာက္ အုပ္စုဖြဲ႕အဓမၼက်င့္ခံရမႈေၾကာင့္ ေသဆံုးခဲ့ၿပီးေနာက္ အိႏၵိယႏိုင္ငံသားမ်ား အမ်က္ေဒါသျဖစ္ေန

ဇာတ္နိမ့္အမ်ိဳးသမီးတစ္ေယာက္ အုပ္စုဖြဲ႕အဓမၼက်င့္ခံရမႈေၾကာင့္ ေသဆံုးခဲ့ၿပီးေနာက္ အိႏၵိယႏိုင္ငံသားမ်ား အမ်က္ေဒါသျဖစ္ေန

Share this post

နယူးေဒလီ၊ ေအာက္တိုဘာ ၁

အုပ္စုဖြဲ႕အဓမၼမႈေၾကာင့္ ရက္အနည္းငယ္အတြင္း ဒုတိယေျမာက္ဇာတ္နိမ့္အမ်ိဳးသမီးတစ္ေယာက္ ေသဆံုး ခဲ့ၿပီးေနာက္ အိႏၵိယႏိုင္ငံတြင္ ထိတ္လန္႔ေနၿပီး အမ်က္ေဒါသျဖစ္ေနၾကသည္။

ေက်ာင္းတစ္ေက်ာင္းတြင္ ၀င္ခြင့္ေလွ်ာက္ထားၿပီးျပန္လာသည့္အသက္ ၂၂ ႏွစ္အ႐ြယ္အမ်ိဳးသမီးကို ေဆးခတ္ၿပီး အဓမၼက်င့္ခဲ့ျခင္းျဖစ္သည္ဟု ေသဆံုးသူ၏မိခင္ကေျပာသည္။

အသက္ ၁၉ ႏွစ္အ႐ြယ္ဇာတ္နိမ့္အမ်ိဳးသမီးတစ္ေယာက္ကို ဇာတ္ျမင့္အမ်ိဳးသားမ်ားက အုပ္စုဖြဲ႕အဓမၼ ျပဳက်င့္ခဲ့ၿပီး အဂၤါေန႔တြင္ေသဆံုးခဲ့ၿပီးေနာက္ ယခုျဖစ္ရပ္ျဖစ္ေပၚလာျခင္းျဖစ္သည္။

ယခုျဖစ္ရပ္ ၂ ခုစလံုး ႏိုင္ငံေျမာက္ပိုင္း အူတရာပရာေဒ့႐ွ္ျပည္နယ္တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ပထမျဖစ္ရပ္ေၾကာင့္ လူမ်ားစြာ လမ္းေပၚထြက္ဆႏၵျပခဲ့သည္။ ဇာတ္နိမ့္မ်ားကို အိႏၵိယဥပေဒမ်ားျဖင့္ ကာကြယ္ေပးထားေသာ္လည္း သူတို႔ကို က်ယ္က်ယ္ျပန္႔ျပန္႔ခြဲျခားဆက္ဆံမႈမ်ား႐ွိေနသည္။

ဇာတ္နိမ့္မ်ားအေပၚ လူအမ်ားၾကားတြင္ အ႐ွက္ရေအာင္ျပဳလုပ္ျခင္းမ်ားႏွင့္ တိုက္ခိုက္ခံရျခင္းမ်ားကို ဇာတ္ျမင့္ဟိႏၵဴမ်ားက မ်ိဳးဆက္ေပါင္းမ်ားစြာျပဳလုပ္ခဲ့သည္။

Ref : Balrampur: Anger grows after new India ‘gang rape’ death

#Peoplemedia

(Unicode)
ဇာတ်နိမ့်အမျိုးသမီးတစ်ယောက် အုပ်စုဖွဲ့အဓမ္မကျင့်ခံရမှုကြောင့် သေဆုံးခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသားများ အမျက်ဒေါသဖြစ်နေ
………………………………………

နယူးဒေလီ၊ အောက်တိုဘာ ၁

အုပ်စုဖွဲ့အဓမ္မမှုကြောင့် ရက်အနည်းငယ်အတွင်း ဒုတိယမြောက်ဇာတ်နိမ့်အမျိုးသမီးတစ်ယောက် သေဆုံး ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံတွင် ထိတ်လန့်နေပြီး အမျက်ဒေါသဖြစ်နေကြသည်။

ကျောင်းတစ်ကျောင်းတွင် ဝင်ခွင့်လျှောက်ထားပြီးပြန်လာသည့်အသက် ၂၂ နှစ်အရွယ်အမျိုးသမီးကို ဆေးခတ်ပြီး အဓမ္မကျင့်ခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ၏မိခင်ကပြောသည်။

အသက် ၁၉ နှစ်အရွယ်ဇာတ်နိမ့်အမျိုးသမီးတစ်ယောက်ကို ဇာတ်မြင့်အမျိုးသားများက အုပ်စုဖွဲ့အဓမ္မ ပြုကျင့်ခဲ့ပြီး အင်္ဂါနေ့တွင်သေဆုံးခဲ့ပြီးနောက် ယခုဖြစ်ရပ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယခုဖြစ်ရပ် ၂ ခုစလုံး နိုင်ငံမြောက်ပိုင်း အူတရာပရာဒေ့ရှ်ပြည်နယ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပထမဖြစ်ရပ်ကြောင့် လူများစွာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့သည်။ ဇာတ်နိမ့်များကို အိန္ဒိယဥပဒေများဖြင့် ကာကွယ်ပေးထားသော်လည်း သူတို့ကို ကျယ်ကျယ်ပြန့်ပြန့်ခွဲခြားဆက်ဆံမှုများရှိနေသည်။

ဇာတ်နိမ့်များအပေါ် လူအများကြားတွင် အရှက်ရအောင်ပြုလုပ်ခြင်းများနှင့် တိုက်ခိုက်ခံရခြင်းများကို ဇာတ်မြင့်ဟိန္ဒူများက မျိုးဆက်ပေါင်းများစွာပြုလုပ်ခဲ့သည်။

Ref : Balrampur: Anger grows after new India ‘gang rape’ death

#Peoplemedia


Share this post