• Follow Us on
Latest News

Home ဇာတ္လိုက္မင္းသားကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသျဖင့္ လင္းႏို႔လူသားဇာတ္ကား႐ိုက္ကူးမႈ ထပ္မံေရႊဆိုင္း

ဇာတ္လိုက္မင္းသားကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသျဖင့္ လင္းႏို႔လူသားဇာတ္ကား႐ိုက္ကူးမႈ ထပ္မံေရႊဆိုင္း

Share this post

လန္ဒန္၊ စက္တင္ဘာ ၄

ကို႐ိုနာဗိုင္းရပ္စ္အလံုပိတ္ကန္႔သတ္မႈမ်ားအလြန္ ႐ိုက္ကူးမႈျပန္စၿပီးရက္ပိုင္းအၾကာ လင္းႏို႔လူသား ဇာတ္ကား႐ိုက္ကူးမႈျပန္ရပ္ခဲ့သည္။

ထုတ္လုပ္သည့္ Warner Bros ကုမၸဏီကအတည္ျပဳသည့္႐ိုက္ကူးေရးရပ္ဆိုင္းမႈသည္ ေခါင္းေဆာင္မင္းသား ေရာဘတ္ ပတ္တီဆန္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေသာေၾကာင့္ဟု အေမရိကန္မီဒီယာမ်ားကေဖာ္ျပသည္။

႐ိုက္ကူးေရးအဖြဲ႔ဝင္တစ္ေယာက္ သီးသန္႔ခြဲေနသည္ဟုကုမၸဏီကေျပာေသာ္လည္း မည္သူဟု အတိအက် မေျပာေခ်။

ဂလပ္စကိုၿမိဳ႕တြင္ ယခုႏွစ္အစပိုင္းက ႐ိုက္ကူးေရးစတင္ခဲ့ေသာ္လည္း ကမာၻ့ကပ္ေရာဂါေၾကာင့္ ရပ္ဆိုင္းခဲ့ ရသည္။

႐ိုက္ကူးေရး ၆ လၾကာရပ္ဆိုင္းခဲ့ၿပီးေနာက္ လန္ဒန္ၿမိဳ႕နားတြင္႐ိုက္ကူးေရးျပန္စၿပီးရက္ပိုင္းအၾကာ ေခါင္း ေဆာင္မင္းသား ၿဗိတိသ်ွလူမ်ိဳး အသက္ ၃၄ ႏွစ္အရြယ္ ပတ္တီဆန္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္း Vanity Fair ကေဖာ္ျပသည္။

Ref : Batman filming paused after Robert Pattinson ‘tests positive for coronavirus’

#PeopleMedia

(unicode)
ဇာတ်လိုက်မင်းသားကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသဖြင့် လင်းနို့လူသားဇာတ်ကားရိုက်ကူးမှု ထပ်မံရွှေဆိုင်း
……………………………………………

လန်ဒန်၊ စက်တင်ဘာ ၄

ကိုရိုနာဗိုင်းရပ်စ်အလုံပိတ်ကန့်သတ်မှုများအလွန် ရိုက်ကူးမှုပြန်စပြီးရက်ပိုင်းအကြာ လင်းနို့လူသား ဇာတ်ကားရိုက်ကူးမှုပြန်ရပ်ခဲ့သည်။

ထုတ်လုပ်သည့် Warner Bros ကုမ္ပဏီကအတည်ပြုသည့်ရိုက်ကူးရေးရပ်ဆိုင်းမှုသည် ခေါင်းဆောင်မင်းသား ရောဘတ် ပတ်တီဆန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသောကြောင့်ဟု အမေရိကန်မီဒီယာများကဖော်ပြသည်။

ရိုက်ကူးရေးအဖွဲ့ဝင်တစ်ယောက် သီးသန့်ခွဲနေသည်ဟုကုမ္ပဏီကပြောသော်လည်း မည်သူဟု အတိအကျ မပြောချေ။

ဂလပ်စကိုမြို့တွင် ယခုနှစ်အစပိုင်းက ရိုက်ကူးရေးစတင်ခဲ့သော်လည်း ကမ္ဘာ့ကပ်ရောဂါကြောင့် ရပ်ဆိုင်းခဲ့ ရသည်။

ရိုက်ကူးရေး ၆ လကြာရပ်ဆိုင်းခဲ့ပြီးနောက် လန်ဒန်မြို့နားတွင်ရိုက်ကူးရေးပြန်စပြီးရက်ပိုင်းအကြာ ခေါင်း ဆောင်မင်းသား ဗြိတိသျှလူမျိုး အသက် ၃၄ နှစ်အရွယ် ပတ်တီဆန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း Vanity Fair ကဖော်ပြသည်။

Ref : Batman filming paused after Robert Pattinson ‘tests positive for coronavirus’

#PeopleMedia


Share this post