• Follow Us on
Latest News

Home ဇီဝိတစက္ခုဒါနသံဃာ့ဆေးရုံ(မြိတ်) အတွင်းသို့ အမည်မသိအမျိုးသားတစ်ဦးသည် နှစ်ကြိမ်တိုင် ဝင်ရောက်ပြီး ဖုန်းနှင့် ငွေများ ခိုးယူ

ဇီဝိတစက္ခုဒါနသံဃာ့ဆေးရုံ(မြိတ်) အတွင်းသို့ အမည်မသိအမျိုးသားတစ်ဦးသည် နှစ်ကြိမ်တိုင် ဝင်ရောက်ပြီး ဖုန်းနှင့် ငွေများ ခိုးယူ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁ (People Media)

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ဇီဝိတစက္ခုဒါနသံဃာ့ဆေးရုံ၌ ဖွင့်လှစ်ထားသည့် ကိုဗစ်ရောဂါ ပိုးတွေ့သူ လူနာကုသဆောင်အတွင်းသို့ အမည်မသိအမျိုးသားတစ်ဦးသည် နှစ်ကြိမ်တိုင်ဝင်ရောက်ပြီး ဖုန်းနှင့် ငွေများ ခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း ဇီဝိတစက္ခုဒါနသံဃာ့ဆေးရုံ(မြိတ်)မှ သိရသည်။

 

ဖြစ်စဉ်မှာ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် အမည်မသိ အမျိုးသားတစ်ဦးမှ ဆေးရုံထဲသို့ ဝင်ရောက်၍ စေတနာ့ဝန်ထမ်းတစ်ဦး ပိုင်ဆိုင်သော ဖုန်းတစ်လုံးကိုလည်းကောင်း၊ အောက်တိုဘာ ၉ ရက်နေ့ နံနက် ၂ နာရီ ၅၀ အချိန်တွင် အပေါ်ထပ် လူနာဆောင်သို့ တွယ်တက်ပြီး လူနာများထံမှ ဖုန်း၊ ငွေနှင့် အသုံး အဆောင်ပစ္စည်းများအား တစ်ကိုယ်တော် ခိုးယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

တရားခံအား သိရှိပါက သက်ဆိုင်ရာနယ်မြေရုံးနှင့် အုပ်ချုပ်ရေးမှူးတို့ထံ သတင်းပေးကြပါရန်နှင့် CCTV မှတ်တမ်းများအရ ခိုးသူ၏ ဓာတ်ပုံကိုလည်း ဇီဝိတစက္ခုဒါနသံဃာ့ဆေးရုံ(မြိတ်)မှ ဖော်ပြထားသည်။

 

Photo – credit

 

#PeopleMedia #မြိတ်မြို့

 

(unicode)


………………………………………………………………………

 


 


 


 


 

Photo – credit

 



Share this post