• Follow Us on

Home ဇူလိုင်လနှင့် သြဂုတ်လအတွင်း COVID-19 ရောဂါကာကွယ်ဆေး (၆) သန်း မြန်မာနိုင်ငံသို့ ရောက်ရှိမည်

ဇူလိုင်လနှင့် သြဂုတ်လအတွင်း COVID-19 ရောဂါကာကွယ်ဆေး (၆) သန်း မြန်မာနိုင်ငံသို့ ရောက်ရှိမည်

Share this post

ရန်ကုန်၊ ဇူလိုင် – ၁၅ (People Media)

 

၂၀၂၁ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လတို့အတွင်း COVID-19 ရောဂါကာကွယ်ဆေး (၆)သန်း ထပ်မံ ရောက်ရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါကာကွယ်ဆေး (၆) သန်း၌ ကာကွယ်ဆေး (၄) သန်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူ ထားခြင်းဖြစ်ပြီး ထိုကာကွယ်ဆေးများမှာ ယခုနှစ် ဇူလိုင်လ စတုတ္ထပတ်တွင် (၁)သန်းနှင့် ဩဂုတ်လ ပထမအပတ်တွင် (၃)သန်း မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေး(၂)သန်းသည်လည်း သြဂုတ်လအတွင်း ရောက်ရှိလာမည်ဖြစ်သောကြောင့် ရရှိလာမည့်ကာကွယ်ဆေး အရေအတွက် (၆) သန်းကို ဦးစားပေး အစီအစဉ်အလိုက် စနစ်တကျ ထိုးနှံပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံတွင် ယနေ့အချိန်ထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၂၀၁,၂၇၄) ဦးရှိပြီး၊ သေဆုံးသူ စုစုပေါင်း (၄၀၃၆) ဦးရှိပြီဖြစ်သည်။

 

#PeopleMedia #MOHS #COVID19

 

(unicode)


…………………………………………………

 


 


 


 


 


 

#PeopleMedia #MOHS #COVID19

 

 


Share this post