• Follow Us on
Latest News

Home ညအိပ္ရပ္နားထားသည့္ ေမာ္ေတာ္ယာဥ္မ်ားအေပၚမွ Battery (၁၁)လုံး ခုိးယူသူ ဖမ္းဆီးရမိ

ညအိပ္ရပ္နားထားသည့္ ေမာ္ေတာ္ယာဥ္မ်ားအေပၚမွ Battery (၁၁)လုံး ခုိးယူသူ ဖမ္းဆီးရမိ

Share this post

ညအိပ္ရပ္နားထားသည့္ ေမာ္ေတာ္ယာဥ္မ်ားအေပၚမွ Battery (၁၁)လုံး ခုိးယူသူ ဖမ္းဆီးရမိ
……………………………………………………………

ရန္ကုန္၊ ဒီဇင္ဘာ-၅

ရန္ကုန္ၿမိဳ႕၌ ညအိပ္ရပ္နားထားသည့္ Car Battery (၁၁)လုံး ခုိးယူသူကုိ ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ၿပီးခဲ့သည့္ရက္ပိုင္းက ဖမ္းဆီးႏုိင္ခဲ့ေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕၏ ထုတ္ျပန္ေၾကျငာခ်က္မ်ားအရသိရသည္။

ၿပီးခဲ့သည့္ ႏုိဝင္ဘာ(၂၇)ရက္ေန႔(၁၃း၀၀)အခ်ိန္က ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံး၊ မႈခင္းအကူဌာနစုမွ တပ္ဖြဲ႕ဝင္မ်ားသည္ ေျမာက္ဥကၠလာပၿမိဳ႕နယ္အတြင္း ခိုး၊ ဆိုး၊ လု၊ ႏိႈက္သတင္းမ်ား စုံစမ္းေဆာင္႐ြက္ေနစဥ္ Car Battery အိုးမ်ားျဖဳတ္၍ ခိုးယူေရာင္းခ်ေနေၾကာင္း သတင္းရရွိခ်က္ျဖင့္ ျမင့္သိန္းအား (၂)ရပ္ကြက္၊ သုဓမၼာလမ္း၌ TOYO 12V 120 Ah အမ်ိဳးအစား Car Battery (၂)လုံးႏွင့္အတူ ေတြ႕ရွိစစ္ေဆးရာ အဆိုပါ Battery မ်ားအား မဂၤလာဒုံၿမိဳ႕နယ္၊ အမွတ္(၃)လမ္းမႀကီးေဘး၌ ညအိပ္ရပ္နားထားသည့္ ဒိုင္နာယာဥ္(၁)စီးမွ ျဖဳတ္၌ ခိုးယူခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သျဖင့္ အမႈဖြင့္ဖမ္းဆီးခဲ့ပါသည္။

ဖမ္းဆီးရမိသူ ျမင့္သိန္းအား အျခားခိုးမႈမ်ား က်ဴးလြန္ခဲ့ျခင္းရွိ/မရွိ အေသးစိတ္ တိုက္ဆိုင္စစ္ေဆးခဲ့ရာ ၎သည္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလႏွင့္ ႏုိဝင္ဘာလမ်ားအတြင္း မဂၤလာဒုံၿမိဳ႕နယ္၊ အမွတ္(၃)လမ္းမႀကီးေဘး၌ ည အိပ္ရပ္နားထားေသာ ကား(၆)စီးမွ GS N70L အမ်ိဳးအစား Battery (၁)လုံး၊ GS NS100L အမ်ိဳးအစား Battery (၁)လုံး၊ Tuflang HG II 130 F51 အမ်ိဳးအစား Battery (၂)လုံး၊ 3K N 70 12V 70Ah အမ်ိဳးအစား Battery (၂)လုံး၊ TOYO N.70 အမ်ိဳးအစား Battery (၁)လုံး၊ TOYO N.100 အမ်ိဳးအစား Battery (၁)လုံး၊ HITACHI N.120 အမ်ိဳးအစား Battery (၂)လုံး၊ 3I-3686 ADDO အမ်ိဳးအစား Battery (၁)လုံး၊ စုစုေပါင္း Car Battery (၁၁)လုံးကို ခိုးယူခဲ့ေၾကာင္း ထပ္မံစစ္ေဆးေပၚေပါက္ခဲ့ပါသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ သက္ေသခံ Car Battery (၁၁)လုံးကို သိမ္းဆည္းရရွိၿပီးျဖစ္၍ ျပစ္မႈက်ဴးလြန္သူ ျမင့္သိန္းအား ဥပေဒႏွင့္အညီ အျမန္တရားစြဲတင္ပို႔နိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ ပိုင္ရွင္မ်ားအေနျဖင့္ မဂၤလာဒုံၿမိဳ႕မရဲစခန္းသို႔ ဆက္သြယ္စုံစမ္းနိုင္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထား သည္။

#PeopleMedia #YangonPolice

(Unicode)
ညအိပ်ရပ်နားထားသည့် မော်တော်ယာဉ်များအပေါ်မှ Battery (၁၁)လုံး ခိုးယူသူ ဖမ်းဆီးရမိ
……………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ-၅

ရန်ကုန်မြို့၌ ညအိပ်ရပ်နားထားသည့် Car Battery (၁၁)လုံး ခိုးယူသူကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ကြေငြာချက်များအရသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ(၂၇)ရက်နေ့(၁၃း၀၀)အချိန်က ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပမြို့နယ်အတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် Car Battery အိုးများဖြုတ်၍ ခိုးယူရောင်းချနေကြောင်း သတင်းရရှိချက်ဖြင့် မြင့်သိန်းအား (၂)ရပ်ကွက်၊ သုဓမ္မာလမ်း၌ TOYO 12V 120 Ah အမျိုးအစား Car Battery (၂)လုံးနှင့်အတူ တွေ့ရှိစစ်ဆေးရာ အဆိုပါ Battery များအား မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးဘေး၌ ညအိပ်ရပ်နားထားသည့် ဒိုင်နာယာဉ်(၁)စီးမှ ဖြုတ်၌ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ပါသည်။

ဖမ်းဆီးရမိသူ မြင့်သိန်းအား အခြားခိုးမှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများအတွင်း မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးဘေး၌ ည အိပ်ရပ်နားထားသော ကား(၆)စီးမှ GS N70L အမျိုးအစား Battery (၁)လုံး၊ GS NS100L အမျိုးအစား Battery (၁)လုံး၊ Tuflang HG II 130 F51 အမျိုးအစား Battery (၂)လုံး၊ 3K N 70 12V 70Ah အမျိုးအစား Battery (၂)လုံး၊ TOYO N.70 အမျိုးအစား Battery (၁)လုံး၊ TOYO N.100 အမျိုးအစား Battery (၁)လုံး၊ HITACHI N.120 အမျိုးအစား Battery (၂)လုံး၊ 3I-3686 ADDO အမျိုးအစား Battery (၁)လုံး၊ စုစုပေါင်း Car Battery (၁၁)လုံးကို ခိုးယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံ Car Battery (၁၁)လုံးကို သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှုကျူးလွန်သူ မြင့်သိန်းအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပိုင်ရှင်များအနေဖြင့် မင်္ဂလာဒုံမြို့မရဲစခန်းသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား သည်။

#PeopleMedia #YangonPolice


Share this post