• Follow Us on

Home ညၾကည့္မွန္ေျပာင္းမ်ားျဖင့္ဖမ္းမမိႏိုင္သည့္ကိုယ္ေပ်ာက္ေလထီးမ်ားဖန္တီးရန္ ႐ု႐ွားစဥ္းစားေန

ညၾကည့္မွန္ေျပာင္းမ်ားျဖင့္ဖမ္းမမိႏိုင္သည့္ကိုယ္ေပ်ာက္ေလထီးမ်ားဖန္တီးရန္ ႐ု႐ွားစဥ္းစားေန

Share this post

ေမာ္စကို၊ ၾသဂုတ္ ၂၇

ညၾကည့္ကိရိယာမ်ားျဖင့္မျမင္ႏိုင္သည့္ေလထီးမ်ားဖန္တီးရန္ ႐ု႐ွားႏိုင္ငံလုပ္ေဆာင္ေနေၾကာင္း ႐ု႐ွားအစိုးရပိုင္နည္းပညာေကာ္ပိုေရး႐ွင္း Rostec(ေရာ့စ္တက္ခ္) ၏တစိတ္တပိုင္းျဖစ္သည့္ Technodinamika (တက္ခ္ႏိုဒီနာမီကာ) ၏ အမႈေဆာင္အရာ႐ွိခ်ဳပ္ အီေဂါ နာဆန္ေကာ့ဗ္က Army-2020 ဖိုရမ္တြင္ေျပာသည္။

“ေလထီးစနစ္အဖံုးစေတြနဲ႔ႀကိဳးေတြထုတ္လုပ္ရာမွာသံုးတဲ့အေျခခံအ၀တ္စေတြရဲ႕႐ုပ္၀တၳဳပိုင္းေတြကို ဓာတုေဆးနဲ႔ျဖန္းၿပီး ညၾကည့္ကိရိယာေတြနဲ႔မျမင္ႏိုင္ေအာင္လုပ္တာနဲ႔ သူတို႔ကိုေလထီးစနစ္မွာအသံုးျပဳဖို႔ အခုေလ့လာေနပါတယ္။”ဟု နာဆန္ေကာ့ဗ္ကေျပာသည္။

ေလထီးစမ်ားႏွင့္ႀကိဳးမ်ားထုတ္လုပ္သည့္အဆင့္တြင္ အထူးျပင္းအားျမင့္နည္းပညာမ်ားအသံုးျပဳျခင္းအားျဖင့္ ကိုယ္ေပ်ာက္သည့္စြမ္းရည္ရႏိုင္သည္။

လက္႐ွိတြင္လည္း ညၾကည့္ကိရိယာမ်ားျဖင့္မျမင္ရသည့္ေလထီးေက်ာပိုးအိတ္နမူနာမ်ား႐ွိေနေၾကာင္းလည္း နာဆန္ေကာ့ဗ္က႐ွင္းျပသည္။

Ref : Russia considers creating stealth parachute

#PeopleMedia

(unicode)
ညကြည့်မှန်ပြောင်းများဖြင့်ဖမ်းမမိနိုင်သည့်ကိုယ်ပျောက်လေထီးများဖန်တီးရန် ရုရှားစဉ်းစားနေ
………………………………………………………

မော်စကို၊ ဩဂုတ် ၂၇

ညကြည့်ကိရိယာများဖြင့်မမြင်နိုင်သည့်လေထီးများဖန်တီးရန် ရုရှားနိုင်ငံလုပ်ဆောင်နေကြောင်း ရုရှားအစိုးရပိုင်နည်းပညာကော်ပိုရေးရှင်း Rostec(ရော့စ်တက်ခ်) ၏တစိတ်တပိုင်းဖြစ်သည့် Technodinamika (တက်ခ်နိုဒီနာမီကာ) ၏ အမှုဆောင်အရာရှိချုပ် အီဂေါ နာဆန်ကော့ဗ်က Army-2020 ဖိုရမ်တွင်ပြောသည်။

“လေထီးစနစ်အဖုံးစတွေနဲ့ကြိုးတွေထုတ်လုပ်ရာမှာသုံးတဲ့အခြေခံအဝတ်စတွေရဲ့ရုပ်ဝတ္ထုပိုင်းတွေကို ဓာတုဆေးနဲ့ဖြန်းပြီး ညကြည့်ကိရိယာတွေနဲ့မမြင်နိုင်အောင်လုပ်တာနဲ့ သူတို့ကိုလေထီးစနစ်မှာအသုံးပြုဖို့ အခုလေ့လာနေပါတယ်။”ဟု နာဆန်ကော့ဗ်ကပြောသည်။

လေထီးစများနှင့်ကြိုးများထုတ်လုပ်သည့်အဆင့်တွင် အထူးပြင်းအားမြင့်နည်းပညာများအသုံးပြုခြင်းအားဖြင့် ကိုယ်ပျောက်သည့်စွမ်းရည်ရနိုင်သည်။

လက်ရှိတွင်လည်း ညကြည့်ကိရိယာများဖြင့်မမြင်ရသည့်လေထီးကျောပိုးအိတ်နမူနာများရှိနေကြောင်းလည်း နာဆန်ကော့ဗ်ကရှင်းပြသည်။

Ref : Russia considers creating stealth parachute

#PeopleMedia


Share this post