• Follow Us on

Home ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးအဖွဲ့မှ ကမ္ဘောဒီးယား အထူးတပ်ဖွဲ့ ဆိုင်ရာ Special Forces Command သို့ သွားရောက်လေ့လာ

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးအဖွဲ့မှ ကမ္ဘောဒီးယား အထူးတပ်ဖွဲ့ ဆိုင်ရာ Special Forces Command သို့ သွားရောက်လေ့လာ

Share this post

 

နေပြည်တော်၊ မတ် ၁၆

 

ကမ္ဘောဒီးယားနိုင်ငံတွင် ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင် မောင်အေး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် သူရလှမင်းတို့လိုက်ပါ၍  ယမန်နေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားအထူးတပ်ဖွဲ့ Special Forces Command သို့ သွာရောက်လေ့လာခဲ့ကြ ကြောင်း သိရသည်။

 

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် Special Forces Command သို့ ရောက်ရှိရာ အထူးတပ်ဖွဲ့ဒုတိယတပ်မှူး Brigadier General MUON SAMET နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

 

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ယင်းနောက် အထူးတပ်ဖွဲ့ Special Forces Command အစည်းအဝေးခန်းမတွင် အထူးတပ်ဖွဲ့ ဒုတိယ တပ်မှူးက အထူးတပ်ဖွဲ့သမိုင်းကြောင်း၊ တပ်ဖွဲ့ဆိုင်ရာများနှင့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့မှုမှတ်တမ်းများအား Movie Clip ဖြင့် ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး အထူးတပ်ဖွဲ့အစည်းအဝေးခန်းမရှေ့တွင် အမှတ် တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

 

ထိုနောက် Special Forces Command မှ တပ်ဖွဲ့ဝင်များ၏ ကိုယ်ခံပညာစွမ်းရည်သရုပ်ပြလေ့ကျင့်နေမှု၊ ယုံ ကြည်မှုကွင်းအတားအဆီးများနှင့် တစ်ဦးချင်း နည်းစနစ်ကွင်း အတားအဆီးများ ဖြတ်ကျော်ခြင်းများနှင့် ဓား စာခံကယ်ထုတ်ခြင်းအပါအဝင် အခြားသရုပ်ပြနေမှုများကို ကြည့်ရှုကြပြီးနောက် ဂုဏ်ပြုတပ်ဖွဲ့၏ အလေး ပြုနှုတ်ဆက်ခြင်းကိုခံယူပြီး ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………..

 


 


 


 


 


 


 

#PeopleMedia


Share this post