• Follow Us on

Home တကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သန်း ၁၀၀ ကျော်ရှိနေ

တကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သန်း ၁၀၀ ကျော်ရှိနေ

Share this post

ဝါရှင်တန်၊ ဇန်နဝါရီ ၂၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အင်္ဂါနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသန်း ၁၀၀ ကျော်သွားကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များအရသိရသည်။

ကမ္ဘာတဝန်းပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများရှိနေချိန် အမေရိကန်တွင် ကူးစက်အတည်ပြုလူနာ ၂၅ သန်းကျော်နှင့် သေဆုံးသူ ၄၂၀၀၀၀ ကျော်ရှိနေကာ ကမ္ဘာ့ကူးစက်မှုနှင့်သေဆုံးမှုအများဆုံးနိုင်ငံဖြစ်သည်။

ကမ္ဘာတဝန်းသေဆုံးသူ ၂.၁ သန်းကျော်နေချိန် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို မျှော်လင့်နေကြသော် လည်း ကာကွယ်ဆေးရရှိမှုအပေါ် အငြင်းအခုံများရှိနေသည်။

ချမ်းသာသောနိုင်ငံများနှင့်ဆင်းရဲသောနိုင်ငံများကြား ကာကွယ်ဆေးထောက်ပံ့မှုကွာဟမှုကြောင့် ကမ္ဘာ့ကျန်း မာရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဟာနွန် ဂီဘရီရီးဆက်စ်က ကာကွယ်ဆေးအမျိုးသားရေး စနစ်ကို တုံ့ပြန်ရန် တိုက်တွန်းသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အထိ ထုတ်ကုန်ဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာသန်း ၂၂၀၀၀၀၀၀ ကျော်ရှိမည်ဖြစ်ပြီး ထိုပမာဏသည် အမေရိကန်စီးပွားရေးစနစ်တခုလုံးပေါင်းတန်ဖိုးရှိသည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းသည်။

သို့သော်လည်း ကာကွယ်ဆေးများက စီးပွားရေးလုပ်ငန်းများဆက်လုပ်နိုင်ပြီး ကမ္ဘာ့ကပ်ရောဂါကိုထိန်းချုပ်နိုင် မည်ဟု အပြုသဘောရှုမြင်မှုများရှိနေပြီး စီးပွားရေးအင်အားကြီးနိုင်ငံများတွင် စီးပွားရေးနှိုးဆွသည့်အနေဖြင့် ထောက်ပံ့ကြေးနှင့် ပြည်တွင်းထုတ်ကုန်များဝယ်ယူရန်မူဝါဒချမှတ်မှုများလည်းရှိနေသည်။

ထိုအချက်များကြောင့် ယခုနှစ်တွင် တိုးတက်မှု ၅.၅ ရာခိုင်နှုန်းရှိနိုင်ကြောင်း IMF ကခန့်မှန်းထားသည်။

Ref : Global COVID-19 cases exceed 100 million

#PeopleMedia

(unicode)
……………………………………..









Ref : Global COVID-19 cases exceed 100 million

#PeopleMedia


Share this post