• Follow Us on

Home တက္ကသိုလ်၊ကောလိပ်နှင့်အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းနေကြောင်း န-စ-က ကောင်စီ ဥက္ကဋ္ဌပြော

တက္ကသိုလ်၊ကောလိပ်နှင့်အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းနေကြောင်း န-စ-က ကောင်စီ ဥက္ကဋ္ဌပြော

Share this post

ရန်ကုန်၊ မတ်-၁၆

COVID-19 ကမ္ဘာကပ်ရောဂါကြောင့် ပိတ်ထားရသည့် တက္ကသိုလ်၊ကောလိပ်နှင့်အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းနေတယ်ကြောင်းကို မတ်လ ၁၅ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအစည်းအဝေးတွင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကပြောကြားသည်။

ထို့အပြင် ပိတ်ထားရသည့် တက္ကသိုလ်ကျောင်းများနှင့်အခြေခံကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့် ၂၀၂၀ တွင် အောင်မြင်ပြီးသော တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများကို ထုတ်ယူခွင့်ပြုထားကြောင်းလည်း ဖော်ပြပါရှိသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာထိန်းပြီးနောက်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဆန္ဒပြမှုများရှိခဲ့ပြီး ဆရာ၊ဆရာမ များနှင့် အချို့ တက္ကသိုလ်၊ ကောလိပ်များတွင် CDM ပြုလုပ်မှုများရှိနေခဲ့ပြီး ပိတ်ထားသည့်ကျောင်းများနှင့် တက္ကသိုလ်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်းလည်း ဖော်ပြပါရှိသည်။

#PeopleMedia#


Share this post