• Follow Us on
Latest News

Home တက္ကသိုလ်ပညာရေးသည် အလွတ်ကျက်သည့်ပညာရေးမဟုတ်ဘဲ လေ့လာခြင်း၊ တွေးခေါ်ခြင်းများဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

တက္ကသိုလ်ပညာရေးသည် အလွတ်ကျက်သည့်ပညာရေးမဟုတ်ဘဲ လေ့လာခြင်း၊ တွေးခေါ်ခြင်းများဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၈ (People Media)

 

တက္ကသိုလ်ပညာရေးသည် အလွတ်ကျက်သည့် ပညာရေးမဟုတ်ဘဲ လေ့လာခြင်း၊ တွေးခေါ်ခြင်းများဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ယမန်နေ့နံနက်ပိုင်းက နေပြည် တော်ရှိ ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ပြောကြားခဲ့သည်။

 

အဆိုပါ အစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ ပညာရေးဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာများ အပြန်အလှန်ဆွေးနွေး ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ တွေးခေါ်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း သင်ကြားမှုကဏ္ဍတိုးတက်စေရန်အတွက် အမြဲမပြတ်လေ့လာနေရန်လိုကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများတွင် အောက်ဆုံး၌ရှိနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတိုးတက်ရေးအတွက် အမြဲမပြတ်ကြိုးပမ်းဆောင်ရွက်နေ သကဲ့သို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း အမြဲမပြတ် ကြိုးစားလေ့လာသင်ကြား၊ သင်ယူနေမည်ဆိုပါက ပညာရေးကဏ္ဍနှင့် ပတ်သက်၍ တိုးတက်မှုများရရှိမည်ဖြစ်ကြောင်း ပြောသည်။

 

မိမိတို့နိုင်ငံလူဦးရေ ၅၅ သန်းတွင် ၃ သန်းခန့်သာဘွဲ့ရရှိသည်ကိုတွေ့ရှိရသဖြင့် လူဦးရေ၏ ၁၀ ရာခိုင်နှုန်း အောက်သာ အဆင့်မြင့်ပညာကို သင်ကြားနိုင်သည်ကိုတွေ့ရှိရကြောင်း၊ အလားတူလူဦးရေ ၁၈ သန်းကျော် ခန့်သည် အခြေခံပညာသင်ကြားမှုတွင်လည်း မူလတန်းနှင့် အလယ်တန်းအဆင့်တွင်သာ သင်ကြားနိုင်ခဲ့ သည်ကို တွေ့ရကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးမှာ အရေးကြီးသည့်အတွက် မိမိတာဝန် ယူချိန်ကာလအတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #ပညာရေး

 

(unicode)


……………………………………………………………………

 


 


 


 


 


 



Share this post