• Follow Us on

Home တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ၏ အတန်းအားလုံး၊ ဘာသာရပ်အားလုံးကို ယခုနှစ် မေ (၁၂) ရက်တွင် ဖွင့်လှစ်သွားမည်

တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ၏ အတန်းအားလုံး၊ ဘာသာရပ်အားလုံးကို ယခုနှစ် မေ (၁၂) ရက်တွင် ဖွင့်လှစ်သွားမည်

Share this post

နေပြည်တော်၊ မတ် ၃၁

 

တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ၏ အတန်းအားလုံး၊ ဘာသာရပ်အားလုံးကို ၂၀၂၂ ခုနှစ် မေ ၁၂  ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြော သည်။

 

ပြည်ထောင်စုဝန်ကြီးသည် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဆရာအတတ် ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ အခြေခံပညာဦးစီးဌာနရှိ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့စဉ် ပြောကြားခဲ့ ခြင်းဖြစ်သည်။

 

“အဆင့်မြင့်ပညာ ဦးစီးဌာနရှိ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များ၊ ဆရာအတတ် ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကော လိပ်တွေရဲ့ အတန်းအားလုံး၊ ဘာသာရပ်အားလုံးကို ၂၀၂၂ ခုနှစ် မေ ၁၂  ရက်မှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဒါပြင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူတွေရဲ့ ပထမနှစ် သင်တန်းတွေကို ပါ မေ ၁၂ ရက်တွင် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဝင်ခွင့်ရတက္ကသိုလ်တွေစာရင်းကို သက်ဆိုင်ရာတက္ကသိုလ် အသီးသီးမှာ ဧပြီ ၁ ရက်မှာ ကြေညာသွားမှာဖြစ်တယ်။

 

အဝေးသင်တက္ကသိုလ်သင်တန်းတွေဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလတို့တွင် အနီးကပ်သင်တန်း  တက်ရောက်ဖြေဆိုကြမှာဖြစ်တယ်။

 

နိုဝင်ဘာလမှာ စာသင်နှစ်ဝက်အသစ်အတွက် တက္ကသိုလ်အတန်းတွေကို ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကျောင်းသူတွေလည်း တက်ရောက်ကာ ပုံမှန်စာသင်နှစ်နဲ့ ဖွင့်လှစ်သင်ကြားပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်ကြစေလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

လက်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စာစစ်လုပ်ငန်းများအတွက် လိုအပ်သည်များကို တက္ကသိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ အခြေခံဆရာဆရာမများအားလုံး ပူးပေါင်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ မေလ ၁၂ ရက်တွင် တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များအားလုံး အတန်းစုံ ကျောင်းပြန်ဖွင့် မည်ဖြစ်၍ မိမိတို့ကျောင်းအလိုက် သန့်ရှင်းသာယာရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် မီးဘေးလုံခြုံရေး၊  သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ အသင့်ပြင်ဆင်ဆောင်ရွက်ထားကြစေလိုပါကြောင်း၊ ကိုဗစ်စင်တာ ဖွင့်လှစ်ခဲ့သောအဆောင်များကို ပိုးသတ်သန့်စင်ထားရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များတွင် BA(Law) နှင့် BA(Eco) သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းများကို အသင့်ပြင်ဆင်ထားကြစေလိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

(unicode)


………………………………………………

 


 


 


 


 


 


 



Share this post