• Follow Us on

Home တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္ခဲ့သည့္အက်ဥ္းသား (၅၅) ဦးကို သမၼတအမိန္႔ျဖင့္ လြတ္ၿငိမ္းခြင့္ျပဳ

တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္ခဲ့သည့္အက်ဥ္းသား (၅၅) ဦးကို သမၼတအမိန္႔ျဖင့္ လြတ္ၿငိမ္းခြင့္ျပဳ

Share this post

တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္ခဲ့သည့္အက်ဥ္းသား (၅၅) ဦးကို သမၼတအမိန္႔ျဖင့္ လြတ္ၿငိမ္းခြင့္ျပဳ
………………………………………………
 
ရန္ကုန္၊ စက္တင္ဘာ-၅
 
အက်ဥ္းေထာင္အသီးသီးတြင္ အက်ဉ္းက်ခံေနရေသာ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ ႏွင့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တို႔တြင္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္ခဲ့သူ အက်ဉ္းသား ေက်ာင္းသား၊ ေက်ာင္းသူမ်ား အနက္ (၅၅) ဦး ယေန႔နံနက္ပိုင္းတြင္ ျပန္လည္လြတ္ေျမာက္ခဲ့ေၾကာင္း ႏိုင္ငံေတာ္ သမၼတ႐ုံးထုတ္ျပန္ခ်က္မွ သိရသည္။
 
၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ ႏွင့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တို႔တြင္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္ခဲ့သူ အက်ဉ္းသား ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား တကၠသိုလ္ဝင္ စာေမးပြဲေအာင္ျမင္မႈအား ခ်ီးျမႇင့္ေသာအားျဖင့္လည္းေကာင္း၊ လူမႈေရးအရ ငဲ့ညႇာေသာအားျဖင့္လည္းေကာင္း၊ ႏိုင္ငံေတာ္၏ ေစတနာကို နားလည္ၾကၿပီး ျပင္ပတြင္ တကၠသိုလ္ပညာမ်ား ဆက္လက္သင္ၾကားႏိုင္ေရး ေရွးရႈေသာ အားျဖင့္လည္းေကာင္း ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ (၁) အရ ႏိုင္ငံေတာ္သမၼတက ျပစ္ဒဏ္မွ လြတ္ၿငိမ္းသက္သာခြင့္ျပဳခဲ့ရာ (၅၅) ဦး ျပန္လည္ လြတ္ေျမာက္ခဲ့ၿပီး (၃၈) ဦး ေလွ်ာ့ရက္မ်ား ခံစားရမည္ျဖစ္သည္။
 
လြတ္ၿငိမ္းခ်မ္းသာခြင့္ ျပဳခဲ့ျခင္းေၾကာင့္ ျပန္လည္လြတ္ေျမာက္သူ (၅၅) ဦးတြင္ ျပစ္ဒဏ္က်ခံရန္ က်န္ကာလ ၁ ႏွစ္ဝန္းက်င္ရွိသူ (၁၃) ဦး၊ ဂုဏ္ထူး ၂ ဘာသာႏွင့္အထက္ ရရွိသူ (၂၉) ဦး၊ ၁ ဘာသာဂုဏ္ထူးရရွိသူႏွင့္ ႐ိုး႐ိုးေအာင္ (၁၃) ဦး ပါဝင္ၿပီး ေလွ်ာ့ရက္မ်ား ရရွိခံစားရသူ (၃၈) ဦးတြင္ ဂုဏ္ထူး ၂ ဘာသာႏွင့္အထက္ရရွိသူ ၂ ဦး၊ ၁ ဘာသာဂုဏ္ထူးရရွိသူ ႏွင့္ ႐ိုး႐ိုးေအာင္ ၃၆ ဦး ပါဝင္ေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ုံးထုတ္ျပန္ထားသည္။
 
#PeopleMedia #သမၼတ႐ုံး
 
(unicode)
တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့်အကျဉ်းသား (၅၅) ဦးကို သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းခွင့်ပြု
………………………………………………
 
ရန်ကုန်၊ စက်တင်ဘာ-၅
 
အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော ၂၀၁၈-၂၀၁၉ ပညာသင်နှစ် နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများ အနက် (၅၅) ဦး ယနေ့နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးထုတ်ပြန်ချက်မှ သိရသည်။
 
၂၀၁၈-၂၀၁၉ ပညာသင်နှစ် နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်မှုအား ချီးမြှင့်သောအားဖြင့်လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ စေတနာကို နားလည်ကြပြီး ပြင်ပတွင် တက္ကသိုလ်ပညာများ ဆက်လက်သင်ကြားနိုင်ရေး ရှေးရှုသော အားဖြင့်လည်းကောင်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာ (၅၅) ဦး ပြန်လည် လွတ်မြောက်ခဲ့ပြီး (၃၈) ဦး လျှော့ရက်များ ခံစားရမည်ဖြစ်သည်။
 
လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ခြင်းကြောင့် ပြန်လည်လွတ်မြောက်သူ (၅၅) ဦးတွင် ပြစ်ဒဏ်ကျခံရန် ကျန်ကာလ ၁ နှစ်ဝန်းကျင်ရှိသူ (၁၃) ဦး၊ ဂုဏ်ထူး ၂ ဘာသာနှင့်အထက် ရရှိသူ (၂၉) ဦး၊ ၁ ဘာသာဂုဏ်ထူးရရှိသူနှင့် ရိုးရိုးအောင် (၁၃) ဦး ပါဝင်ပြီး လျှော့ရက်များ ရရှိခံစားရသူ (၃၈) ဦးတွင် ဂုဏ်ထူး ၂ ဘာသာနှင့်အထက်ရရှိသူ ၂ ဦး၊ ၁ ဘာသာဂုဏ်ထူးရရှိသူ နှင့် ရိုးရိုးအောင် ၃၆ ဦး ပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံးထုတ်ပြန်ထားသည်။
 
#PeopleMedia #သမ္မတရုံး

Share this post