• Follow Us on

Home တကၠသိုလ္ဝင္တန္း စာေျဖလႊာမ်ား စစ္ေဆးရန္ ကခ်င္ျပည္နယ္အတြင္းက အထက္တန္းျပ ဆရာ/မ ၅၀၀ေက်ာ္ လ်ာထား

တကၠသိုလ္ဝင္တန္း စာေျဖလႊာမ်ား စစ္ေဆးရန္ ကခ်င္ျပည္နယ္အတြင္းက အထက္တန္းျပ ဆရာ/မ ၅၀၀ေက်ာ္ လ်ာထား

Share this post

ျမစ္ႀကီးနား၊ ဇြန္ ၂

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္၏ တကၠသိုလ္ဝင္တန္း စာေျဖလႊာမ်ား စစ္ေဆးရန္အတြက္ ကခ်င္ျပည္နယ္ အတြင္းက အထက္တန္းျပ ဆရာ/မ ၅၀၀ ေက်ာ္ လ်ာထားေၾကာင္း ျပည္နယ္ပညာေရး႐ုံးမွ သိရသည္။

အဆိုပါ စာစစ္မည့္ ဆရာ၊ ဆရာမမ်ားအား ျမစ္ႀကီးနား တကၠသိုလ္ (ခါကာဘိုရာဇီေဆာင္၊ ဆြမ္ပရာဘြမ္ေဆာင္)ႏွင့္ စီတာပူရပ္ကြက္ရွိ အထက္တန္းေက်ာင္မ်ားတြင္ တည္းခိုရန္ စီစဥ္ထားေၾကာင္း ျပည္နယ္ပညာေရး႐ုံးမွ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးရဲေအာင္က ေျပာသည္။

“ၿမိဳ႕နယ္ ၁၈ၿမိဳ႕နယ္က အထက္တန္းျပ ဆရာ/ဆရာမ ၅၇၈ ဦးကို စာစစ္ဖို႔ လ်ာထားပါတယ္။ ပုံမွန္ဆိုရင္ လုပ္သက္ ႏွစ္ႏွစ္ျပည့္တဲ့ ဆရာ/မေတြကိုသာ ေခၚေပမယ့္ ဒီႏွစ္ စာစစ္ဖို႔ ေ႐ြးခ်ယ္တဲ့ေနရာမွာ COVID -19 ျဖစ္ေတာ့ ဘာသာရပ္အလိုက္ စာစစ္တာ အခက္အခဲ မရွိေအာင္ လုပ္သက္ တစ္ႏွစ္ရွိတဲ့ အထက္တန္းျပ ေတြကိုလည္း ၫႊန္ၾကားၿပီး စာရင္းျပဳစုပါတယ္” ဟု ဦးရဲေအာင္က ဆိုသည္။

ယင္း စာစစ္ဆရာ/မမ်ား အေနျဖင့္ ဇြန္လ ၅ရက္ေန႕မွ ၁၂ရက္ေန႕အထိ အေျဖလႊာမ်ား စစ္ေဆးရမည္ ျဖစ္၍ ဇြန္လ ၃ရက္ေန႕တြင္ တည္းခိုရာ ေနရာမ်ားသို႔ အေရာက္လာရမည္ျဖစ္ေၾကာင္းႏွင့္ ဆရာ၊ ဆရာမေတြ အတြက္ က်န္းမာေရးႏွင့္ပတ္သက္၍ လူစုလူေဝး မျဖစ္ရေလေအာင္ အထက္က ၫႊန္ၾကားခ်က္အတိုင္း စီမံေဆာင္႐ြက္ေၾကာင္းကိုပါ ၎က ထည့္သြင္း ေျပာၾကားခဲ့သည္။

ထို႔ျပင္ တကၠသိုလ္ဝင္တန္း စာစစ္ ဆရာ/ဆရာမမ်ားအား ျမန္မာနိုင္ငံ စာစစ္ဦးစီးဌာနကေန စားေသာက္စရိတ္ အေနျဖင့္ တစ္ဦးလွ်င္ တစ္ရက္ငါးေထာင္က်ပ္ႏႈန္း ေထာက္ပံ့ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။။

ယခုႏွစ္ ၂၀၁၉-၂၀၂၀ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ကခ်င္ျပည္နယ္မွ ေက်ာင္းသူ/သား (၃၈၀၈၃) ဝင္ေရာက္ေျဖဆို ခဲ့ေၾကာင္း သိရၿပီး ကခ်င္ျပည္နယ္တြင္ ၿပီးခဲ့သည့္ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္က တကၠသိုလ္ဝင္တန္း ေျဖဆိုသူ (၃၅၉၄၆)ဦး ရွိခဲ့ၿပီး ေအာင္ျမင္သူ(၁၀၅၂၅)ဦး အထိ ရွိခဲ့ေၾကာင္း ကခ်င္ျပည္နယ္ ပညာေရးမႉး႐ုံးမွ သိရသည္။

မိုးေလး

#PeopleMedia

[Unicode]
တက္ကသိုလ်ဝင်တန်း စာဖြေလွှာများ စစ်ဆေးရန် ကချင်ပြည်နယ်အတွင်းက အထက်တန်းပြ ဆရာ/မ ၅၀၀ကျော် လျာထား
……………………………………………………………………………..

မြစ်ကြီးနား၊ ဇွန် ၂

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာဖြေလွှာများ စစ်ဆေးရန်အတွက် ကချင်ပြည်နယ် အတွင်းက အထက်တန်းပြ ဆရာ/မ ၅၀၀ ကျော် လျာထားကြောင်း ပြည်နယ်ပညာရေးရုံးမှ သိရသည်။

အဆိုပါ စာစစ်မည့် ဆရာ၊ ဆရာမများအား မြစ်ကြီးနား တက္ကသိုလ် (ခါကာဘိုရာဇီဆောင်၊ ဆွမ်ပရာဘွမ်ဆောင်)နှင့် စီတာပူရပ်ကွက်ရှိ အထက်တန်းကျောင်များတွင် တည်းခိုရန် စီစဉ်ထားကြောင်း ပြည်နယ်ပညာရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲအောင်က ပြောသည်။

“မြို့နယ် ၁၈မြို့နယ်က အထက်တန်းပြ ဆရာ/ဆရာမ ၅၇၈ ဦးကို စာစစ်ဖို့ လျာထားပါတယ်။ ပုံမှန်ဆိုရင် လုပ်သက် နှစ်နှစ်ပြည့်တဲ့ ဆရာ/မတွေကိုသာ ခေါ်ပေမယ့် ဒီနှစ် စာစစ်ဖို့ ရွေးချယ်တဲ့နေရာမှာ COVID -19 ဖြစ်တော့ ဘာသာရပ်အလိုက် စာစစ်တာ အခက်အခဲ မရှိအောင် လုပ်သက် တစ်နှစ်ရှိတဲ့ အထက်တန်းပြ တွေကိုလည်း ညွှန်ကြားပြီး စာရင်းပြုစုပါတယ်” ဟု ဦးရဲအောင်က ဆိုသည်။

ယင်း စာစစ်ဆရာ/မများ အနေဖြင့် ဇွန်လ ၅ရက်နေ့မှ ၁၂ရက်နေ့အထိ အဖြေလွှာများ စစ်ဆေးရမည် ဖြစ်၍ ဇွန်လ ၃ရက်နေ့တွင် တည်းခိုရာ နေရာများသို့ အရောက်လာရမည်ဖြစ်ကြောင်းနှင့် ဆရာ၊ ဆရာမတွေ အတွက် ကျန်းမာရေးနှင့်ပတ်သက်၍ လူစုလူဝေး မဖြစ်ရလေအောင် အထက်က ညွှန်ကြားချက်အတိုင်း စီမံဆောင်ရွက်ကြောင်းကိုပါ ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် တက္ကသိုလ်ဝင်တန်း စာစစ် ဆရာ/ဆရာမများအား မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကနေ စားသောက်စရိတ် အနေဖြင့် တစ်ဦးလျှင် တစ်ရက်ငါးထောင်ကျပ်နှုန်း ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။။

ယခုနှစ် ၂၀၁၉-၂၀၂၀ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင်ပြည်နယ်မှ ကျောင်းသူ/သား (၃၈၀၈၃) ဝင်ရောက်ဖြေဆို ခဲ့ကြောင်း သိရပြီး ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ (၃၅၉၄၆)ဦး ရှိခဲ့ပြီး အောင်မြင်သူ(၁၀၅၂၅)ဦး အထိ ရှိခဲ့ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

မိုးလေး

#PeopleMedia


Share this post