• Follow Us on

Home တက္ကသိုလ်ဝင်တန်းမတိုင်မီ အသက် ၁၆ မှ ၁၈ နှစ်ကြားများကို အစ္စရေး ကာကွယ်ဆေးထိုးပေး

တက္ကသိုလ်ဝင်တန်းမတိုင်မီ အသက် ၁၆ မှ ၁၈ နှစ်ကြားများကို အစ္စရေး ကာကွယ်ဆေးထိုးပေး

Share this post

တယ်အဗီ၊ ဇန်နဝါရီ ၂၅

စာမေးပွဲဖြေနိုင်စေရန်ကြိုးပမ်းမှုအနေနှင့် အစ္စရေးမှ အသက် ၁၆ နှင့် ၁၈ ကြားလူငယ်များကို ကိုရိုနာဗိုင်း ရပ်စ်ကာကွယ်ဆေးများစတင်ထိုးပေးနေသည်။

အစ္စရေးနိုင်ငံလူဦးရေ ၉ သန်း၏တဝက်ကျော်တွင် ဒီဇင်ဘာ ၁၉ ရက်မှစတင်ကာ အနည်းဆုံး ဖိုင်ဇာကိုရိုနာဗိုင်း ရပ်စ်ကာကွယ်ဆေးတကြိမ်ထိုးထားနိုင်သည်ဟု အစ္စရေးကျန်းမာရေးဝန်ကြီးဌာနကပြောသည်။

သက်ကြီးရွယ်အိုများနှင့်ကူးစက်နိုင်ချေများသူများကို စတင်ထိုးပေးခဲ့သော်လည်း ယခုအခါ အသက် ၄၀ နှင့် အထက်များလည်း ကာကွယ်ဆေးထိုးပေးနိုင်မည်ဖြစ်သည်။

ဖေဖော်ဝါရီတွင် စီးပွားရေးလုပ်ငန်းများကိုပြန်ဖွင့်လှစ်ရန် အစ္စရေးနိုင်ငံက မျှော်မှန်းနေသည်။

မိဘများ၏ခွင့်ပြုချက်ဖြင့် အသက် ၁၆ မှ ၁၈ နှစ်အတွင်း လူငယ်များကိုကာကွယ်ဆေးထိုးပေးရန်အစီ အစဉ်သည် ကျောင်းပြန်တက်နိုင်ရန်နှင့် စာမေးပွဲများအစီအစဉ်တကျပြုလုပ်နိုင်ရန်ဖြစ်သည်ဟု ပညာရေး ဝန်ကြီးဌာနပြောခွင့်ရသူအမျိုးသမီးကပြောသည်။

အထက်တန်းကျောင်းအပြီးတွင် အစ္စရေးကျောင်းသားများဖြေဆိုရသည့်တက္ကသိုလ်ဝင်တမ်းစာမေးပွဲသည် တက္ကသိုလ်တွင် မည်သည့်နေရာသို့သွားရမည်ဟုဆုံးဖြတ်ရာတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေသည်။

ရလဒ်အရ အစ္စရေးလူငယ်များမဖြစ်မနေစစ်မှုထမ်းရသည့်စစ်တပ်တွင်လည်း အဆင့်ခွဲရာတွင်သက်ရောက်မှု ရှိသည်။

ဖေဖော်ဝါရီတွင် ကျောင်းများပြန်ဖွင့်၊ မဖွင့်ပြောရန်စောသေးသည်ဟု အစ္စရေးပညာရေးဝန်ကြီးဌာနကပြော သည်။

ဒီဇင်ဘာ ၁၉ ရက်တွင် အစ္စရေး၌ ကာကွယ်ဆေးထိုးသည့်အစီအစဉ်စတင်ခဲ့ပြီး ထိုအစီအစဉ်သည် ကမ္ဘာ့ အမြန်ဆုံးဖြစ်ကာ ၂၀၂၀ နှစ်ကုန်တွင် လူဦးရေ ၁၀ ရာခိုင်နှုန်းကို ထိုးပေးနိုင်ခဲ့သည်။

အစ္စရေးတွင် ကူးစက်အတည်ပြုလူနာ ၅၉၆၀၀၀ ယောက်ရှိပြီး သေဆုံးသူ ၄၃၉၂ ယောက်ရှိသည်။

Ref : Covid: Israel vaccinates 16 to 18-year-olds ahead of exams

#PeopleMedia

(unicode)
………………………………………………………..












Ref : Covid: Israel vaccinates 16 to 18-year-olds ahead of exams

#PeopleMedia


Share this post