• Follow Us on
Latest News

Home တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများကို ပျက်ရယ်ပြုခြင်း၊ ပုတ်ခတ်ရေးသားခြင်းများကို ကျူးလွန်ခဲ့ သည့် Facebook ဆယ်လီ ချိုမာကို ခံဝန်ဖြင့် ပြန်လွှတ်ပေး

တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများကို ပျက်ရယ်ပြုခြင်း၊ ပုတ်ခတ်ရေးသားခြင်းများကို ကျူးလွန်ခဲ့ သည့် Facebook ဆယ်လီ ချိုမာကို ခံဝန်ဖြင့် ပြန်လွှတ်ပေး

Share this post

ရန်ကုန်၊ ဇွန် ၂၄

 

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ မြသီတာကွန်ဒို၌ နေထိုင်သည့် Facebook ဆယ်လီ ချိုမာသည် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများကို ပျက်ရယ်ပြုခြင်း၊ ပုတ်ခတ်ရေးသားခြင်းများကြောင့် လုံ ခြုံရေးအဖွဲ့များက ၎င်းကို ဇွန်လ ၁၇ ရက်၌ ဖမ်းဆီးခဲ့ပြီး ဇွန်လ ၂၃ ရက်နေ့၌ ခံဝန်ဖြင့် ပြန်လွှတ်ပေးလိုက် ကြောင်း သိရသည်။

 

ချိုမာသည် ဇွန်လ ၂၃ ရက်နေ့က အချုပ်မှ ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက် ကျောင်းသား/သူများ၊ ဆရာ/ဆရာမများကို တောင်ပန်ကြောင်း ရေးသားမှုပြုခဲ့သည်။

 

လက်ရှိအချိန်၌ လုံခြုံရေးအဖွဲ့များသည် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/သူများအပေါ် ပျက်ရယ်ပြုခြင်း၊ ခြိမ်းခြောက်ခြင်းစသည်ဖြင့် ဆောင်ရွက်နေသူများကို လိုက်လံဖမ်းဆီး အရေးယူလျက်ရှိသည်။

 

#PeopleMedia #ပညာရေး

 

(unicode)


……………………………

 


 


 


 


 



Share this post