• Follow Us on

Home တကၠသုိလ္ဝင္ စာေမးပြဲမေအာင္ျမင္တဲ့သူမ်ားအတြက္ အထူးစိတ္မေ ကာင္းျဖစ္ရေၾကာင္း ပညာေရးဝန္ႀကီးဆုိ

တကၠသုိလ္ဝင္ စာေမးပြဲမေအာင္ျမင္တဲ့သူမ်ားအတြက္ အထူးစိတ္မေ ကာင္းျဖစ္ရေၾကာင္း ပညာေရးဝန္ႀကီးဆုိ

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၁၀

တကၠသိုလ္၀င္တန္းစာေမးပြဲ ေျဖဆုိခဲ့ၾကသူမ်ားအနက္ ၆ သိန္းေက်ာ္ မေအာင္ျမင္မႈေၾကာင့္ စာေမးပြဲမေအာင္သူ မ်ားအတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးကေျပာၾကားလိုက္သည္။

မေကြးတိုင္းေဒသႀကီး ပညာေရးမွဴး႐ုံး၌ ၾသဂုတ္လ ၉ ရက္ေန႔တြင္ က်င္းပသည့္ ခ႐ိုင္ပညာေရးမွဴးမ်ား၊ ေက်ာင္း အုပ္ႀကီးမ်ားႏွင့္ေတြ႕ဆုံပြဲတြင္ ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးကေျပာ ၾကားခဲ့သည္။

“တကၠသိုလ္၀င္စာေမးပြဲ ေအာင္ျမင္ၾကတဲ့ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ ၀မ္းေျမာက္ဂုဏ္ယူပါတယ္။ မေအာင္ျမင္တဲ့သူမ်ားအတြက္လည္းအထူးပဲစိတ္မေကာင္းျဖစ္ရပါတယ္။ အေကာင္းဆုံးျပန္လည္ၾကဳိးစား ေလွ်ာက္လွမ္းႏိုင္ေရးကိုအထူးပဲအားေပးပါတယ္။ ယခုႏွစ္မွာ သက္မွတ္ခ်က္နဲ႔ကိုက္ညီသူမ်ားကို အေျခခံပညာ အထက္တန္းအဆင့္သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္မ်ားထုတ္ေပးမွာျဖစ္ၿပီးေတာ့ ဒီလက္မွတ္မ်ားနဲ႔ သတ္မွတ္ထားတဲ့ နည္းပညာနဲ႔အသက္ေမြးသင္တန္းမ်ားမွာ ဆည္းပူးသင္ယူႏိုင္ဖို႔နဲ႔အခြင့္အလမ္းရရွိႏိုင္ဖို႔ ၾကဳိးပမ္းေဆာင္ရြက္ေပးၾကရမွာျဖစ္ပါတယ္’’ဟု ၎ကေျပာသည္။

၂၀၂ဝ ျပည့္ႏွစ္တကၠသိုလ္၀င္စာေမးပြဲကို ၀င္ေရာက္ေျဖဆိုသူ လူဦးေရ ၉၁၀၂၂၉ ဦးရွိခဲ့ၿပီး ေအာင္ျမင္သူ ၂၉၁၇၉၈ ဦးရွိခဲ့ကာ ေအာင္ခ်က္ ၃၂.၀၆ ရာခိုင္နႈန္းရွိေၾကာင္းသိရသည္။

“စာေမးပြဲစနစ္ကိုက မွားယြင္းတဲ့လမ္းေၾကာင္းပဲ။ ဆိုလိုတာက က်တဲ့လူအတြက္ကိုသူက ပယ္ပစ္လိုက္သလို ျဖစ္သြားတာေလ။ အဲဒါေၾကာင့္ ပညာေရးက အစဥ္သျဖင့္ပါးစပ္ကေျပာတဲ့လူတိုင္းသင္ယူႏိုင္ေရး တတ္ေျမာက္ ႏိုင္ေရးဆိုတာ ပါးစပ္ကေျပာသလိုပဲျဖစ္ေနတာေလ။ အတန္းႀကီးလာတာနဲ႔အမွ် အဲဒီ တကၠသိုလ္၀င္တန္းမွာ ပိုင္းျဖတ္လိုက္တဲ့ စနစ္ႀကီးကိုကမွားေနတာေလ။ အဲဒါက ဘာလဲဆိုလို႔ရွိရင္ ဒဏ္ေပးလိုက္သလိုပဲ။ ကိုယ့္ ကိုယ္ကိုယ္သတ္ေသတာမ်ိဳးေတြျဖစ္လာတယ္။ ပညာဆိုမလိုခ်င္ေတာ့ဘူး။ စာဆိုမျမင္ခ်င္ေတာ့ဘူး။ ငါပညာ မတတ္လည္းျဖစ္တယ္ဆိုတဲ့အစြန္းေရာက္ အေတြးအေခၚမ်ိဳးေတြျဖစ္လာတာက အဲဒီတကၠသိုလ္၀င္တန္းစာ ေမးပြဲစနစ္ႀကီးေၾကာင့္ျဖစ္ေနတာေလ။ အမွန္က လူတစ္ဦးခ်င္းရဲ႔အရည္အေသြးအရည္အခ်င္းရွိတယ္။ သူတို႔လိုခ်င္တဲ့ ဝါသနာနဲ႔ျဖစ္ခ်င္တာကိုေဖာ္ထုတ္ေပးရမွာေလ။ အခုေတာ့ဘ၀ကိုသတ္ပစ္လိုက္တာ’’ဟု တကၠသိုလ္ဆရာမ်ား သမဂၢမွ အမႈေဆာင္ ဆရာသန္းထိုက္ေအာင္က သုံးသပ္ေျပာသည္။

#PeopleMedia #ပညာေရး

(unicode)
တက္ကသိုလ်ဝင် စာမေးပွဲမအောင်မြင်တဲ့သူများအတွက် အထူးစိတ်မ ေကာင်းဖြစ်ရကြောင်း ပညာရေးဝန်ကြီးဆို
……………………………………………………

ရန်ကုန်၊ ဩဂုတ် – ၁၀

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခဲ့ကြသူများအနက် ၆ သိန်းကျော် မအောင်မြင်မှုကြောင့် စာမေးပွဲမအောင်သူ များအတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောကြားလိုက်သည်။

မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၌ ဩဂုတ်လ ၉ ရက်နေ့တွင် ကျင်းပသည့် ခရိုင်ပညာရေးမှူးများ၊ ကျောင်း အုပ်ကြီးများနှင့်တွေ့ဆုံပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြော ကြားခဲ့သည်။

“တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြတဲ့ကျောင်းသားကျောင်းသူများအတွက် ဝမ်းမြောက်ဂုဏ်ယူပါတယ်။ မအောင်မြင်တဲ့သူများအတွက်လည်းအထူးပဲစိတ်မကောင်းဖြစ်ရပါတယ်။ အကောင်းဆုံးပြန်လည်ကြိုးစား လျှောက်လှမ်းနိုင်ရေးကိုအထူးပဲအားပေးပါတယ်။ ယခုနှစ်မှာ သက်မှတ်ချက်နဲ့ကိုက်ညီသူများကို အခြေခံပညာ အထက်တန်းအဆင့်သင်ယူပြီးမြောက်ကြောင်း လက်မှတ်များထုတ်ပေးမှာဖြစ်ပြီးတော့ ဒီလက်မှတ်များနဲ့ သတ်မှတ်ထားတဲ့ နည်းပညာနဲ့အသက်မွေးသင်တန်းများမှာ ဆည်းပူးသင်ယူနိုင်ဖို့နဲ့အခွင့်အလမ်းရရှိနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။

၂၀၂ဝ ပြည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ လူဦးရေ ၉၁၀၂၂၉ ဦးရှိခဲ့ပြီး အောင်မြင်သူ ၂၉၁၇၉၈ ဦးရှိခဲ့ကာ အောင်ချက် ၃၂.၀၆ ရာခိုင်နှုန်းရှိကြောင်းသိရသည်။

“စာမေးပွဲစနစ်ကိုက မှားယွင်းတဲ့လမ်းကြောင်းပဲ။ ဆိုလိုတာက ကျတဲ့လူအတွက်ကိုသူက ပယ်ပစ်လိုက်သလို ဖြစ်သွားတာလေ။ အဲဒါကြောင့် ပညာရေးက အစဉ်သဖြင့်ပါးစပ်ကပြောတဲ့လူတိုင်းသင်ယူနိုင်ရေး တတ်မြောက် နိုင်ရေးဆိုတာ ပါးစပ်ကပြောသလိုပဲဖြစ်နေတာလေ။ အတန်းကြီးလာတာနဲ့အမျှ အဲဒီ တက္ကသိုလ်ဝင်တန်းမှာ ပိုင်းဖြတ်လိုက်တဲ့ စနစ်ကြီးကိုကမှားနေတာလေ။ အဲဒါက ဘာလဲဆိုလို့ရှိရင် ဒဏ်ပေးလိုက်သလိုပဲ။ ကိုယ့် ကိုယ်ကိုယ်သတ်သေတာမျိုးတွေဖြစ်လာတယ်။ ပညာဆိုမလိုချင်တော့ဘူး။ စာဆိုမမြင်ချင်တော့ဘူး။ ငါပညာ မတတ်လည်းဖြစ်တယ်ဆိုတဲ့အစွန်းရောက် အတွေးအခေါ်မျိုးတွေဖြစ်လာတာက အဲဒီတက္ကသိုလ်ဝင်တန်းစာ မေးပွဲစနစ်ကြီးကြောင့်ဖြစ်နေတာလေ။ အမှန်က လူတစ်ဦးချင်းရဲ့အရည်အသွေးအရည်အချင်းရှိတယ်။ သူတို့လိုချင်တဲ့ ဝါသနာနဲ့ဖြစ်ချင်တာကိုဖော်ထုတ်ပေးရမှာလေ။ အခုတော့ဘဝကိုသတ်ပစ်လိုက်တာ’’ဟု တက္ကသိုလ်ဆရာများ သမဂ္ဂမှ အမှုဆောင် ဆရာသန်းထိုက်အောင်က သုံးသပ်ပြောသည်။

#PeopleMedia #ပညာရေး


Share this post