• Follow Us on

Home တစညပါတီအပါအဝင် နိုင်ငံရေးပါတီ (၃) ပါတီမှ နိုင်ငံရေးပါတီဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် UEC ထံလျှောက်ထား

တစညပါတီအပါအဝင် နိုင်ငံရေးပါတီ (၃) ပါတီမှ နိုင်ငံရေးပါတီဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် UEC ထံလျှောက်ထား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

 

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ (၃) ပါတီမှ နိုင်ငံရေးပါတီဆက်လက် တည် ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်အား ယမန်နေ့က လာရောက်လျှောက်ထားခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများ ထုတ်ပြန်ပြီးသည့်နောက် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုသော ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ သည်လည်းကောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ရခိုင့်ဦးဆောင်ပါတီ [Arakan Front Party (AFP)] တို့သည်လည်းကောင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီ အဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဖေဖော်ဝါ ရီ ၂၇ ရက်နေ့တွင် လာရောက်လျှောက်ထားခဲ့ကြောင်း သိရသည်။

 

ယမန်နေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၄ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၉ ပါတီဖြစ်၍ စုစုပေါင်း ၁၃ ပါတီ ဖြစ်ပါသည်။

 

ယင်း ၁၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၅ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၈ ပါတီဖြစ်ပြီး အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post