• Follow Us on

Home တစညပါတီ လာမည့္ေရြးေကာက္ပြဲ၌ (၆၀)ရာခိုင္ႏႈန္းေက်ာ္အႏုိင္ရရွိေရး ႀကိဳးစားေနဟုဆို

တစညပါတီ လာမည့္ေရြးေကာက္ပြဲ၌ (၆၀)ရာခိုင္ႏႈန္းေက်ာ္အႏုိင္ရရွိေရး ႀကိဳးစားေနဟုဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၃
 
တိုင္းရင္းသားစည္းလုံးညီညႊတ္ေရးပါတီအေနျဖင့္ လာမည့္ေရြးေကာက္ပြဲ၌ ၀င္ေရာက္ယွဥ္ၿပိဳင္သည့္ ကိုယ္စား လွယ္ေလာင္းမ်ားအနက္ (၆၀)ရာခိုင္ႏူန္းေက်ာ္ အနိုင္ရရွိေရး ႀကိဳးပမ္းေနေၾကာင္း ပါတီဒုတိယဥကၠ႒ ဦးဟန္ ေရႊက ေျပာသည္။
 
“၂၀၁၅ တုန္းက လႊတ္ေတာ္မွာ ေျခာက္ဆယ္ရာခိုင္ႏႈန္းေက်ာ္ ခုႏွစ္ဆယ္ရာခိုင္ႏူန္းေလာက္ နိုင္တယ္၊ အခု လည္း အဲ့တိုင္းျဖစ္ေအာင္ ႀကိဳးပမ္းမွာပါ” ၎က ေျပာသည္။
 
တိုင္းရင္းသားစည္းလုံးညီညႊတ္ေရးပါတီအေနျဖင့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ ေလာင္း(၃၈၄)ဦး ၀င္ေရာက္ ယွဥ္ၿပိဳင္ရာတြင္ စစ္ကိုင္းတိုင္းတြင္ အမ်ားဆုံး၀င္ေရာက္ယွဥ္ထားသည္။
 
သို႔ေသာ္ COVID-19 ေၾကာင့္ နိုင္ငံေရးပါတီမ်ားအေနျဖင့္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးေတာ္ေတာ္မ်ားမ်ားတြင္ ေျမျပင္မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းမ်ား ရပ္ဆိုင္းထားျခင္း၊ ပါတီ႐ုံးမ်ား ပိတ္ထားျခင္းမ်ား ျပဳလုပ္ထားရသည့္ အေျခအေနမ်ားေၾကာင့္ ေရြးေကာက္ပြဲ ပိုမိုနီးကပ္လာေသာ္လည္း မဲဆြယ္စည္း႐ုံးေရးလုပ္ကိုင္ရန္ အခြင့္မသာ ျဖစ္ေနေၾကာင္း တစညက ဆိုသည္။
 
ပါတီမ်ား မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာမွာ အခြင့္မသာျဖစ္ေနသလို COVID-19 ေရာဂါေၾကာင့္ ျပည္သူမ်ား စိုးရိမ္ေနရသည့္ အေျခအေနျဖစ္၍ ဆႏၵမဲေပးမႈေလ်ာ့က်နိုင္သြားေၾကာင္း ၎က သုံးသပ္ေျပာ ဆိုသည္။
 
Photo – သက္ေနာင္(မင္းလွ)
 
#PeopleMedia #တစည #2020election
 
(Unicode)
တစညပါတီ လာမည့်ရွေးကောက်ပွဲ၌ (၆၀)ရာခိုင်နှုန်းကျော်အနိုင်ရရှိရေး ကြိုးစားနေဟုဆို
……………………………………………
 
ရန်ကုန်၊ အောက်တိုဘာ – ၃
 
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စား လှယ်လောင်းများအနက် (၆၀)ရာခိုင်နူန်းကျော် အနိုင်ရရှိရေး ကြိုးပမ်းနေကြောင်း ပါတီဒုတိယဥက္ကဋ္ဌ ဦးဟန် ရွှေက ပြောသည်။
 
“၂၀၁၅ တုန်းက လွှတ်တော်မှာ ခြောက်ဆယ်ရာခိုင်နှုန်းကျော် ခုနှစ်ဆယ်ရာခိုင်နူန်းလောက် နိုင်တယ်၊ အခု လည်း အဲ့တိုင်းဖြစ်အောင် ကြိုးပမ်းမှာပါ” ၎င်းက ပြောသည်။
 
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ် လောင်း(၃၈၄)ဦး ဝင်ရောက် ယှဉ်ပြိုင်ရာတွင် စစ်ကိုင်းတိုင်းတွင် အများဆုံးဝင်ရောက်ယှဉ်ထားသည်။
 
သို့သော် COVID-19 ကြောင့် နိုင်ငံရေးပါတီများအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးတော်တော်များများတွင် မြေပြင်မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ရပ်ဆိုင်းထားခြင်း၊ ပါတီရုံးများ ပိတ်ထားခြင်းများ ပြုလုပ်ထားရသည့် အခြေအနေများကြောင့် ရွေးကောက်ပွဲ ပိုမိုနီးကပ်လာသော်လည်း မဲဆွယ်စည်းရုံးရေးလုပ်ကိုင်ရန် အခွင့်မသာ ဖြစ်နေကြောင်း တစညက ဆိုသည်။
 
ပါတီများ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အခွင့်မသာဖြစ်နေသလို COVID-19 ရောဂါကြောင့် ပြည်သူများ စိုးရိမ်နေရသည့် အခြေအနေဖြစ်၍ ဆန္ဒမဲပေးမှုလျော့ကျနိုင်သွားကြောင်း ၎င်းက သုံးသပ်ပြော ဆိုသည်။
 
Photo – သက်နောင်(မင်းလှ)
 
#PeopleMedia #တစည #2020election

Share this post