• Follow Us on

Home တစ္ကမာၻလုံးတြင္ COVID-19 အျမန္ဆုံးကူးစက္မႈအရွိန္ေႏွးေကြးေနေသာ္လည္း အေရွ႕ေတာင္အာ ရွႏွင့္ ‌ေျမထဲပင္လယ္အေရွ႕ပိုင္းတို႔မပါ၀င္

တစ္ကမာၻလုံးတြင္ COVID-19 အျမန္ဆုံးကူးစက္မႈအရွိန္ေႏွးေကြးေနေသာ္လည္း အေရွ႕ေတာင္အာ ရွႏွင့္ ‌ေျမထဲပင္လယ္အေရွ႕ပိုင္းတို႔မပါ၀င္

Share this post

ဂ်ီနီဗာ၊ ဩဂုတ္ ၂၆

ကမာၻတဝန္း COVID-19 ကူးစက္ေသဆုံးမႈမ်ားက်ယ္ျပန္‌့ေနေသးေသာ္လည္း အေရွ႕ေတာင္အာရွႏွင့္ ေျမထဲပင္လယ္အေရွ႕ပိုင္းတို႔မွအပ က်န္ေဒသအားလုံးတြင္ ကူးစက္၊ ေသဆုံးမႈမ်ား ေႏွး‌ေကြးေနေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (W.H.O) က အဂၤါေန႔တြင္ေျပာသည္။

တနလၤာေန႔ညတြင္ထုတ္ျပန္ေသာအပတ္စဥ္ကူးစက္မႈေနာက္ဆုံးရအခ်က္အလက္မ်ားအရ ၿပီးခဲ့သည့္ တစ္ပတ္အတြင္း ကူးစက္ခံ တစ္ဝက္ခန႔္ႏွင့္ ေသဆုံးသူ ၃၉၂၄၀ ေယာက္ထဲမွ ၆၂ ရာခိုင္ႏႈန္းသည္ အျပင္းထန္ဆုံးကူးစက္ခံေနရသည့္ အေမရိကတိုက္မွျဖစ္သည္။

ၿပီးခဲ့သည့္သီတင္းပတ္တြင္ ယခင္သီတင္းပတ္ထက္ ကူးစက္ခံရသူ ၄ ရာခိုင္ႏႈန္းက်ဆင္းၿပီး ေသဆုံးသူ ၁၂ ရာခိုင္ႏႈန္းက်ဆင္းသည္ဟု WHO ကေျပာသည္။

အဂၤါေန႔က ႐ိုက္တာ၏အခ်က္အလက္မ်ားအရ ကမာၻတဝန္းကူးစက္ခံရသူ ၂၃.၆၅ သန္းႏွင့္ ေသဆုံးသူ ၈၁၁၈၉၅ ေယာက္ရွိေနသည္။

ဒုတိယကူးစက္မႈအမ်ားဆုံးျဖစ္သည့္အေရွ႕ေတာင္အာရွတြင္ ကူးစက္မႈ ၂၈ ရာခိုင္ႏႈန္းျမင့္တက္ခဲ့ၿပီး ေသဆုံးသူ ၁၅ ရာခိုင္ႏႈန္းျမင့္တက္ခဲ့သည္ဟုလည္း WHO ကေျပာသည္။

အေရွ႕ေတာင္အာရွမွကူးစက္မႈအမ်ားစုသည္ အိႏၵိယမွျဖစ္ၿပီး နီေပါတြင္လည္း ျမန္ျမန္ဆန္ဆန္ကူးစက္ေန သည္ဟုေျပာသည္။

Ref : COVID-19 pace slows worldwide except for Southeast Asia, eastern Mediterranean WHO

#PeopleMedia

(unicode)
တစ်ကမ္ဘာလုံးတွင် COVID-19 အမြန်ဆုံးကူးစက်မှုအရှိန်နှေးကွေးနေသော်လည်း အရှေ့တောင်အာ ရှနှင့် ‌မြေထဲပင်လယ်အရှေ့ပိုင်းတို့မပါဝင်
……………………………………………………

ဂျီနီဗာ၊ ဩဂုတ် ၂၆

ကမ္ဘာတဝန်း COVID-19 ကူးစက်သေဆုံးမှုများကျယ်ပြန့်နေသေးသော်လည်း အရှေ့တောင်အာရှနှင့် မြေထဲပင်လယ်အရှေ့ပိုင်းတို့မှအပ ကျန်ဒေသအားလုံးတွင် ကူးစက်၊ သေဆုံးမှုများ နှေး‌ကွေးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O) က အင်္ဂါနေ့တွင်ပြောသည်။

တနင်္လာနေ့ညတွင်ထုတ်ပြန်သောအပတ်စဉ်ကူးစက်မှုနောက်ဆုံးရအချက်အလက်များအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း ကူးစက်ခံ တစ်ဝက်ခန့်နှင့် သေဆုံးသူ ၃၉၂၄၀ ယောက်ထဲမှ ၆၂ ရာခိုင်နှုန်းသည် အပြင်းထန်ဆုံးကူးစက်ခံနေရသည့် အမေရိကတိုက်မှဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ယခင်သီတင်းပတ်ထက် ကူးစက်ခံရသူ ၄ ရာခိုင်နှုန်းကျဆင်းပြီး သေဆုံးသူ ၁၂ ရာခိုင်နှုန်းကျဆင်းသည်ဟု WHO ကပြောသည်။

အင်္ဂါနေ့က ရိုက်တာ၏အချက်အလက်များအရ ကမ္ဘာတဝန်းကူးစက်ခံရသူ ၂၃.၆၅ သန်းနှင့် သေဆုံးသူ ၈၁၁၈၉၅ ယောက်ရှိနေသည်။

ဒုတိယကူးစက်မှုအများဆုံးဖြစ်သည့်အရှေ့တောင်အာရှတွင် ကူးစက်မှု ၂၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး သေဆုံးသူ ၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟုလည်း WHO ကပြောသည်။

အရှေ့တောင်အာရှမှကူးစက်မှုအများစုသည် အိန္ဒိယမှဖြစ်ပြီး နီပေါတွင်လည်း မြန်မြန်ဆန်ဆန်ကူးစက်နေ သည်ဟုပြောသည်။

Ref : COVID-19 pace slows worldwide except for Southeast Asia, eastern Mediterranean WHO

#PeopleMedia


Share this post