• Follow Us on

Home တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိပ်ခ်ျအိုင်ဗွီ(HIV)ပိုး ကူးစက်ခံနေရသူဦးရေနှစ်သိန်းလေးသောင်းကျော်ရှိပြီး လူနာပေါင်းတစ်သိန်းကိုးသောင်းကျော်ထိ ကုသမှုပေးနိုင်ခဲ့

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိပ်ခ်ျအိုင်ဗွီ(HIV)ပိုး ကူးစက်ခံနေရသူဦးရေနှစ်သိန်းလေးသောင်းကျော်ရှိပြီး လူနာပေါင်းတစ်သိန်းကိုးသောင်းကျော်ထိ ကုသမှုပေးနိုင်ခဲ့

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂ (People Media)

 

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်း အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရ သူဦးရေ ၂၄၁,၆၆၂ ဦးရှိသည့်အနက် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ လူနာပေါင်းတစ်သိန်း ကိုးသောင်း ကျော် (ခန့်မှန်းအိပ်ခ်ျအိုင်ဗွီ  ပိုးကူးစက်ခံရသူအားလုံး၏ ၇၈ ရာခိုင်နှုန်း)ထိ ကုသမှုပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့က ကျင်းပခဲ့သည့် ၂၀၂၁ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) အခမ်းအနားတွင် ပြောကြားခဲ့သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တုံ့ပြန်ရေးလုပ်ငန်း များအပြင် အိပ်ခ်ျအိုင်ဗွီ ကာကွယ်ကုသရေးလုပ်ငန်းများကို ပြန်လည်အရှိန်မြှင့်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ HIV/AIDS ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း National Strategic Plan for HIV/AIDS (2021-2025)နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး မြို့နယ် ၃၃၀ လုံးအတွက် အခြေခံမရှိမဖြစ်လိုအပ်သော HIV/ AIDS ကာကွယ်ရေးနှင့် ကုသရေးဝန်ဆောင်မှုလုပ်ငန်းများ (Essential packages for health services – HIV)ကို အမှန်တကယ်လို အပ်နေသော နေရာဒေသ၊ အမှန်တကယ်လိုအပ်နေသူများအတွက်လက်လှမ်းမီရရှိနိုင်အောင် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း၊ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် လူနာများကို ပြုစုကုသမှု ပေးနိုင်ရန်အတွက် ၂၀၂၁ ခုနှစ်တွင် မြို့နယ် ၂၇၃ မြို့နယ်တွင် အေအာတီဆေးကုဌာန ၃၆၂ ခုထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး အေအာတီ ဆေးကုသမှုလုပ်ငန်းများကို ပိုမိုလက်လှမ်းမီရရှိစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြောသည်။

 

ကာကွယ်ရေးနှင့် ပြုစုကုသပေးရေးလုပ်ငန်းများကို ၂၀၁၁ ခုနှစ်မှစ၍ နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေ တိုးမြှင့် ထောက်ပံ့ပေးမှုများကြောင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေ ထည့်ဝင်မှုမှာ လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ကာ အေအာတီဆေးကုသရေးလုပ်ငန်းအတွက် ဆေးနှင့် ဆေး ပစ္စည်းများ ပြတ်လပ်မှုမရှိ စေရန်အတွက် ရန်ပုံငွေများကို နှစ်စဉ်တိုးမြှင့်ခွဲဝေချထား ပေးလျက်ရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ သန်းအထိ ခွဲဝေချထားပေးခဲ့ပြီး နောင်လာမည့်နှစ်များ တွင်လည်း ပိုမိုခွဲဝေချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

အိပ်ခ်ျအိုင်ဗွီ ကာကွယ်ရေးနည်းဗျူဟာအသစ် များဖြစ်သည့် အိပ်ခ်ျအိုင်ဗွီ ကူးစက်ရန် အန္တရာယ် (Substantial risk) ရှိသည့် ဦးတည်အုပ်စုဝင်များကို Pre Exposure Prophylaxis (PrEP) ရောဂါမဖြစ်မီ ဆေးကြိုတင်တိုက် ကျွေးခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီးတွင် အမျိုးသား ချင်း ချစ်ခင်စုံမက်သူများအတွက် Demonstrat ion project အနေဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

#PeopleMedia #HIV

 

(unicode)


………………………………………………………………

 


 


 


 


 


 

#PeopleMedia #HIV


Share this post