• Follow Us on
Latest News

Home တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတားအဆီးမဲ့ ခရီးသွားလာနိုင်ရေးရှေ့ပြေးစီမံကိန်းကို ရေးဆွဲဆောင်ရွက် လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးပြောကြား

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတားအဆီးမဲ့ ခရီးသွားလာနိုင်ရေးရှေ့ပြေးစီမံကိန်းကို ရေးဆွဲဆောင်ရွက် လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးပြောကြား

Share this post

နေပြည်တော်၊ မတ် ၂၉

 

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အတားအဆီးမဲ့ခရီးသွားလာနိုင်ရေး ရှေ့ပြေးစီမံကိန်း (Myanmar Barrier Free Tourism Pilot Project) ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများတွင် ခရီးသွားဧည့် သည်များ စနစ်တကျတည်းခိုနေထိုင်‌စေရေး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ရုံးခွဲတာဝန်ခံ များနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံခဲ့ရာတွင် ပြောကြားခဲ့သည်။

 

“ဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသအချို့မှာ မသန်စွမ်း ခရီးသွားပြည်သူတွေအတွက် သွားလာ ရာမှာ အဆင်ပြေစေဖို့ ဆောင်ရွက်ထားမှုအချို့ရှိခဲ့ပြီးဖြစ်ရာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အတားအဆီးမဲ့ ခရီးသွားလာနိုင်ရေး ရှေ့ပြေးစီမံကိန်း (Myanmar Barrier Free Tourism Pilot Project) ကို ရေးဆွဲ ဆောင်ရွက်ဖို့ ပြင်ဆင်လျက်ရှိပါတယ်။ ရုံးခွဲတာဝန်ခံများအနေနဲ့ ခရီးစဉ်ဒေသအားလုံးမှာ ဒီစီမံကိန်း ဖော် ဆောင်နိုင်ဖို့အတွက် စီမံချက်တွေ ရေးဆွဲတင်ပြသွားဖို့ လိုအပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ်လျက်ရှိသော ခရီးသွားဧည့်သည်များတွင် မသန်စွမ်း ခရီးသွား ဧည့်သည်များလည်း ပါဝင်လျက်ရှိရာ အဆိုပါခရီးသွားဧည့်သည်များ အဆင်ပြေစွာ သွားလာလည်ပတ်နိုင် ရေးအတွက် လွယ်ကူချောမွေ့စွာသွားလာနိုင်သော ခရီးသွားလုပ်ငန်း(Accessible Tourism)၊ အတားအဆီးမဲ့ သွားလာနိုင်သော ခရီးသွားလုပ်ငန်း (Barrier Free Tourism) တို့ကို ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းခရီးသွားဧည့်သည်များအနေဖြင့် ခရီးစဉ်ဒေသများသို့ သွားလာလည်ပတ် သည့်အခါတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာတွင်လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီ (၁) ရက်မှ စတင်၍ နိုင်ငံသားကတ်(မှတ်ပုံတင်)များ ပြသအစစ်ဆေးခံရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများသို့ လာရောက်တည်းခိုမည့် ပြည်တွင်းခရီးသွားများကို နိုင်ငံသားကတ် (မှတ်ပုံတင်)များဖြင့် လက်ခံနိုင်ရေးအတွက် ရုံးခွဲတာဝန်ခံများအနေဖြင့် အထူးကြပ်မတ်ဆောင်ရွက်သွားကြ ရန်နှင့် ခရီးသွားဧည့်သည်များ တည်းခိုနေထိုင်သည့် စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System-GLMS) ကိုလည်း တိုင်း ဒေသကြီး/ ပြည်နယ်များအားလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးကြရေး ကြပ်မတ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

(unicode)


……………………………………….

 


 


 


 


 


 



Share this post